ပိုင်ဆိုင်ခြင်းမရှိ အပြန်လမ်းဆီ. . .

ပိုင်ဆိုင်ခြင်းမဲ့တဲ့
လက်ဗလာကိုယ်ဗလာနဲ့
လာခဲ့ပြီးပြီ. . .

ပိုင်ဆိုင်မှုရရှိဖို့
ကြိုးစားနေလည်း
လာတုန်းကလို
လက်ဗလာ ကိုယ်ဗလာနဲ့
အချိန်တန် အိမ်ပြန်ရမယ်လို့
ဆင်ခြင်သုံးသပ်တတ်တဲ့
စိတ်ကလေးတစ်လုံး
အမြဲပွားလို့နေတတ်ခဲ့ပြီ. . .

နေထွက်လို့ နေဝင်ချိန်ထိ
ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ
ဘယ်လို ပုံစံနဲ့
စွန့်ခွါလို့ ထွက်သွားရမယ်ဆိုတာ
အသိနဲ့ သတိ အမြဲထားလို့
အသိတွေကို ဆင်ခြင်နေမိလေရဲ့

အတ္တ ၊ မာန၊ ဒေါသ၊ လောဘတွေနဲ့
မထွက်ခွါရလေအောင် ကိုယ့်ရဲ့
အပြန်လမ်းလေးကို
ငါးပါးသော သီလ ကို
စောင့်ထိန်းလို့ မျှော်နေလေရဲ့

အသက်ရှုချိန် မရပ်တန့်သရွေ့တော့
ဒုက္ခဆိုတာလည်း ရင်ဆိုင်ရမယ်
ဝဋ်ဆိုတာလည်း ပေးဆပ်နေရမယ်
တည်မြဲခြင်း ၊ မတည်မြဲခြင်း ဆိုတာလည်း
တွေ့ကြုံနေကြရမှာ အမြဲ
နောင်သံသရာမပါရလေအောင်
ကောင်မှုနဲ့ ကောင်းစိတ်
အမြဲမွေးမြူထားလို့
ကြုံလာမယ့် အပြန်လမ်းကို
ကြိုစောင့်လို့ နေမိလေရဲ့
. . .

Author - Pannthiri
Myanmar Steemit
Photo- me
Location - Kalaw View Point
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now