ဂတိတွေလည်းမတည်

coffee_1246511_640.jpg
link
စာရေးတာအတွက်ကို ကြိုးစားကြည့်နေတာပါ နေ့တိုင်းမရေးနိုင်ဘူးပေါ့နော်
အရင်တစ်ခါလည်း အခုလို စာပြန်ရေးမယ်လို့ပြောမိသေးတယ် ဒီတစ်ခါတော့ တကယ်ပြောတာပါနော် စာတွေပြန်ရေးမယ် သူများတွေကို အားကျနေမိပြီလေ
စာတွေရေးပြီး မျှော်လင့်ရတဲ့ ဖီလင်ကို သဘောကျတယ် ပြန်လွမ်းနေမိပြီ
နောက်ရက်တွေလည်း စာရေးတာကို ကြိုးစားလုပ်ဆောင်တော့မယ်ဆိုတာလေး ပြောပြတာပါ ဒီလိုလေး ပြောလိုက် ပြန်ပျောက်သွားလိုက်မဖြစ်အောင် အတက်နိုင်ဆုံးကြိုးစားနေတယ်ပေါ့နော်
စာရေးတာကလည်း လွယ်တာတော့မဟုတ်ပါဘူး နေ့စဉ် ဘာရေးရမလဲ ခေါင်းစဉ်ပျောက်နေတာနဲ့ဘဲ မရေးဖြစ်တော့တာများတယ်
ဘယ်သူကများ အပ်ဗုတ်ပေးမလဲလို့ တွေးကြည့်တော့လည်း ရေးချင်စိတ်က မရှိတော့ပြန်ဘူးလေ
နေ့တိုင်းရေးနေသူတွေကိုတော့ အရမ်းအားကျပါတယ် သူတို့အရမ်းရေးနိုင်တယ်
အလုပ်တစ်ခုက ပုံမှန်လေး လုပ်သွားမှ ကောင်းတာလေ လုပ်လိုက် မလုပ်လိုက်ဆိုရင် ဘာမှ ဖြစ်မလာတော့သလိုဘဲ
အချိန်တွေက ကုန်သွားတယ် သူများတွေ ရသလိုလည်း မရတာတွေဖြစ်လာတယ်
အခုမှ အားကျလိုက်တာလို့ ပြောနေလို့ မရဘူးလေနော်
နောက်ဆို ရေးချင်သည်ဖြစ်စေ မရေးချင်သည်ဖြစ်စေ ရေးမယ်
မရေးတက်လည်း ရေးတက်သလိုရေးမယ်
စိတ်မပါလည်း လုပ်မယ် တစ်ခုခုတော့ တင်ဖြစ်အောင် တင်မယ်
အဲ့သလိုလေး အရင် လုပ်မယ် စိတ်ကူးထားတယ်
ဒီနေ့လည်းလေ ဒါလေးရေးဖို့ကို ဘယ်လိုတွေ ရေးရမလဲလို့ လမ်းစရှာနေတာ တစ်နေကုန်သွားတယ် ဒီနေ့လည်း မရေးဖြစ်တော့ဘူးလို့ ထင်ထားတာ
အခုတော့ ရောက်တက်ရာရာသဘောထားပြီး စိတ်ထဲရှိသလိုရေးလိုက်ပါပြီလေ
ပြောရဦးမယ် အခုဆို ကျန်းမာရေးက အရေးကြီးတယ်နော်
ကျန်းမာရေးကို အထူးဂရုစိုက်နေရတယ်
ကပ်ရောဂါထဲ ပါမသွားအောင်ပေါ့ အလုပ်အကိုင်တွေလည်း လူတိုင်းမဖြစ်ဘူး
အသက်ရှင်သန်ရေးအတွက် အထူး အာရုံစိုက်နေကြရတယ်
နေကောင်းကျန်းမာပြီး သောကကင်းစင်တဲ့နေ့လေးကို မျှော်လင့်နေမိတယ်
အရင်အချိန်တွေလို သွားချင်ရာကို လွတ်လပ်စွာသွားလာရတဲ့ အနေထားမျိုး အမြန်ပြန်ရောက်ချင်ပါပြီ
နောက်ထပ် ဘာတွေဖြစ်လာမယ်မသိပေမယ် အကောင်းဆုံးတွေ အမြန်ရောက်လာပါတော့ ဆုတောင်းနေပါတယ်
နောက်ရက်တွေလည်း ကျန်းကျန်းမာမာနဲ့ စာပြန်လာရေးမယ်နော်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center