မာန် မာန ဆိုတာ

အားလုံးဘဲ မင်္ဂလာပါခင်ဗျ။ ပြီးခဲ့တဲ့အပတ်ကရေးသားခဲ့တဲ့ ကိုယ်တိုင်ရေးရာဇ၀င်ဆိုတဲ့ ဆောင်းပါးလေးကို ရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် တကယ်ရေးချင်တာက အဲ့ဒီအကြောင်းမဟုတ်ဘူးဗျ၊ ရေးချင်တာတစ်ခြား ရေးဖြစ်သွားတာတစ်ခြားဖြစ်သွားတဲ့အတွက် တောင်းပန်ပါရစေ။ ကျွန်တော်ရေးချင်တာလေးကို ဒီတပတ်မှာတော့ရေးပါရစေ။ ခုတော့ အရင်အပတ်ကအဆက်လို့ဘဲ သဘောထားပြီး ဆက်ဖတ်ပေးကြပါလို့ ဦးစွာတောင်းပန်ပါရစေ။
ကျွန်တော့်ကအလုပ်ထဲမှာ မျက်နှာမငယ်ရဘူးဗျ။ ပညာကလည်းအသင်တင့်တတ်၊ ရုပ်ရည်လေးကလဲရှိဆိုတော့(အဟဲ) ပြောရရင်တော့ နေရာလေးကလဲရဆိုတော့ ကြီးကျယ်ချင်လာတယ်ပေါ့ဗျာ။ ပြောရရင်ဘ၀င်မြင့်လာတယ်ပေါ့။ တကယ်တော့ ကျွန်တော်က မချမ်းသာဘူးဗျ၊ ကိုယ့်မှာလဲ အိမ်ပိုင်ယာပိုင်တောင်မရှိသေး ကျန်တဲ့ ကားတွေဘာတွေဆိုဝေလာဝေးပေါ့ဗျာ။ ဒါပေမယ့် အလုပ်ထဲမှာဆိုရင်တော့ သိတဲ့အတိုင်းဘဲလေ လုပ်တာကလဲ အုပ်ချုပ်ရေးဌာနဆိုတော့ မသိတဲ့သူမရှိသလို မြှောက်ကြွားကြွားနဲ့ပေါ့ဗျာ။

FB_IMG_1519047475438.jpg

အဲလွန်ခဲ့တဲ့ သုံးလေးလလောက်ကပေါ့ သင်တန်းတစ်ခုဖွင့်တယ်ဗျ။ တိုတိုဘဲပြောကြပါစို့ ကွန်ပျူတာသင်တန်းပေါ့ဗျာ။ ဘာမှမသိသေးသူ တွေအတွက် Basic နဲ့ အရင်တုန်းက Basic တက်ဖူးပြီးသားသူဆို Advance ပေါ့ဗျာ။ အဲ့ Advance တန်းကအထွေအထူး မရှိဘူးဗျ။
Basic တန်းမှာကျ လူပေါင်းစုံပါလာလေရော။ ဌာနပေါင်းစုံက ရုံးစာရေးတွေ၊ စာရေးမတွေ၊ ခွင့်ကိုင်တဲ့သူတွေ၊ အို အစုံပါဘဲ။ ကွန်ပျူတာဆိုတာ ခုမှမြင်ဘူးတဲ့သူတွေရောပေါ့ဗျာ။ လူအမျိုးမျိုးပေါ့။ အဲ့ထဲကတစ်ယောက် အမျိုးသမီးကတော့ ထူးခြားတယ်ဗျ။ သူလုပ်တဲ့နေရာက လူ ၁၀ ယောက်လောက်နဲ့လုပ်တယ်ပေါ့ဗျာ။ အားလုံးကလဲ အလုပ်ကြမ်းသမားတွေပေါ့ ။ သူကအဲ့လူတွေရဲ့ ခွင့်တို့ ရုံးတက်ရုံးဆင်းမှတ်တမ်းတို့ ကိုင်ရတော့ သူလဲတက်ချင်တယ်တဲ့။ သူ့ပညာအရည်အချင်းက ၁၀ တန်းတော့ရောက်ခဲ့ပါတယ်တဲ့။ ကျွန်တော်တို့လဲ စဉ်းစားပြီး သူ့သင်မပေးရင် တစ်မျိုးထင်မှာဆိုးလို့ဆို တက်ခွင့်ပေးလိုက်တယ်ပေါ့ဗျာ။
ဒီလိုနဲ့သင်တန်းဖွင့်ပြီး တစ်ပတ်ဆယ်ရက်လောက်ရှိတဲ့အချန်ထိ မမချောက ကွန်ပျူတာအဖွင့်အပိတ်တောင် မလုပ်တတ်တော့ ကျွန်တော်တို့ခေါင်းစားရဘီပေါ့၊ သူတစ်ယောက်ဘဲ မလိုက်နိုင်တော့ ကျွန်တော်က ပြောချင်လှဘီ ကိုယ့်ပိုင်သင်တန်းဆို ပြောပြီးဘီ လာမတက်နဲ့တော့လို့ အဲ့လောက်ထိလည်း ကျွန်တော်က စိတ်မရှည်ဘူးပေါ့။ သင်တန်းထဲမှာလဲ ခနခနပြောနေရတော့ တစ်ရက်မှာ ကျွန်တော်စသလို နောက်သလိုနဲ့ ပြောလိုက်မိတယ်ဗျ။ အမြဲတမ်းဘဲ နောက်ကစရင် ပထမဆုပေးရမယ်ဆိုပြီး စလိုက်မိတယ်ဗျ။ ကိုယ်ကတော့ အမှုမဲ့အမှတ်မဲ့ပါဘဲ နောက်ရက်ကျ သူသင်တန်းမလာတော့ဘူးဗျ။ ကျွန်တော်အစကတော့ သတိမထားမိဘူး ရိုးရိုးမလာနိုင်တာထင်နေခဲ့တယ် နောက်တော့ သူသင်တန်းကိုလုံးဝ မလာတော့ဘူးဗျ။ ကျွန်တော်စိတ်ထဲလည်း အေးတာဘဲ ငါတောင် သက်သာသေး အစကတည်းက ဒီလိုလူမျိုးသင်ပေးနေလို့ အလကားဘဲ၊ ငါ့ အလုပ်ပျက်တယ် ဘာညာပေါ့ဗျာ။

FB_IMG_1519047266032.jpg

ဒီလိုနဲ့နေလာလိုက်တာ သင်တန်းပြီးလို့ လေးငါးခြောက်လလောက်ကြာတော့ ရွာတစ်ရွာက ဘုရားပွဲဖိတ်တယ်ဗျ။ ကဲသွားအုန်းမှဘါဆိုပြီး ဘုရားပွဲဖိတ်တဲ့ရွာကို သွားခဲ့တယ် ဖိတ်တဲ့အိမ်မှာထမင်းစား၊ ရေနွေးသောက် ဘာညာနဲ့ နေရင်း ခနနေတော့ ကျွန်တော့သင်တန်းကထွက်သွားတဲ့ မမချောက ဆရာ ကျမတို့အိမ်လည်းကြွခဲ့ပါအုန်းတဲ့ ဆရာလာမယ်ဆိုလို့ စောင့်နေတာ ဆရာလဲဒီရွာရောက်ဖူးတာမဟုတ်တော့ ရောက်တုန်းလေး အိမ်လိုက်ခဲ့ပါတဲ့။ ကျွန်တော်လည်းအဲ့ဒီအချိန်ကျမှ အဲ့မမက ခုဘုရားပွဲလုပ်တဲ့ရွာကဆိုတာသိတော့တယ် အစကတော့ဘယ်ကမှန်းတကယ်မသိဘူးဗျ။ ကျွန်တော်ကစိတ်ထဲကတော့ သိပ်မလိုက်ချင်ဘူးပေါ့ လူကြားထဲညင်းရမှာ အားနာတာကြောင့် အော် ဟုတ်ကဲ့ပါ လိုက်ခဲ့ပါ့မယ် ဆိုပြီး သူဖိတ်ခေါ်ရာ သူ့အိမ်ကို လိုက်သွားခဲ့တယ်ဗျ။
ကျွန်တော် အင်မတန်အထင်သေးထားတဲ့ သူအိမ်ကဘယ်လိုဖြစ်မလဲ ငါ့တို့ကို ဘာနဲ့များကျွေးမလဲ ဘယ်လောက်အဆင့် ရှိလို့လဲ စသည်ဖြင့် လဲပေါင်းများစွာနဲ့ပေါ့။ ရွာအိမ်တွေဆိုတော့ သိတဲ့တိုင်းဘဲလေ ဟိုအိမ်ထဲကဖြတ်ဝင် ဒီအိမ်ထဲကဖြတ်ထွက်နဲ့ပေါ့။ ဒီလိုနဲ့ အိမ်ကြီးတစ်အိမ်ရှေ့ရောက်တော့ ဆရာရောက်ပီ ထိုင်ပါအုန်းဆိုပြီး ကျွန်တော်တို့လည်း ထိုင်ကြတယ်ပေါ့ဗျာ ကျွန်တော် ရုတ်တရက်ကြောင်သွားတယ်ဗျ။ ဒါ ခင်ဗျားအိမ်လားဗျ ဆိုတော့ ဟုတ်တယ်ဆရာရေ အိမ်ကတော့ လူသိပ်မရှိတော့ ရှုပ်ပွနေတာဘဲ ဆရာဘာသောက်ချင်လဲ အပူလား အအေးလား ဘီယာလား ကြိုက်တာပြောဆိုပြီး ပြောတော့ ကျွန်တော့ အဲ့သြရဘီပေါ့။

FB_IMG_1519047462594.jpg

အိမ်အခြေအနေကို တစ်ချက်လှည့်ကြည့်လိုက်မိတယ်။ အိမ်ကတော့ နှစ်ထပ်အိမ်ပေါ့ တော်တော်တော့ ဟောင်းနေဘီ နောက်ဘက်မှာလဲ မီဖိုဆောင်ကအကြီးကြီး၊ မီးဖိုဆောင်ရဲ့ဘေးမှာတော့ နွားတဲပေါ့ဗျာ ရွာဓလေ့ပေါ့ အဲ နွားတော့ တစ်ကောင်မှမရှိပေမယ့် Light Truck တစ်စီး တဲအပြင်မှာ Skat ဆိုလားဘာဆိုလားခေါ်တဲ့ အရပ်ခေါ်ဖောကားတစ်စီးရပ်ထားလေရဲ့ ခက်လှမ်းလှမ်းမန်ကျည်းပင်အောက်မှာတော့ အိမ်စီးကားလေးတစ်စီးရပ်ထားလေရဲ့ နာမည်တော့မခေါ်တတ်ဘူးဗျ ကျွန်ဆတ်ာလဲမနေနိုင်တော့ဘူး မေးရတော့တာဘဲ လုပ်စမ်းပါအုန်းဗျ ခင်ဗျားကဘာတွေလုပ်တာလဲ ဆိုပီး သူကလဲ ဆရာရယ် ကျမမှာ အိမ်သား (အမျိုးသား) ကစောစောစီးစီးဆုံးသွားတော့ သမီးလေးနှစ်ယောက်နဲ့ အဆင်မပြေဘူးပေါ့ရှင်တဲ့ ကျွန်တော်လဲ ခနစွန့်အသွားခဲ့တယ် ဘာစကားမှပြောမထွက်ဘူးပေါ့။ သူကဆက်ပြောတယ် သမီးအကြီးလေူက ဒီနှစ်ဆယ်တန်းလေ အငယ်လေးက ၆ တန်းပေါ့။ ဟိုကားအကြီးက ဆိုဒ်ထဲထည့်ထားတာ တစ်လ ၈ သိန်းလောက်တော့ရပါရဲ့ ဟို Light Truck လေးကတော့ ဈေးကားငှားထားတာလေ ရွာနဲ့မုံရွာကူးတာပေါ့ မလွယ်ပါဘူးယောက်ျားသားမရှိတော့တဲ့ ကျွန်တော်ဘာဆက်ပြောရမှန်းမသိဘူး ကျွန်တော်လုပ်နေတဲ့ကုမ္ပဏီမှာသူရတဲ့လစာကကျွန်တော်ရတဲ့လစာရဲ့ သုံးပုံတစ်ပုံဘဲရှိတာ အဲသူ့အခြေအနေနဲ့ ကျွန်တော်အခြေအနေက မိုးနဲ့မြေပမာအလားပါဘဲ ကျွန်တော်သူ့အိမ်ကပြန်တော့ ခေါင်းထဲမှာအတွေးပေါင်းမြောက်မြားစွာနဲ့ပေါ့
တွေးမိတဲ့အတွေးတွေကတော့. . . . . . . .
Steemit အဖွဲ့သားများ အတွေးလေးတစ်ခုခုရရင်ကျေနပ်ပါပြီ ကျေးဇူးတင်စွာဖြင့်

Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google and Facebook pages
MSC-129

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center