ကဗျာကယာ ကသောကမျော

image

တန်ဆေး လွန်ဘေး ဆိုရိုးစကားရှိသည်။
ရှေးဆိုရိုးများက အလွန်မှန်ပေသည်။
မနေ့က စားကောင်းကောင်းနှင့်
စားလိုက်သည် ဗိုက်ကြီးအင့်၍ နေရ
ထိုင်ရခက်လှသည်။ အစားကို
တော်ယုံသင့်ယုံ အသင့်အသင့်သာ
စားသင့်သည်။

ငယ်စဉ်က ဝေသန္တရာ ဇာတ်တော်ကြီးတွင်
ပါဝင်သည့် ပုဏ္ဏားကြီး စားပိုးနင်၍
သေဆုံးသည်ကို ဖတ်ရှုသိမှတ်ခဲ့ရဖူးသည်။
အသွားမတော်တလှမ်း၊ အစားမတော်တလုတ်
အမှန်ပါပင်။ ရုံးမှ စာရေးမတစ်ဦး
မာလာကာသီးနှင့် အမှုန့်တို့စားရင်း
သီသွားခဲ့သည်။ အသက်မရှုနိုင်အောင်
ဖြစ်ခဲ့သည်။ နောက်ကျောကိုထုသော်လည်းမရ။
နောက်မှ ပွေ့ချီ၍စောင့်ချ ခါချပေးမှ
သက်သာကာ အသက်ပြန်ရှုနိုင်လေသည်။

အစာစားပြီးပါသော်လည်း ဒီခန္ဓာကိုယ်ကြီးက
မပြီသေးပေ။ စားခဲ့သည့် အစာများကို
ပြန်လည်စွန့်ထုတ်ရပေမည်။ ထိုအခါ
ကျွန်တော်တို့အတွက် မရှိမဖြစ်သသည့်
အိမ်သာဆိုသည်ကို သွားရောက်၍
အစာဟောင်းများကို စွန့်ထုတ်ရပါသည်။
အိမ်သာဆိုသည်မှာ အမည်နှင့်လိုက်အောင်
အိမ်သူအိမ်သားများကို သာယာအောင်
ပြုလုပ်ပေးသည် ။

img_0.09542790004384068.jpg

အစာဟောင်းကို စွန့်ထုတ်ရာတွင်
လွယ်ကူသူရှိသလို၊ မလွယ်ကူသူများလည်း
ရှိပေသည်။ လောကမှာ အိမ်သာတက်ရတာ
လောက် စည်းစိမ်ဆိုတာမရှိပေ။
ထိုကိစ္စနှင့် ပတ်သက်၍ ဘုရင်နှင့်
ပညာရှိတစ်ဦး ပြဿနာတက်ဖူးသည်။
ထိုအရာကို ပညာရှိက ဘုရင်အား
ဝမ်းနူးစာများကျွေး၍ လက်တွေ့ပြသည်။

ဝမ်းနူးစာ စား၍ဝမ်းသွားချင်နေသည့်
ဘုရင်ကို ပညာရှိက အချိန်ဆွဲထားသည်။
အချိန်ကျပြီဆိုမှ ဘုရင့်အား ဝမ်းသွားစေကာ
လက်တွေ့ပြခဲ့သည်။ ဒီအကြောင်းအရာကို
အချို့လည်းသိပြီဖြစ်မည်။ hive ပရိတ်သတ်ကြီးလည်း ဝမ်းသွားချင်‌နေသည့်အချိန်
အိမ်သာကို ကဗျာကယာ ရှာပြီး
ကသောကမျော ဝမ်းသွားခဲ့ကြဖူးပါသလား။
😁😁😁။

@htwegyi

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center