lover

Words
40
Reading
1 min
Listen
Play
3y

ဗြဟ္မစိုရ်ချစ်သူ 

============

ကိုယ့်အိမ်မက်ကို မမက်

သူ့အိမ်မက်ကို မက်ဖို့ချစ်ပါသည်။

သူ့အိမ်မက်ပေါင်း လေးအသင်္ချေ။


ကိုယ့်ဝေဒနာကို မဖယ်ရှား

သူ့ဝေဒနာကို ဖယ်ရှားဖို့ ချစ်ပါသည်။

သူ့ဝေဒနာပေါင်း လေးအသင်္ချေ။

ကိုယ့်ပန်းတိုင်ကို မသွား

သူ့ပန်းတိုင်ကိုသွားဖို့ ချစ်ပါသည်။

သူ့ပန်းတိုင်ပေါင်း လေးအသင်္ချေ။

ကိုယ့်ရလဒ်ကို မကြည့်

သူ့ရလဒ်ကိုကြည့်ဖို့ ချစ်ပါသည်။

သူ့ရလဒ်ပေါင်း လေးအသင်္ချေ။

ဒီပင်္ကရာ စောမြတ်စွာ၏

မျက်နှာတော်အောက် ကြားဆိုလျှောက်၏

ယောက်ျားမြတ်ကိုအချစ်ပို။

မြင့်မြတ်နှလုံးသား ဗြဟ္မစိုရ်။

သံသရာအဆုံး လိုက်မည်ဆို။

နိဗ္ဗူကွန်းမှာ အတူခို။

သုမိတ္တာလေး စိတ်အားပို။
lover | Ecency