အဆက်အသွယ်၊ အကပ်ရယ်

image

ကျွန်တော်တို့ 10တန်းကို အောင်ဖို့ ကြိုးစားကြတယ်။
10တန်းဆိုတာ ဘဝကို အ‌ပြောင်အလည်လုပ်ပေးတဲ့၊ အဆုံးအဖြတ်ပေးတဲ့ အတန်းလို့လည်း
ငယ်စဉ်က ဆရာဆရာမများနဲ့ အမိအဖ၊
ဦးကြီး‌ ဒေါ်ကြီးများနှင့် ဆွေမျိုးအသိုင်းအဝိုင်းများ
ကြားမှာ အမြဲမပြတ်ကြားခဲ့ရသည်။
ဒါကြောင့် ကျွန်တော်တို့ 10တန်းအောင်ဖို့
ကြိုးစားခဲ့ကြသည်။ အစိုးရဌာနများမှာ
များသောအားဖြင့် 10တန်းအောင်မှသာ
လုပ်ကိုင်ခွင့်ရကြသည်။

သို့သော် ယနေ့အင်တာနက်ခေတ်၊ ဂလိုဘယ်လိုက်ဇေရှင်းခေတ်ကြီးမှာ လူငယ်တွေကို အတန်းပညာ
နှင့်အတူ လက်မှုလုပ်ငန်းများလည်း တက်မြောက်ရမည်။ ထိုအပြင်ဗဟုသုတများ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ခိုင်မာတိကျစေဖို့ အောင်မြင်ကျော်ကြားသူများ၏ အတွေ့အကြုံ
အခက်အခဲများကို အင်တာနက်မှသိရှိရစေသည်။ အားကျအတုယူစေဖွယ် မြင်တွေ့ကြားသိစေရသည်။
အင်တာနက်ဆိုတာကြီးက သုံးတတ်ရင်ဆေး၊
မသုံးတတ်ရင်ဘေးဖြစ်စေသည်။

ကဲ 10တန်းအောင် အဝေးသင်တက်ပြီး ဘွဲ့
တစ်ခုရတော့ ဘာဆက်လုပ်ရမလဲ။ အပြင်
ကုမ္ပဏီတစ်ခုမှာ လုပ်မလား။ အစိုးရဌာနတစ်ခုမှာ
ဝင်လုပ်မလား။ ဘယ်မှာပဲလုပ်လုပ် အဆက်
အသွယ်ရှိရပါမယ်။ အင်ဂျင်နီယာတို့၊ ဆေး
ကျောင်းတက်သူတို့ကို မပြောလိုပါ။ ရိုးရိုးသာမန်၊
ရိုးရိုးဘွဲ့ရလူငယ်များအတွက် ရေးသားခြင်းဖြစ်ပါသည်။

img_0.27241410011962547.jpg

ဒီမှာ အဆက်အသွယ်ဆိုတာကြီးက သိပ်မုန်းစရာ
ကောင်းသည်။ အစိုးရဝန်ထမ်းလုပ်ဖို့ အစိုးရဌာန
မှာ အသိရှိရမည်။ အကပ်ရှိရမည်ပေါ့။ ဘာမှ
မရှိလည်း ငွေပိုပေးရမည်ပေါ့လေ။ အဲ ပြောချင်တာက အကပ်ရှိလို့ အသိရှိလို့ ဝင်လာတဲ့လူသစ်
လူငယ်များသည်။ အလုပ်ကို လွယ်လွယ်ရလို့လား။
လုပ်ငန်းခွင်မှာ သူတို့ထင်မှတ်ထားသလို မဖြစ်လို့လားမသိပါ။ အဆိုပါ လူသစ်များသည် အလွယ်တကူ အလုပ်မှနှုတ်ထွက်သွားကြသည်။

သူတို့ကြောင့် အမှန်တကယ် အလုပ် လုပ်ကိုင်လို
သူတို့အတွက် အင်မတန်မှ နစ်နာရပါသည်။
အမှန်တယ်စိတ်ဝင်စားသူ၊ ဇွဲထက်သန်သူ၊
ရည်မှန်းချက်ရှိသူများအတွက် စိတ်ဓာတ်ကျစေသည်။ကျွန်တော်တို့ မြန်မာ့မီးရထား
ဌာနမှာသာမက အခြားသောဌာနများတွင်လည်း
အဆိုပါ အဆက်အသွယ်ဆိုတာကြီးကြောင့်
အမှန်တကယ် အလုပ်လုပ်ကိုင်သူတို့
များစွာနစ်နာရှာကြပါလေသည်။

@htwegyi

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center