ရွှေကြက်ယက်မှသည် တောင်သမန်ဆီသို့

image

ဧရာဝတီမြစ်ရေတိုးသဖြင့် ဂေါဝိန်ဆိပ်ကမ်းသို့
မြစ်ရေကြည့်ရန် မိတ်ဆွေမိသားစုက ခေါ်၍
လိုက်ကြည့်မိသည်။ ၇၈လမ်းမှ ၃၅လမ်း
အနောက်သို့ဆင်းခဲ့ကြသည်။ ဂေါဝိန်ဆိပ်ကမ်းမှ
တောင်ဖက် ပေါ်တော်မူဘုရားနှင့် ခိုတောင်ရွာများ
ကိုဖြတ်သန်းကာ ဧရာဝတီမြစ်ရိုး တလျောက်
သွားရောက်ခဲ့သည်။

မိုးရာသီဆိုပါသော်လည်း ကျွန်တော်တို့ မန္တလေး
သည် မိုးရွာခဲသည်။ မြစ်ကမ်းဘေး လမ်းမ
တလျောက် မြစ်ရေတိုးသဖြင့် မြစ်ဆိပ်မဟုတ်
သော်လည်း ကုန်တင်သင်္ဘောကြီးများက
အဆင်ပြေသည့်နေရာများတွင် ကုန်တင်နေကြ
သည်။ ဘိလပ်မြေအိတ်များနှင့် ကျောက်မီးသွေး
များကို သင်္ဘောများထံ တင်ချပြုလုပ်နေကြသည်။ထို့ကြောင့် ကားလမ်းမတလျောက် မိုးမရွာသဖြင့်
ဖုံမှုန့်များက ကားကြီး ကားငယ်များ ဖြတ်သန်း
တိုင်း တထောင်ထောင်ထနေလေသည်။

05vofobehc.jpg

ကားလမ်းမတလျှောက် တဲအိမ်လေးများကို
များပြားစွာတွေ့ရသည်။ တဲအိမ်လေးများမှာ
အများအားဖြင့် ဖြစ်သလို မိုးကာများထိုးကာ
နေကြသည်။ ရွှေကြက်ယက် ရွှေကြက်ကျ
ဘုရားထံရောက်သောအခါ ကားပေါ်မှဆင်းကာ ဘုရားဖူးသည်။

ဘုရားဖူးပြီး ဧရာဝတီမြစ်၏ ရေကြီးနေမှုကို
ဘုရားကုန်းတော်ပေါ်မှ ကြည့်ရာ မြစ်ရေတို့က
အညိုရောင်းသန်းလျှက် အော်မြည်စွာ စီးဆင်း
နေလေသည်။ မြစ်အနောက်ဖက်ကမ်း စစ်ကိုင်း
တောင်တော်ပေါ်ရှိ စေတီဘုရားပုထိုးတော်များကို
လွမ်းဖွယ်ကောင်းစွာ ဖူးမျှော်ရသည်။ တောင်ဖက်
သို့ ဆက်လက်မျှော်ကြည့်ရာမှာတော့ စစ်ကိုင်း
တံတားနှင့် ဧရာဝတီ ရတနာပုံတံတားနှစ်စင်းက
မိုးတိမ်များအောက်မှာ ခန့်ထည်စွာ တည်ရှိနေသည်။

pj6fwbpi2u.jpg

8r05jr9c6h.jpg

ရွှေကြက်ယက် ရွှေကြက်ကျဘုရားများဖူးပြီး
တောင်သမန်းအင်းသို့ ဆက်လက်ချီတက်ခဲ့ကြ
သည်။ တောင်သမန်မှာတော့ လူတွေများလှသည်။
နိုင်ငံခြားသားများနှင့် လာရောက်လည်ပတ်သူများ
နှင့် စည်ကားနေသည်။ တံတားပေါ်သို့ လူများစွာ
တိုးဝှေ့ တက်နေကြသည်။ ကျွန်တော်တို့အဖွဲ့က
တောင်သမန်အတွင်း ငှက်လှေစီးကြသည်။

တောင်သမန်အင်းအတွင်း ငှက်လှေစီးရာတွင်
ကျွန်တော်တို့အုပ်စုမှာ လူများ၍ ငှက်လှေလှော်သူ
မှာ မသက်သာလှပါ။ ကလေးလူကြီး ၈ဦးဖြစ်သည်။
ငှက်လှေသည် တောင်င်သမန်အင်းအတွင် ဦးပိန်
တံတားထိပ်မှ တံတားတစ်ဝက်ထိသာပို့ပေးသည်။
ငှက်လှေစီးရင်း တံတားပေါ်မှရေချိုးသူ လူငယ်
အချို့က တံတားပေါ်မှ ဒိုင်ဗင်ထိုးချ၍ ကျွန်တော်
တို့လှေထံ ရေများစင်လေသည်။ လှေပေါ်ပါသူ
ကလေးမှ ဝေ့ဟေးဟေး သင်္ကြန်ကျနေတယ်
ပြောကာ လက်ခုပ်တီးကာပျော်နေသည်။

zujxet79wh.jpg

37gyqevnjv.jpg

tt1l47afz0.jpg

ရုံးပိတ်ရက် ဧရာဝတီ နှင့် တောင်သမန် သို့
ရောက်ရှိခဲ့သည့် အတွက် steemit မှာ ပိုစ့်တင်
ဖို့် အကြောင်းအရာလေး ရရှိခဲ့ပါသည်။

@htwegyi
Photo @htwegyi
MSC.036

H2
H3
H4
3 columns
2 columns
1 column
Join the conversation now