This content got low rating by people.

သားသမီး

Words
83
Reading
1 min
Listen
Play
8y

ကိုယ် ဖတ်ဖူးခဲ့တာလေး ရှိတယ်။
အချို့တွေက ဖူးစာပါလို့ ညားကြတယ်။
အချို့ကတော့ ဝဋ်ကြွေးရှိလို့ ညားကြတယ်တဲ့။
တကယ့်ကို လက်ခံရမယ့် စကားလေးပါပဲ။
အိမ်ထောင်ရေးဆိုတာမျိုးက ဖူးစာတစ်ခုတည်းနဲ့ တည်ဆောက်လို့ မရသလို
ဝဋ်ကြွေးပါလာရင်လည်း ကြေအောင်ဆပ်ကြရတာမျိုး။
image
တစ်ယောက်က တစ်ယောက်ကို ချုပ်ချယ်တယ် ပိတ်ပင်တယ်ဆိုပြီး စွတ်စွဲတယ်၊
တစ်ယောက်က ဖောက်ပြန်တယ် ရမ်းကားတယ် ရဲဒင်းနဲ့ သားသမီးကိုတောင်ရွယ်တယ်ဆိုတာမျိုး စွတ်စွဲတယ်။
သင်္ကန်းဝတ်ကြီးနဲ့ ကျူးရဲတဲ့
သင်္ကန်းဝတ်ကြီးနဲ့ ကျူးတာကို လက်ခံတဲ့နှစ်ယောက်ရဲ့
ဘယ်သူ့စကားကိုမှ အမှန်မထင်သလို
တစ်ဖက်ဖက်က ဝင်ဖင်နာပေးရမှာလည်း ရွံလှပါတယ်။

ဒီအဖြစ်အပျက်ကို ကြည့်ပြီး ရလိုက်တဲ့ သင်ခန်းစာကတော့ အရာရာကို အခုထက်ပို ယုံလွယ်မပုံအပ်ဖို့ပါပဲ။
အရာရာတိုင်းမှာ ကိုယ်တွေမမြင်နိုင်တဲ့ Dark Side ဆိုတာ ရှိတာကိုး။ အဲ့Dark Side မှာ မျှော်လင့်မထားရဲတဲ့ အရာတွေ တွေးတောင်မထားခဲ့ဖူးတဲ့ အရာတွေ အများအပြား ရှိနေနိုင်တာပဲ။
ကိုယ်တောင်မလုပ်နိုင်တဲ့အရာတွေကို သူများဆီက မျှော်လင့်ပြီး အားကိုးယုံကြည်နေတာကလည်း မနည်းလွဲပါတယ်။
နောက်တစ်ခုကတော့ အမျိုးသမီးတွေ သတိပြုဖွယ်ပါ။
ရှေးမြန်မာစကားပုံတွေ လွဲခဲတယ်။
"သဒ္ဓါလွန်ရင် တဏှာကျွံ"တတ်သတဲ့။
ကြည်ညိုလွန်းလို့ဆိုပြီး ဘာသာရေးခေါင်းဆောင်ကို ဇာတ်မင်းသားဇာတ်ပွဲကြည့်သလို တကောက်ကောက်နဲ့ မိန်းမတွေ၊ ခြေဆုပ်လက်နယ် ပရောပရီလုပ်တဲ့ မိန်းမတွေ သိပ်သတိထားဖို့ ကောင်းပါတယ်။

သားသမီး | Ecency