တိုက်တွန်းမှုများ

a-8(43)
Published in
#esteem
Words
77
Reading
1 min
Listen
Play
8y

ကနေဒါနိုင်ငံတွင် တစ်ထောင့်ကိုးရာရှစ်တွင်မွေးဖွားခဲ့သော အမေရိကန်စီးပွားရေးပညာရှင်ဖြစ်သော ဂျွန်ကဲနက်
ဖြစ်လေသည်။သူသည် ရိုးရိုးဥာဏ်အမြင်အကြောင်းကို စတင်ဆွေးနွေးတင်ပြခဲ့လေသည်။ ထိုစကားလုံးကို
ကောင်းမွန်စွာပြောချင်လို့ ဖော်ပြခဲ့တာတော့မဟုတ်ပါဘူး။ သူသည်ငါတို့နှင့်အလွမ်းသင့်သောအမှန်တရားများ
တွင်သာမွေ့ လျှော်ကြသည်ဟု အရွဲ့တိုက်ခဲ့ပါလေသည်။ မိမိကိုယ်ကျိုးစီးပွား မိမိမိသားစု မိမိအတ်တကောင်းစား
ရေးအတွက် မိမိပြုထားသည့် ကတိက၀တ်တို့နှင့်လိုက်လျှောအောင်သာ အမှန်တရားနှင့်သဘောတူညီကြ
လေသည်ဟုဆိုပါလေသည်။
ထိုအမှန်တရားသည်ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ရမှု ဒါမှမဟုတ် မိမိဘ၀အနေ
အထားကို ပျက်ယွင်းစေမည့်မလိုလားအပ်သော အရာတို့ကို ဝေးဝေးက ရှောင်ကြည်စေသည်။ မိမိရဲ့ဂုစ်ဒြပ်ကို အများ
ဆုံးမြှ့်တင်ပေးနိုင်သည့် အမှန်တရားဖြစ်နေမည်ဆိုလျှင် အင်မတန် နှစ်ခြိုက်လက်ခံနိုင်ဖွယ်ဖြစ်လေသည်ဟုဆို
ခဲ့လေသည်။ ဆက်ပြီးတော့သူကပြောလေသည်မှာ စီးပွားရေးနှင့်လူမှုရေးအပြုအမူတို့သည် အင်မတန်သိမ်မွေ
ရှုပ်ထွေးသည် ဒါတွေဟာ သဘာဝသဘောကို ပြည့်စုံအောင်ဖော်ပြခြင်းဖြစ်သည် နားလည်အောင် သိမြင်နိုင်
ရေးမှာ အလွန်စိတ်မောဖွယ်ကောင်းသည်
ဒါကြောင့် ငါတို့သည် သိနားလည်မှု အမြင်သဘောပေါက်မှုကို ဖော်
ပြနေသည့် အိုင်ဒီယာများ စိတ်ကူးစိတ်သန်း များ အကြံကောင်းများကို ဖက်တွယ်ထားရခြင်းဖြစ်လေသည်ဟု
ကောက်ချက်ချခဲ့လေသည် သူ့ရဲ့ထောက်ပြဆွေးနွေးမှုတို့သည် အတွေးများ လေးနက်စွာပါဝင်နေလေသည်။
သူ့ရဲ့ ရိသဲ့သဲ့ အပြောအခိုင်းအနှိုင်းတို့သည် ယနေ့လူတွေကိုများစွာထိမိစေလေသည်။ ဒီအတွက် ဆန့်ကျင်
တိုက်ခိုက်သော ဝေဖန်မှုများစွာကိုလည်း ရင်ဆိုင်ရနိုင်ပါလေသည်။ လူတွေကို အတွေးဟောင်းများစွန့်ပစ်နိုင်ရန်
အကျင့်ဟောင်းများကိုဖက်တွယ်မထားကြစေရန် တိုက်တွန်းဆွေးနွေးချက်များအဖြစ်ဖော်ပြလိုက်ရပါသည်။

တိုက်တွန်းမှုများ | Ecency