ကျေးဇူးတရား (Thank)

အပူပင်ကင်းတဲ့.... ကလေး ဘဝကို တစ်ခါပြန်ပြီး
ရချင်သေးတယ်...

ငယ်ငယ်တုန်းက ကျွန်တော်တို့တွေဟာ ကမ္ဘာကြီးဟာ အရမ်းကို
ဆန်းကြယ်ပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နက်နေတယ်လို့ ထင်ခဲ့ကြတယ်...

ဒါပေမဲ့ အသက်တွေကြီးလာကြပြီး စားဝတ်နေရေးတွက် ငွေလိုအပ်လာပါပြီ... ဒီတော့ ပိုက်ဆံရဖို့ အလုပ်လုပ်ကြရတဲ့အခါ
အဆင်မပြေမှုတွေ ပြသနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ပျက်သွားကြပြီ
ဘဝဟာ ငြီးငွေ့စရာကြီး၊ ကမ္ဘာကြီးဟာ တရားမျှတမှုမရှိဘူးဆိုပြီး
ပြောဆိုကြပါတော့တယ်...

*ကျေးဇူးတရားတွေ လွှမ်းခြုံထားတဲ့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ဟာ
အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နက်နေပါတယ်... *

ဟုတ်ပါတယ် ကျွန်တော်တို့တွေ ကျေးဇူးတရားဆိုတာကို မေ့နေခဲ့လို့
ပျော်ရွှင်မှု တွေဟာ အဝေးကို လွင့်စင်သွားခဲ့ရတာပါ...
ကျွန်တောတို့ဟာ တစ်ခုခုရရှိတဲ့အခါ ကျေးဇူးဆိုတဲ့စကားလုံးကို သုံးစွဲလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တောတို့ အလကားရှူရှိုက် နေရတဲ့လေကိုကျတော့ ကျေးဇူးတင်ဖို့ မေ့နေတက်ကြပါတယ်။

#ထို့နည်းအတူ သင့်ကိုယခုချိန်ထိ အသက်ရှင်နေစေတဲ့
သင့်ခန္ဓာကိုယ်ကို ကျေးဇူးတင်ဖို့ မေ့နေပါသလား...?

ဒါဆိုရင်တော့ သင်ဟာပျော်ရွှင်မှုတွေနဲ့ အလှမ်းဝေးနေဦးမှာပါ။

အမြဲတမ်း ပျော်ရွှင်မှုတွေနဲ့ပြည့်နက်နေတဲ့ ကမ္ဘာကြီးတစ်ခုကို
ဖန်းဆင်းချင်ပါသလား သို့မဟုတ် ရယူပိုင်ဆိုင်ချင်ပါသလား...?

*** သင့်ကိုမွေးပေးခဲ့တဲ့ သင့်မိခင်နဲ့ တသက်လုံး ကျွေးမွေးပြုစု
စောင့်ရှောက်ခဲ့တဲ့ သင့်ဖခင်တို့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ကြောင်း စိတ်ထဲကပြောပါ(အသံထွက်ပြီးပြောနိုင်ပါက ပိုပြီးကောင်းပါတယ်)

*** သင့်ကိုယနေ့ချိန်ထိ အသက်ရှင် နေစေတဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ကျေးဇူးတင်ပါ။

*** သင်နဲ့ပက်သက်တဲ့ မိသားစု၊ ဆွေမျိုး၊ အပေါင်းသင်းသူငယ်ချင်း၊ နေ့စဉ်သင်နဲ့ထိတွေ့ဆက်ဆံနေရတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါ။

*** ကမ္ဘာကြီးပေါ်မှာရှိရှိသမျှ မြေ၊ ရေ၊ လေ၊ တောတောင်သဘာဝ
သက်ရှိသက်မဲ့ အရာအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။

ဤ ၄ ချက်ကို တစ်နေ့သုံးကြိမ် စိတ်ထဲကဖြစ်စေ၊ အသံထွက်၍ဖြစ်စေ
ပြောပေးနိုင်ပါတယ်။
မှက်ချက်။ ။ ရင်ထဲက တကယ်ကိုခံစားပြီးပြောပေးဖို့တော့
လိုအပ်ပါတယ်...

ယခုလိုမျိုး ပြောပေးခြင်းအားဖြင့် တစ်နေ့သာလုံး ထူးထူးခြားခြား ပျော်ရွှင်နေတာကို ခံစားမိပါလိမ့်မယ်။ ပြောကြည့် လိုက်ပါ...
အဟုတ်တကယ့်ဖြစ်လာပါလိမ့်မယ်။

မှီညမ်း။ ။ ဘဝပြောင်းပညာ၊ ကျော်မိုး။

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center