RE: RE: I2Wan ပြောသော နေရေးနှင့် သေရေး ( Henry Aung )
You are viewing a single comment's thread from:

RE: I2Wan ပြောသော နေရေးနှင့် သေရေး ( Henry Aung )

RE: I2Wan ပြောသော နေရေးနှင့် သေရေး ( Henry Aung )

အနေတတ်မှ.အသေမြတ်မည်..
ဒါလေးကို.ဆန်းစစ်ကြည့်လျှင်...
အဲဒီစကားကို..တစ်ချို့သောသူများ..သိထား.နားလည်ထားကြတာက..ဝိပဿ နာနယ်ပယ်ကျမှ..ကျင့်သုံးရမယ်လို့ထင်ထားကြတာ..။လောက္ကုတ္တရာ.နယ်ပယ်ဆိုတာ..လောကီနယ်ပယ်ရဲ့ဆိုးခြင်း.ကောင်းခြင်းတွေကို.ကျော်ဖြတ်နိုင်မှ..ရောက်ရမဲ့နယ်ပယ်ပါ။လောကီနယ်ပယ်မှာ..အောင်မြင်ခြင်းတွေအများကြီးရနေသောလူသားတစ်ဦးဟာ..လောကီကိုကျော်ဖြတ်နိုင်တယ်လို့ပြောလို့မရပါဘူး..သူဟာ..လောကီရဲ့ပစ္စည်းပေါများကြွယ်ဝခြင်းကိုသာ..အောင်မြင်တာပါ။
လောကီနယ်ပယ်မှာ..ကိုယ့်ရဲ့ကြိုးစားအားထုတ်သမျှအရာရာအောင်မြင်ခြင်းရဲ့နောက်ဆက်တွဲ..မာန်မာနထောင်လွှားမူ့တွေ..ယစ်မူးခြင်းတွေ..သာယာခြင်းတွေကို..တဒင်္ဂဖြစ်စေ..အစဉ်ဖြစ်စေ..ပယ်နိုင်မှသာလျှင်..လောကီကိုအောင်နိုင်ခြင်း...။နောက်တစ်ခု..ကျရှူံးခြင်းရဲ့နောက်ဆက်တွဲ.ဒေါသ..ဣသာမစ္ဆရိယ..ကို.ထိန်းသိမ်းနိုင်ခြင်း..ဒါလဲ..အောင်နိုင်ခြင်းတစ်ခုပါ။ဒါတွေအားလုံး..နားလည်လက်ခံနိုင်ဖို့ရဲ့
အရေးကြီးဆုံးစိတ်တစ်ခုကတော့..ကိုယ်ချင်းစာစိတ်ပါဘဲ။
အဲဒီစိတ်နည်းပါးလေ...အတ္တကြီးလေ..
အတ္တကြီးလေ..အမှောင်ဖုံးလေ..
အမှောင်ဆိုသော..မသိမူ့များနေသမျှကာလပတ်လုံး..
ဆင်ခြင်တုံတရားဆိုသော..အသိဥာဏ်ပွင့်လန်းခွင့်နည်းပါးသွားပါတယ်..ဒါကြောင်လည်း..အခုခေတ်မှာ..အ.ကုသိုလ်များနေကြတာပေါ့..သားရေ..

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center