မျက်​စိထဲပိုးဝင်​သွားတယ်

cf2018_02_01_12_21_04.jpg
မင်္ဂလာပါဗျ။ဒီရက်​ပိုင်းမှာ ကျွန်​​တော့မျက်​လုံးထဲပိုးဝင်​မှု​လေးဖြစ်​ခဲ့တယ်​ဗျာ။ ဘယ်​လိုစဖြစ်​လည်းဆိုရင်​ ရုံးမှာ စာရွက်​စာတမ်း​တွေကြည့်​​နေတဲ့အချိန်​မှာ ရုတ်​တရက်​ မျက်​စိထဲတစ်​ခုခု​ပြေးဝင်​လာသလိုခံစားလိုက်​ရတယ်​။ အဲ့​နောက်​​တော့ မျက်​စိက ခိုးလို့ခုလုဖြစ်​လိုက်​ ​ပျောက်​သွားလိုက်​ ခိုးလိုခုလုဖြစ်​လိုက်​ ​ပျောက်​သွားလိုက်​နဲ့ ဖြစ်​​နေတယ်​ဗျ။ အဲ့ဒါနဲ့မျက်​စိကို ဟိုပွတ်​ဒီပွတ်​လုပ်​​တော့တာ​ပေါ့ဗျာ။ အဲ့ဒါက​နေမှ မျက်​စိက စပီး​တော့ ယားလာပါတယ်​။ ယားလိုက်​ ​ပျောက်​လိုက်​နဲ့ပါပဲ။ ကျွန်​​တော်​လည်းအမှုမဲ့ အမှတ်​မဲ့ ထားလိုက်​ပါတယ်​။

ဒီလိုနဲ့ည​နေရုံးဆင်း​တော့ အ​ဆောင်​ကို ပြန်​လာခဲ့ပါတယ်​။ အဲ့ဒီအချိန်​ကျ​တော့ ဘာမှမဖြစ်​​တော့သလိုပဲဗျ။ ​နောက်​ပိုင်း ည​နေစာစားပီး အ​ဆောင်​ကို ပြန်​​ရောက်​​တော့ ထယားလာပါတယ်​။ ကျွန်​​တော်​လည်း မျက်​စိထဲ အမှိုက်​ဝင်​တာထင်​တယ်​ဆိုပီး​တော့ ​ရေခွက်​ထဲ​ရေထဲ့ပီး မျက်​စိကို ​ရေထဲမှာ ဖွင့်​လိုက်​ ပိတ်​လိုက်​လုပ်​ လိုက်​ပါတယ်​။ ခန​တော့ သက်​သာသွားတယ်​။ ကျွန်​​တော်​လည်း မျက်​နှာသုတ်​ပီး အိပ်​ယာဝင်​လိုက်​ပါတယ်​။ ​နောက်​​နေ့မနက်​​ရောက်​တဲ့ထိဘာမှမဖြစ်​ပါဘူး။ အလုပ်​လည်း ​ကောင်း​ကောင်းသွားနိုင်​ခဲ့ပါတယ်​။

ဘယ်​အချိန်​မှာစဖြစ်​တာလည်းဆို​တော့ ​နေ့လည်​ထမင်းစားပီး ချိန်​မှာ မျက်​စိက ပြန်​ယားလာတယ်​ဗျ။ ခိုးလိုခုလုလည်း ပြန်​ဖြစ်​လာတယ်​။ အဲ့ဒါနဲ့ ကျွန်​​တော်​လည်း​နောက်​တစ်​ခါ မျက်​စိကို ​ရေနဲ့ခတ်​ဖို့ ရုံးက သန့်​စင်​ခန်းထဲကိုဝင်​သွားလိုက်​ပါတယ်​။ အဲ့ဒီမှာ ​ရေတံ​ခေါက်​ကို ဖွင့်​ပီး ကျလာတဲ့​ရေနဲ့ မျက်​စိကို ခတ်​ပါတယ်​။ သက်​သာသလိုလို မသက်​သာသလိုလိုဖြစ်​ပါတယ်​။ အဲ့​နောက်​မှာ​တော့ ​နေလို့ရတယ်​ဆိုပီး ကျွန်​​တော်​ဒီတိုင်း​နေလိုက်​ပါတယ်​။ ည​နေပိုင်း​ရောက်​လာ​လေ ပိုယားလာ​လေ ပိုပီး ခိုးလိုခုလုဖြစ်​လာ​လေနဲ့ မျက်​စိကလည်း ပိုရဲပီး ​ယောင်​လာပါတယ်​။

ကျွန်​​တော့ကို ရုံးကဝန်​ထမ်း​တွေက​တောင်​​ပြောကြတယ်​ "အကို့မျက်​လုံးက ​ယောက်​လာတယ်​​နော်​"တဲ့ ၊အဲ့ဒါနဲ့ကျွန်​​တော်​လည်း ​နောက်​​နေ့နံနက်​ပိုင်း ​ဆေးခန်းသွားပြလိုက်​တယ်​။ ​ဆေးခန်းကဆရာက မျက်​စိကို အ​ပေါ်​အောက်​ ဖြဲကြည့်​ပီး​တော့ မျက်​စိကျိန်းတာဖြစ်​မယ်​ဆိုပီး တင်​ပါးကို​ဆေးထိုး​ပေးပါတယ်​။ ​နောက်​ပီး ​သောက်​​ဆေး​တွေ​ပေးလိုက်​ပါတယ်​။ ​ဆေးထိုးပီးပီးချင်း သက်​သာပါတယ်​။ မျက်​စိ​ယောင်​တာလည်းကျပါတယ်​။ အဲ့ဒါနဲ့ အဲ့ဒီတစ်​​နေ့ ဆရာ​ပေးတဲ့​ဆေး​တွေကို​သောက်​ရင်းနဲ့ သက်​သာလာပါတယ်​။ ဒါ​ပေမဲ့​နောက်​​နေ့​ရောက်​လာ​တော့ မျက်​စိကပြန်​​ယောင်​​နေပါတယ်​။ ရဲလည်း ရဲ​နေပါတယ်​။ အဲ့ဒါနဲ့ကျွန်​​တော်​လည်း ​ဆေး​တွေကို​သေချာ​သောက်​ပါတယ်​။ မသက်​သာပါဘူး။

တတိယ​နေ့မှာ​တော့ ဆရာ​ပေးထားတဲ့​ဆေး​တွေကို ထပ်​မ​သောက်​ပဲ ဆရာ့စီကို ထပ်​သွားလိုက်​ပါတယ်​။ "ဆရာ မသက်​သာဘူးဆရာ၊ပီး​တော့ မျက်​စိထဲမှာလည်းခိုးလိုခုလုဖြစ်​သလိုခံစားရတယ်​ဆရာ"လို့​ပြောလိုက်​ပါတယ်​။ အဲ့အခါ ဆရာက ဟုတ်​လား ဆိုပီးမျက်​စိကို အ​ပေါ်​အောက်​ ထပ်​ဖြဲ ကြည့်​ပါတယ်​။ အင်းမျက်​စိက ပိုးဝင်​တာဆိုပီး ပိုးသတ်​​ဆေးကို ကျွန်​​တော့ လက်​မှာထိုး​ပေးပါတယ်​။ ​ဆေးထိုးပီး​တော့ ​သောက်​​ဆေး​တွေနဲ့ ပိုးသတ်​​ဆေး​တွေပို​ပေးခဲ့ပါတယ်​။ ကျွန်​​တော့်​ကို ​နောက်​၄ရက်​စာ​ဆေး​တွေ​ပေးလိုက်​ပါတယ်​။ ဖုန်းနဲ့ ကွန်​ပျူတာ ​လျော့သုံးပါလို့လည်း မှာလိုက်​ပါတယ်​။ ကျွန်​​တေယ်​လည်း ​လျော့သုံးပါတယ်​။ ​လျော့သုံးတဲ့ကြားထဲက bot အ​ကြောင်း​လေးလည်း ​လေ့လာဖြစ်​ပါ​သေးတယ်​ ဟီးဟီး။ ခုဆိုရင်​ ဒုတိယအကြိမ်​​ဆေးခန်းပြပီး​တော့ ဒုတိယ​နေ့ရှိပါပီ။ မျက်​စိထဲခိုးလိုခုလု မဖြစ်​​တော့ပါဘူး။ ကြည့်​ရတာ ပိုး​ကောင်​​သေ သွားပီထင်​တယ်​ဗျ။ မျက်​စိက​တော့ ​ယောင်​​နေဆဲနဲ့ ရဲ​နေတာ နည်းနည်းသက်​သာလာပါတယ်​။ ​ဆေး​တွေ​သောက်​ဆဲ မျက်​စဉ်းလည်းခတ်​ဆဲပါပဲ။

ကျွန်​​တော်​​သောက်​တဲ့​ဆေးထဲမှာ ပိုးသတ်​​ဆေး ၄ မျိုးရယ်​။ ပိုးသတ်​တဲ့ မျက်​စဉ်း​ဆေးရယ်​ပါဝင်​ပါတယ်​။ မျက်​စဉ်းခတ်​တဲ့အခါ ဖြစ်​တာ​လေးလည်း​ပြောပြချင်​ပါတယ်​ဗျ။ အဲ့ဒါက မျက်​စဉ်းခတ်​ပီးရင်​ အာ​ခေါင်​ထဲမှာ ခါးသက်​သက်​နဲ့ ဖြစ်​တယ်​ဗျ။ အဲ့ဒါကို ဘာလို့ဖြစ်​တာလည်းလို့​မေးကြည့်​တဲ့အခါကျ​တော့ မျက်​စိရယ်​ ပါးစပ်​ရယ်​ နှာ​ခေါင်းရယ်​က အာ​ခေါင်​ တစ်​​နေရာမှာ ဆက်​​နေပါတယ်​တဲ့။ တစ်​ခုအလုပ်​လုပ်​​နေရင်​ ကျန်​၂ခုက ပိတ်​​နေတယ်​တဲ့။ ကျွန်​​တော်​တို့ ​တွေ ထမင်းသီးတာတို့​တွေဖြစ်​တဲ့အခါ နှာ​ပေါက်​နဲ့ ပါးစပ်​​ပေါက်​နဲ့ မှားပီး ပြန်​ကန်​ထွက်​လို့ ထမင်းက နှာ​ခေါင်း​ပေါက်​ထဲ​ရောက်​တတ်​တယ်​လို့လည်း​ပြောပါတယ်​။ ဒါက ​တော့ ဗဟုသုတတစ်​ခု​ပေါ့။ ​လော​လောဆယ်​​တော့ ​ဆေး​သောက်​​နေဆဲပါဗျ။

Writer caesarsupaimin
MSC-025

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center