This content was deleted by the author. You can see it from Blockchain History logs.

Computer သမားများအတွက် eSteem application

သိတဲ့သူများလဲသိပြီးသားဖြစ်မှာပါ။မသိသေးတဲ့သူတွေလဲမသိသေးဘူးပေါ့လေ။အဲ..PC Version ကဘာထူးခြားလဲဆိုတော့ကာ..ဖုန်းထက်ဆာရင် အကြီးကြီးမြင်ရတာပေါ့...ဟီးး

သုံးဖို့အတွက် မိမိ ကွန်ပျူတာက ဘာ system လဲဆိုတာအရင်ကြည့်ဖို့လိုပါမယ်ဗျ။

32 လား 64 လား ဘယ်လိုကြည့်မလဲ?

ဟုတ်ကဲ့..my computer ကို right click နှိပ် properties ကို ၀င်လိုက်ပါ။

Capture.PNG

ဟုတ်ကဲ့မျှားထိုးပေးထားတဲ့နေရာကိုကြည့်ပါ။ကျွန်တော်ကတော့ 32 ပါ။

အဲ့နေရာကို အရင်ကြည့်ပြီးမှ အောက်ကလင့်တွေကနေဒေါင်းပါ။

မကိုက်တာဒေါင်းမိရင် ဘေကုန်နေပါမယ်။

PC version ကိုသုံးဖို့အတွက် မိမိ window system version က 32 ဆိုရင်

ဒီလင့်ကနေဒေါင်းပါ

မိမိ ရဲ့ window system version က 64 ဆိုရင်

ဒီလင့်ကနေဒေါင်းပါ

မိမိ ရဲ့ window system version က linux 32 ဆိုရင်

ဒီလင့်ကနေဒေါင်းပါ

မိမိ ရဲ့ window system version က linux 64 ဆိုရင်

ဒီလင့်ကနေဒေါင်းပါ

မိမိ ရဲ့ window system version က max 64 ဆိုရင်

ဒီလင့်ကနေဒေါင်းပါ

မိမိ ရဲ့ window system version က darwin x64 ဆိုရင်

ဒီလင့်ကနေဒေါင်းပါ

ဆွဲလို့ပြီးပြီဆိုရင်တော့ desktop application ရလာပါပြီ။ရလာတာဖိုင်ကိုဖွင့် ပါတဲ့ exe ဖိုင်ကို ကလစ်နှစ်ချက်နှိပ် Run ပေးလိုက်ပါဗျ။

Capture.PNG

မျှားထိုးထားတာ exe ဖိုင်ပါ။နှစ်ချက်နှိပ်ပေးလိုက်ပါ။နှိပ်ပြီးရင်သိပ်မကြာဘူး အောက်ကပုံလိုပေါ်လာမှာဖြစ်ပါတယ်။

Capture.PNG

ဒီလိုပေါ်လာရင် မျှားပြထားတဲ့နေရာမှာ ကိုယ်ထားချင်တဲ့ password လေးလုံးရိုက်ပေးရပါမယ်။ရိုက်လိုက်ပါ ပြီးရင်ဘေးနားကသော့ကို နှိပ်ပေးလိုက်ပါဗျ။

ဒါဆိုရင် အောက်ကပုံလိုပေါ်လာပါပြီ။

Capture.PNG

ဒီလိုပုံပေါ်လာတာနဲ့ ညာဘက်ဒေါင့်မှာ ၀ိုင်းထားတဲ့အပြာကို Account ၀င် ရန်အတွက်နှိပ်ပေးပါဗျာ။နှိပ်လိုက်ရင် အောက်က ပုံအတိုင်းပေါ်လာမှာပါ။

Capture.PNG

အပေါ်မှာ steemit အကောင့်နာမည်ထည့်ပါ။အောက်မှာ password ထည့်ပါ။ပြီးရင် log in ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့အောက်ကပုံလို အကောင့်ဝင်သွားပါပြီ။

Capture.PNG

ဒါဆိုရင် ညာဘက်ဒေါင့်ကမိမိ ပုံကို ကလစ်နှိပ်ကြည့်ပါ။ profile ဆိုတာက မိမိ တင်ထားတဲ့ post တွေပါ။မိမိပုံလေးဘေး ကခဲတံက post အသစ်ရေးဖို့ပါ။ log in as ဆိုတာကတော့ အကောင့်နှစ်ခု သုံးခု သုံးတဲ့သူတွေ အတွက် တစ်ကောင့်ပြီးတစ်ကောင့်ဝင်စရာမလိုပဲနဲ့ သုံးနိုင်တဲ့နေရာပါ။log out ကတော့အားလုံးသိပြီးတဲ့အတိုင်း အကောင့်ကိုအပြီးထွက်တာပါ။ တစ်ခါပြန်ဝင်ရင် ဟိုအစ ကရိုက်ခဲ့တဲ့ password လေးလုံးသိမှပြန်ဝင်လို့ရမှာပါ။အာ့ကြောင့်မှတ်ထားပါဗျာ။တစ်ခါဖွင့်ရင်တစ်ခါရိုက်ပေးရပါတယ်။

Desktp version ရဲ့အားနည်းချက်ကတော့ zawgyi font ကိုမမြင်ရတာပါပဲ။ကျွန်တော်လဲ တအားမကျွမ်းတော့မထည့်တတ်ပါဘူး။ဟီ...ဒါ့ကြောင့် မိမိ စာတွေကို browser မှာအရင်ရေးပြီးမှ esteem ထဲလာထည့်ပြီးတင်ပါ။ကမာလာပါလိမ့်မယ်။မလာရင်လဲ လာ လာ လာ လာလို့ခေါ်ကြပါ...

အားလုံး ကျန်းမာ၊ ချမ်းသာ၊ လန်းဖြာကြပါစေဗျာ။ကမာလဲလာပါစေနော်။

Author - @zarmanizawlinn
MSC 210
Naypyitaw.
Myanmar.
5-30-2018.
3:25PM.
Thank you so much visit to my blog.

Untitled-1 copy.jpg

IMG_20160726_223306.jpg