သီလရှင်ဆရာလေးများနှင့် အမေ

ဥပုသ်နေ့ မရောက်မှီ အဝေးဖိတ် အနီးဖိတ်
ဆိုသည့်ရက်များရှိပါသည်။ ယနေ့ အဝေးဖိတ်
နေ့ ဖြစ်ပါသည်။ အဝေးဖိတ် အနီးဖိတ်နေ့ များတွင်
သီလရှင် ဆရာလေးများကဆွမ်းဆန်အလှူခံလေ့ရှိ ပါသည်။ စစ်ကိုင်းတောင်မှ ဆရာလေးများနှင့် မန္တလေး မြို့ အနီးဝန်းကျင်မှ ဆရာလေးများသည် ကားများဖြင့် စုရပ်ထားရှိပြီး ဆွမ်းဆန်အလှူခံကြ
သည်။

ဥပုသ်နေ့ မသိပါက ဆရာလေးများ အလှူခံလာခြင်းကို ကြည့်ပြီး သိရှိနိုင်ပါသည်။
ယနေ့ အဝေးဖိတ်လား အနီးဖိတ်လား
တွက်ချက်နိုင်ပါသည်။ အလှူခံလာသည့်
ဆရာလေးများမှာ များသောအားဖြင့်
ငယ်ရွယ်သူ အရွယ်ကောင်းသူများဖြစ်သည်။
အသက်အရွယ် ကြီးသောဆရာကြီးများ
အလှူခံ မှုနည်းပါးသွားသည်ကို တွေ့ရှိရပါသည်။

image

သီလရှင်များဆန် အလှူခံ ရာတွင် ၃ နှစ် အရွယ်
ဆရာလေးများပါ ပါရှိသည်ကိုတွေ့ ရပါသည်။
အရွယ်ငယ်လေးများ များစွာပါတတ်ပါသည်။
ဆရာလေးများသည် များသောအားဖြင့် အဖွဲ့ လိုက်
အစုလိုက် ဆန်အလှူခံကြသည်။ တစ်ဦးစ
နှစ်ဦးစ အလှူခံ သည်မှာ အတွေ့ ရနည်းပါသည်။
သီလရှင်အုပ်စု ငယ်ငယ်မူလတန်းအရွယ်လေးများ
အား ဆန်လောင်းလှူလျှင် အသံစာစာများဖြင့်
ဆုပေးသံကို ငထွေးအမေက လွန်စွာသဘောကျ
ပါသည်။ အထက်တန်းအရွယ် ဆရာလေးများအား
ဆန်လောင်းလှူလျှင် အမေကပြောမပြီးတော့ပါ။

”ဆရာလေးတွေနဲ့ အေ ဆုပေးတာများ
ကပ်စေးနည်းချက် ကျယ်ကျယ်နဲ့ 
ကြာကြာလေးများဆိုပေးကြပါတော့လား
ခုတော့ နောက်ကလိုက်လာတဲ့အတိုင်း
ဆိုတာလဲ နုတ်ကမပွင့်တပွင့်အားမရချက်အေ”

ငထွေးအမေနှင့် ဆရာလေးများ အဲ့မှာစတွေ့ ကြပါပြီ။ ငထွေး တို့ တိုက်တန်းများက
အထပ်ငါးထပ် ၁၂ တိုက် ဒီတော့ ပညာရှိဆရာလေးများက သူရို့ အဖွဲ့ ကို အဖွဲ့ 
ခွဲကာဆန်အလှူခံကြပါသည်။ ၂ပါးစီ ၃ပါးစီ ခွဲကာဖြင့် အိမ်ပေါက်စေ့ အလှူခံနိုင်အောင်
သူရို့ အတွက်လဲသက်သာ ဆန်လဲရအောင်စီမံကြ ပါသည်။

image

အိမ်ပေါက်ရောက်ရှိလာသော ဆရာလေး၂ပါး
သည် ”ဒါနဆန်ပါရှင်” အလှူခံရာ အမေက
နို့ဆီ ခွက်ထဲမှဆန်ကို ဇွန်းဖြင့်ခပ်ယူလှူရာတွင်
ဆရာလေးမှ ”ဒကာမကြီး ခုနှစ် ပါး”
ဟုဆိုရာ အမေသည် မည်သို့မျှမပြော
နို့ဆီ ခွက်အတွင်းမှ ပထမ ၂ဇွန်းကို ဇွန်းအပြည့်
လောင်းပြီး နောက်အပါးများအတွက်
ဇွန်းအဖျားလေးတွင် ဆန်ကိုပါယုံမျှလောင်း
လေသည်။

ငထွေးလည်း အမေအခြေအနေကို အသာလေး ကြည့်နေပါသည်။ နောက်တစ်ခါ ဆရာလေး၃ပါး
ဆက်လက်၍ အလှူခံလာပြန်ပါသည်။
”ဒကာမကြီး ၁၂ပါး”
ဟုပြောရာ
”ဆရာလေးတို့  တပည့်တော်က
ဆရာလေးတို့ အားကြည်ညိုပြီး
လှူချင်တာပါ ကျန်တဲ့ဆရာလေးများလဲ
ကြည်ညိုချင်လို့ လာပြီး အလှူခံကြပါစေ”
ပြောကြားလေသည်။

image

ငထွေးမှာ အမေ့ကို မေးရပါတော့သည်
အမေကလည်း စောစောက ဆရာလေးတွေ
လို ဇွန်းနဲ့ နည်းနည်းလျှော့မလောင်းတော့ဘူးလား

”မလောင်းတော့ဘူး သူတို့ အတွက်နဲ့ 
အသက်ကြီးမှ
ငါ
ကုသိုလ်မရ ငရဲရနေမှာ စိုးရသဟေ့”
ပြန်ပြောလေသည်။

image

ခဏနေ တစ်ဖွဲ့ ရောက်လာသည် အမေ အိမ်ထဲဝင်ခိုက်ငထွေးလောင်းလိုက်သည်။ ၅နှစ်အရွယ် ဆရာလေးဦးဆောင်လာပြီး
ဒကာကြီး ၅ပါးပြောလေသည်။
ကျန်တဲ့ ၃ပါး ဘယ်ကြွလဲဆရာလေး မေးလိုက်ရာ

”ဆရာလေးသုံးပါးက အခြားတိုက်အလှူခံကြွတယ် ဆရာလေးတို့ ကတော့ ဒကာကြီး တို့ တိုက်နဲ့ ဟိုဖက်ကတိုက်ကိုကြွဖို့ ခွဲပြီးအလှူခံတာ နို့မို ဒကာကြီးတို့ တိုက်တွေအကုန်လုံးကို အလှူခံပြီးရင်
ညကျ ဆရာလေးတို့ ခြေထောက်တွေ ခဲဆွဲထားသလိုကြီး ဖြစ်နေတာ”

ပြော၍ထွက်ခွာသွားကြလေသည်။
ဆရာလေးပြောသံကို အိမ်ထဲမှ
အမေများ ကြားမလားပေါ့နော်...။

”အမေ့ကြားသလားဗျ…”

”အေး…ကြားသား” တဲ့ ဗျ။

Author @htwegyi
Photo @htwegyi
MSC.036

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center