Token ပတ်လုံးများ

Words
174
Reading
1 min
Listen
Play
7y

image

အများက SNAX ဆိုတော့ SNAX ရပြန်ပါပြီ။
SNAX မှာ wallet ဖွင့်ပြီး 50 SNAX ယူပါဆိုတော့။
အဲ့ဒီ ဝေါလက်ကြီးကို ဖွင့်ဖို့ တိုင်ပတ်သည်။
ကိုယ်တွေက steemit ကို ရိုးရိုးဘရောက်ဇာနှင့်
ဖွင့်တာ အဲ့မှာ သူတို့ရဲ့ စနက်ဝေါလက်ကြီးကို
ဖွင့်တော့ ပြဿနာတက်ပါတော့သည်။
ကိုယ်တွေရဲ့ ဘရောက်ဇာက ကမ္ဘာလုံးလေးနဲ့
သူတို့ရဲ့ ဘရောက်ဇာက ဝိုင်အနီရောင်လေးနဲ့
ဆိုတော့ ရွာလည်တာပ။

အများကဖွင့်တော့ ကိုယ်လည်းလိုက်ဖွင့်ရတာ။
Twitter အကောင့်ဖွင့်ဆိုတော့ ဖွင့်ထားပြီး
မသုံးတတ်သေးပါ။ သူများပိုစ့်က အသဲတွေတော့
လိုက်ပြီးနှိပ်ပေးသည်။ steemit ရယ်၊ snaxရယ်၊
Twitter ရယ်ပေါင်းပြီး အသုံးပြုမည်ဆိုပါလျှင်
50 snax ရမည်။

x2tcw0twwq.jpg

ဒါပေသိဗျာ အဲ့ snax ကို ကျွန်တော် မလုပ်တတ်
တော့ မရခဲ့ပါဘူးဗျာ။ ခုများတော့ SMTs တွေရော
Token တွေရောက မိုးရာသီ မိုးပေါက်တို့ကျလာသလို ဟော့တစ်မျိုး နောက်တစ်မျိုး တစ်မျိုးပြီး
တစ်မျိုး ပေါ်လာလိုက်တာ လက်ကို မလည်
အောင်ပါပဲ။ သူများတွေက လုပ်ပြထားတော့
ကိုယ်လည် ကြိုးစားပြီး လိုက်လုပ်ရတာပ။
အောင်မြင်တာလဲရှိ။ မအောင်မြင်တာလဲရှိ သပ။

esljndjwqq.jpg

အဲ့ ဒါပေသိ စာတွေရေးပြီးပိုစ့်တင်သည့်အခါ
ကိုယ်ရေးသည့်စာ ပိုစ့်က. ကိုယ့်ခေါင်းထဲရှိတာ
ချရေးထားတာ။ tag တွဲသည့်အခါ သတိထား
ပါတဲ့ ဆရာသမားများက သတိပေးလာပါသည်။
မှန်သည် ကိုက ပိုစ့်ရေးတင် ရှိသမျှ tag တွေအကုန်
တွဲတင်သည်။ လောဘကိုဗျ ။

#palnet #steemleo #steemace #jahm

အဟဲ ရှိမျှ အထက်က tag တွေအကုန်တွဲတင်တာ။
သူတို့ရဲ့ တိုကင်တွေရချင်တာကိုး။ သူတို့နဲ့ မဆိုင်ပဲ
Tag မတွဲဖို့၊ မဆိုင်ဘဲ တပ်တွဲရင် အန္တရာယ်များ
သည်ဆို၍ မနည်းဘရိတ်အုပ်ရပါတော့သည်။
ကိုယ်မှာက ခုမှစပြီးစမ်းတင်မလို့ လုပ်တုန်းရှိသေး။
ဒိန်း....ဒိန်းဂျာ ဆို၍ tag များကို သတိထားတွဲရ
ပါတော့မည်။

8uiexfivgq.jpg

ပြီးတော့ Steemit ရဲ့ ပထမဦးဆုံး SMT ခေါ် smart media token ဖြစ်သည့် APPICS app
ပေါ်ထွန်းလာပြီဖြစ်သည်။ APPICS ကိုအများက
လုပ်ဆို၍ လုပ်ထားရသည်။ မည်သို့လုပ်ဆောင်
ရမည်ကို မသိရှိသေးပါ။ သိရှိသူ ဆရာသမားများက
အသေးစိတ်လေး ရေးသားပြောပြပေးကြပါအုံး
ဟု တောင်းဆိုမှုပြုလိုက်ပါသည်။ ခုများတော့
ငထွေးတစ်ယောက် token များနှင့်ချာချာလည်
နေသည်။ ရွာစား စိန်ဗေဒါကြီးလို ဆိုင်ဝိုင်းအတွင်
token ပတ်လုံးများအား ပတ်ချာလည်အောင်
တီးနေရပါတော့သည်။

htwegyi@htwegyi
MSC.036

Token ပတ်လုံးများ | Ecency