ရင်ဘတ်ထဲကို ဒိန်းကနဲ့

image

လင့်တစ်မျက်နှာတစ်ရွာထင်ပြီး လိုက်ခဲ့ရသူပါမောင်။
အချစ်မှာမျက်စိမရှိဘူးတဲ့။ ဟုတ်မယ်ထင်တယ်။
ကျွန်မက အသားဖြူဖြူ၊ မျက်နှာကချစ်စရာ
ခင်စရာလည်းကောင်းတယ်တဲ့ အများပြောကြ
တာပါ။ကျွန်မနဲ့ မောင် အတူယှဉ်တွဲသွားရင်
ကျီးကန်က ဘဲဥချီလာတယ်လို့ သူငယ်ချင်းတွေကပြောကြတယ်။

ကျွန်မက မန္တလေးမြို့ကြီးရဲ့တောင်ဖက်အရပ်မှာ
ရှိတဲ့ ရွာတရွာက တောသူလေးတစ်ယောက်ပါ။
မန္တလေးမြို့က စက်ချုပ်ဆိုင်တစ်ဆိုင်မှာ ပညာ
လာသင်ရင်း မောင်နဲ့တွေ့ခဲ့သည်။ ကျွန်မက
ဘွဲ့ရပြီး မောင်က 10တန်းမအောင်၊ မဲမဲသဲသဲနဲ့
ရုပ်ရည်လည်း လှပခြင်းမရှိတဲ့သူတစ်ဦးကို ကျွန်မချစ်မိလိမ့်မယ်လို့ မထင်ခဲ့ဖူး။

img_0.6838176793548306.jpg

သို့သော် သို့သော်ပေါ့လေ သူငယ်ချင်းတွေ
ကောင်းမှုကြောင့်ရယ် မြင်ပါများတော့ အသားမဲ
သူကိုပင် ညိုသလိုလို မြင်လာခဲ့သည်။
အပြောကောင်းတော့ သာယာမိခဲ့သည်။
ဒီလိုနဲ့ မောင်နဲ့ ကျွန်မ အကြောင်းပါခဲ့သည်။
မောင့် အဖေ အမေတို့က သဘောကောင်း
ကြသည်။ သို့သော် မောင့်အဖေတွင် နောက်
အမျိုးသမီးတစ်ဦးရှိပြီး သမီးလေးတစ်ယောက်
ပင်ရနေသည်။

ထိုကြောင့် မောင်က သူ့အဖေကို မခေါ်မပြောပဲ
နေသည်။ သူ့အမေအပေါ်သစ္စာမရှိသူ၊
သားသမီးတွေအပေါ် သစ္စာမရှိ မစောင့်ရှောက်သူ
ဟု အမြဲပြောတတ်သည်။ သားအဖ မျက်နှာချင်းဆိုင်တွေ့လျှင် အမြဲလို ရန်စောင်နေတတ်သည်။
ဒီလိုနဲ့နေလာခဲ့သော ကျွန်မဘဝလေးက သာယာ
ခဲ့သည်။ သူငယ်ချင်းများက အားကျခဲ့သည်။

"ကျီးကန်းကြီးက မဆိုးဘူးဟေ့"

"ဘဲဥ တို့များ ကံကောင်းချက် ယောက္ခမတွေက
ဖူးဖူးမှုတ်ထားတယ်ပေါ့လေ။ တိုက်နဲ့ ကားနဲ့
သာယာချက်"

သူငယ်ချင်းများ၏ ပြောစကားများကို
ပီတိဖြစ်ကျေနပ်နေခဲ့သည်။ သားလေး
ထွန်းကားပြီး မူကြိုပို့ရသည့်အရွယ်
ရောက်ရှိနေပေသည်။ကျွန်မရဲ့ ပျော်စရာ
ကောင်းသည့် အချိန်များပါလေ။

img_0.29458906788024103.jpg

မမျှော်လင့်သောနေ့တစ်နေ့မှာ မမျော်လင့်သောအကြောင်းအရာတခုကို ကျွန်မကြားလိုက်ရသည်။
ကျွန်မရင်ထဲ ဗြောင်ဆန်ခဲ့ရသည်။ မောင်သည်
ကောင်မလေးတစ်ယောက်နှင့် ဖြစ်နေသည်
ဆိုသည့်သတင်းပင်။ မောင်နှင့် ကြိုက်သည့်
ကောင်မလေးက 17နှစ်၊ 18နှစ်မပြည့်သေး။
နောက်မိန်းမယူထားသည့် အဖေကိုပစ်ပစ်ခါခါ
ပြောသော မောင်က မောင့်အဖေလိုပင်
နောက်မီးလင်းသည်ဆိုသည်မှာ ကျွန်မအတွက်
မယုံနိုင်အောင်ပါ။

ဝဋ်ဆိုတာ လည်တတ်တယ်တဲ့။ အဲ့ဝဋ်ဆိုတာကြီးက
ကျွန်မနဲ့ တည့်တည့်တိုးကာတိုက်ဆိုင်နေသည်။
မောင်က မောင့်အဖေကို ပြောဆိုခဲ့သမျှ
အခု မောင်ဝဋ်လည်တာလို့ ကျွန်မထင်သည်။
အဲ့လိုဆို ကျွန်မသားလေးက သူ့အဖေ မောင့်ကို
မောင့်လိုများပြောမယ်ဆိုရင် ကျွန်မရင်နာရပါပြီ။
အဲ့ဝဋ်ဆိုတာကြီးကိုလည်း ကျွန်မအရမ်းကြောက်မိနေပါပြီလေ။

မောင့်ကို ကျွန်မပြောချင်တာက

"ဝဋ်ဆိုတာ လည်တတ်ပေမယ့် ကျွန်မကိုလည်း
ထိတယ်မောင်။ ကျွန်မရင်ဘတ်ထဲကို ဒိန်းကနဲ့
နေအောင်ကို ထိရပါတယ်မောင်"

@htwegyi

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center