ငွေတွေချမ်းသာပါတယ်ဆိုတဲ့သူဌေးလေးက ငါသူနဲ့ လမ်းခွဲတဲ့အချိန်မှာ သူ့လိုလူတစ်ယောက်ဆီ ငါ မဖြစ်မနေ ပြန်လာမယ်လို့သူထင်နေတာပေါ့လေလူတော့ ပြန်မရောက်ဘူး မင်္ဂလာဖိတ်စာတော့ရောက်အောင်ပို့လိုက်တယ်လေအဲ့ဖိတ်စာအတွက် အံ့အားသင့်တာ ငါလက်ခံနိုင်ပါတယ်လေငါ့မင်္ဂလာဆောင် မလာတာလဲ ပိုကောင်းတယ်ဆိုပေမယ့်လဲနှစ်နှစ် နီးပါး တွဲလာတဲ့ သူနဲ့ချစ်လာတဲ့ ကောင်မလေးတစ်ယောက် မင်္ဂလာဆောင်ကို အသိအမှတ်ပြုတဲ့ လက်ဖွဲ့လေးတစ်ခုတောင် ရောက်မလာဘူးလေငါးထောင်တန် တရွက် တောင် အသိအမှတ် မပြုနိုင်တဲ့သူဌေးက ငါ့အတွက်တော့ ဆင်းရဲတဲ့ သူတယောက်နဲ့ဘာမှ မကွာတော့ပါဘူးဟာလူတယောက်က ချမ်းသာတာ ကိုယ့်အတွက် ဘာတခုမှအကျိုးမပြုရင် သူဟာ ကိုယ့်အတွက် ဆင်းရဲသူပါပဲလူတယောက်က ထမင်း တပန်းကန် စာ ချမ်းသာလို့ ကိုယ့်ကို တ၀တ်ခွဲကျွေးရင် သူက ကိုယ့်အတွက် အရမ်းချမ်းသာတဲ့သူ ဆိုတာကိုတော့ ငါ နားလည်လိုက်တယ်ဒါကြောင့် ငါအခုလို ဆုံးဖြတ်လိုက်တာပါ
ဘယ်လိုလဲမှန်တယ်လို့လက်ခံပါရဲ့လားနော်