ကျွန်မတို့နေထိုင်ရာမြန်မာနိုင်ငံက ကျွန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားပြီး တနင်္သာရီတိုင်းက မြန်မာနိုင်ငံမြေပုံရဲ့ အောက်ခြေမှာရှိပါတယ်ရှင်။ ကျွန်မရဲ့ဇာတိမြို့ဖြစ်တဲ့ မြိတ်မြို့ကို ဒေသအခေါ် ဘိတ်မြို့လို့ခေါ်ကြပြီး သယံဇာတများ၊ သဘာဝအဖိုးတန်ပစ္စည်းများ ပေါများလှတဲ့ ဘိတ်မြို့သူဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူမဆုံးဖြစ်ရပါတယ်ရှင်။
နေသာတဲ့နေ့တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ကျွန်မတို့ကျောင်းကဆရာမများ စုပေါင်းပြီး ကမ်းခြေတစ်ခုကို နှစ်တနှစ်ရဲ့အပန်းဖြေခရီးတိုအလည်အပတ်သွားဖို့ ဖိုးရှမ်းကမ်းခြေကို
ရွေးခဲ့မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိုးရှမ်းကမ်းခြေက ကျွန်မတို့မြို့နဲ့ဆိုရင် နေ့ချင်းပြန်သွားလို့ရတဲ့ခရီးဖြစ်လို့ပါဘဲ့။
ဆရာမများအားလုံးခရီးအတွက် ရင်ခုန်စိတ်လှုပ်ရှားရင်း ကမ်းခြေရောက်ရင်စားဖို့ အစားအသောက်တွေကို သူတစ်ခု ကိုယ်တခု စီစဉ်နေကြတာ တက်ကြွလန်းဆန်းနေတာပါဘဲ့။ ကျွန်မကတော့ အုပ်စုထဲမှာအငယ်ဆုံးဖြစ်တဲ့ အတွက် လက်ဖက်သုပ်နဲ့အချဉ်ထုပ်တွေကို ယူလာဖို့တာဝန်ခွဲပေးခဲ့တယ်။
မနက်ပိုင်း၅နာရီ ကျောင်းမှာစုရပ်ကြပြီး ခရီးကိုစတင်ခဲ့ပါတယ်။ ခရီးမစခင်တော့ ထုံးစံအတိုင်းselfieလေးတွေနဲ့ ပွက်လောရိုက်ခဲ့တာပေါ့ရှင်။ 😊😊😊 မြိတ်ကနေ ၄နာရီကြာသွားရတဲ့ ဖိုးရှမ်းကမ်းခြေ ကို မရောက်မီ လမ်းတလျှောက် ကျွဲကူးတံတားကိုလဲဖြတ်ရပြီး ဘုရားရဲ့ခြေတော်ရာရှိတဲ့ ပါဒစက်တော်ရာကိုလဲ ဖြတ်ခဲ့ရတယ်။
ပလောက်၊ ပလ မြို့တွေကိုလဲ ဖြတ်ခဲ့ရတာပေါ့။ ပြီးမှ ပုလောမြို့ကိုဖြတ်ပြီး ရှပ်ပုံရွာကိုဖြတ်ကာ ဖိုးရှမ်းကမ်းခြေလေးကို ရောက်ခဲ့တာပေါ့ရှင်။ ကမ်းခြေကိုမြင်လိုက်ရတဲ့အခါမှာတော့ ကျွန်မတို့ဆရာမတစ်စုလုံး ဟေး........လို့အော် ပြီး ကားစီးရတဲ့အညောင်းအညာလေးတွေက ယူပစ်သလိုပျောက်ခဲ့တယ်လို့ပြောရင် ပိုတယ်မထင်ပါနဲ့ရှင်။😊😊😊
ကားပေါ်မှာပါတဲ့ ပစ္စည်းတွေကိုလဲချ ရေထဲဆင်းချင်တဲ့စိတ်ကို တော်တော်ထိန်းချုပ်ရနဲ့ ကမ်းခြေကိုလဲ တငေးငေးပေါ့ရှင်။ နောက်တော့ ကမ်းခြေမှာရှိတဲ့ ဖိုးရှမ်းဘုရားကိုအရင်ဦးဆုံးဖူးမျှော်ဖို့ ကမ်းခြေကို ဖြတ်ကာ ရေကျရက်ဆိုတော့ သောင်ပြင် တလျှောက် လမ်းလျှောက်လာခဲ့တယ်။ ကမ်းခြေတလျှောက် ဖိနပ်မပါဘဲလမ်းလျှောက်ရ တဲ့ခံစားချက်နဲ့အတူ ခရုလေးတွေကိုလဲ တခုစီလိုက်ကောင်းရင်း ဘုရားကိုရောက်ခဲ့တယ်.
ဘုရားမှာ ပြုပြင်မွမ်းမံဖို့အလှူငွေထည့်ရင်း လှေကားတွေကိုဖြတ်ကျော်ပြီး ဘုရားကိုဖူးမျှော်ကာ ခဏထိုင်အမောဖြေရင်း လှေကားထစ်လေးကိုကြည့်ပြီး ကျွန်မအတွေးလေး ခဏ၀င်မိတာက ကျွန်မတို့ဘ၀တွေဟာလည်း လှေကားထစ်လိုဘဲ့ တဆင့်ချင်းတဆင့်ချင်း လိုရာပန်းတိုင်ရောက်ဖို့ တရွေ့ရွေ့ကြိုးစားခဲ့ရတာကို အတွေးဝင်ရင်း နောက်ထပ်တက်ရမဲ့ ဘ၀လမ်းကို မြင်ယောင်မိခဲ့ တယ်.
ဘုရားပေါ်ကပြန်ဆင်းချိန်က ရေတက်နေတော့ တံတားလေးကိုဖြတ်ပြီးလာခဲ့ရတယ်. ကမ်းခြေမှာဆရာမတွေ အမှတ်တရဓာတ်ပုံရိုက်ပြီး လတ်ဆတ်တဲ့ ပင်လယ်စာ ငါးကင်တွေ . ပုစွန်ကြော် . ပြည်ကြီးငါးကင်တွေ. ဂဏန်းကြော်တွေ . အုန်းသီးနုရည်သောက်ရင်း ခဏနားကြတာပေါ့.
ရေလဲတက်လာပြီဆိုတော့ အားလုံးရေထဲဆင်းဖို့ တက်ညီလက်ညီနဲ့ တိုင်ပင်စရာတောင်မလိုတော့သလိုပါဘဲ့. 😊😊😊
ကမ်းခြေလေးက လှသလို မြင်ရတဲ့ရှူခင်းလေးကလဲ မြင်ရသူအဖို့ ကျေနပ်ပျော်ရွှင်စေဖို့ အပြည့်အ၀ ယုံကြည်မိတယ်ရှင့်. ရေထဲဆော့ပြီး သောင်ပြင်ပေါ်ပြန်ရောက်တော့ ကိုယ်စီကိုယ်စီ စီစဉ်လာတဲ့ စားသောက်ဖွယ်ရာတွေကို စုပေါင်းပြီး လက်ဆုံစားကြတာက ပကာသနမပါတဲ့စားဝိုင်းလေးဟာ ကြည်နူးမိတာ အမှန်ပါ.
ကျွန်မတို့ရဲ့ခရီးစဉ်လေးက အပြန်ခရီးကိုရောက်လာတော့ အိမ်အတွက် လက်ဆောင်လေးတွေဝယ်ရင်း မနက်ဖြန်အတွက် ကလေးများကိုစာသင်ဖို့ အားအင်တွေ ပြည့်ခဲ့ရတာပေါ့ရှင်. စာဖတ်သူ သူငယ်ချင်းအပေါင်းကိုလဲ လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်. ဘ၀အမောတွေ ပြေပျောက်ဖို့ ဖိုးရှမ်းကမ်းခြေကို လာလည်ဖို့ မမေ့ပါနဲ့နော်.
😊😊😊😊😊