မန္တလေးမြို့သို့

  မန္တလေးမြို့ကြီးရဲ့ မြို့နယ်များကို အနည်းငယ်ပြောပြချင်ပါတယ်။ တစ်ချို့ကျတော့ မိမိဘယ်မြို့နယ်ထဲမှာနေထိုင်လည်းဆိုတာကို မသိကြလို့ပါ။ 

 ကျွန်တော်တို့ မန္တလေးကျုံးကြီးရဲ့ မြောက်ဘက်ခြင်းကနေမှ ကျုံးတောင်ဘက်ရှိ ၂၆ လမ်းထိကို အောင်မြေသာစံမြို့နယ်လို့ သက်မှတ်ပါတယ်။

 မန္တလေးကျုံးကြီးရဲ့ တောင်ဘက် ၂၆လမ်းကနေမှ တောင်ဘက် ၃၅ လမ်းထိကို ချမ်းအေးသာစံမြို့နယ်အဖြစ် သက်မှတ်ပါတယ်။ ၃၅လမ်းကနေမှ တောင်ဘက် သိပ္ပံလမ်းထိကို မဟာအောင်မြေမြို့နယ်အဖြစ် သက်မှတ်ပါတယ်။

 သိပ္ပံလမ်းကနေမှတောင်ဘက်ကိုဆက်သွားလိုက်ရင်  ရထား သံလမ်းရောက်တဲ့ထိကို ချမ်းမြသာစည်မြို့နယ်အဖြစ် သက်မှတ်ပါတယ်။

 ရထား သံလမ်းကနေမှ တောင်ဘက်ကိုဆက်သွားလိုက်ရင်တော့ ပြည်ကြီးတံခွန်မြို့နယ်ကိုရောက်ရှိမှာဖြစ်ပါတယ်။  

မန္တလေးမြို့အနေနဲ့ အရှေ့ အနောက် တောင် မြောက် အရပ်များကို မျက်နှာမူထားသော လမ်းများဖောက်လုပ်ထားသည့်အတွက် လမ်းနံပါတ်သိလျှင် မည်သည့်နေရာမဆို အလွယ်တကူသွားရောက်နိုင်ပါတယ်။  နောက်ပီး  အမရပူရမြို့နယ် ၊ ပုသိမ်ကြီးမြို့နယ်လည်းရှိပါသေးတယ်။

 ကျွန်တော်မရောက်ဖူးသေးတော့ သေချာမသိသေးလို့ မရေးဖြစ်သေးပါဘူးဗျ။ မန္တလေးမြို့ကြီးမှာ လည်ပတ်နိုင်တဲ့နေရာတွေ အတော်များများရှိပါတယ်။

 ဘုရားစေတီ ပုထိုးများလည်း များစွာရှိတဲ့အတွက် နိုင်ငံခြားသွားကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါတယ်။  မြနန်းစံကျော်ရွှေနန်းတော်ကြီး နှင့် မန္တလေးတောင်တော်ကြီးကတော့ ပထမဦးစားပေး ဆွဲဆောင်မှုအကောင်းဆုံးနေရာဖြစ်ပါတယ်။ ပီးရင်တော့ ဦးပိန်တံတားဖြစ်ပါတယ်။ နောက်ထပ်နေရာတွေကလည်းများစွာရှိပါသေးတယ်။ ဘုရားတွေတော်တော်များများ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်ကြပါတယ်။ ကျွန်တော်ကတော့ ဘုရားတွေ မရောက်ဖူးတော့ သေချာမသိလို့ မရေးပြတော့ပါဘူးဗျ။ ကစားကွင်းတွေအနေနဲ့ မြို့တော်ဝန်ကစားကွင်းရှိပါတယ်။ နောက်ပီး ကန်တော်ကြီးဘေးမှာလည်း ကန်တော်ကြီး water park ရှိပါတယ်။ တိရိစ္ဆာန်ဥယျာဉ်အနေနဲ့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကြီးရှိပါတယ်။

  နိုင်ငံခြားသားတွေအတွက် အဆင့်မြင့် ဟိုတယ်တွေလည်း များစွာရှိပါတယ်။ Mandalay Hill Resort Hotel ကတော့ မန္တလေးတောင်ခြေမှာတည်ရှိပါတယ်။ Sedona Hotel ကတော့ ကျုံး ထောင့် ၂၆လမ်းနဲ့ ၅၆လမ်းထောင့်မှာ ရှိပါတယ်။ လောလောဆယ်မှာတော့ ပြုပြင်ထိန်းသိမ်းခြင်းတွေပြုလုပ်နေပါတယ်။ Hilton လို့လည်း နာမည်ပြောင်းထားတာကိုတွေ့ရပါတယ်။ သူ့ရဲ့ဘေးမှာတော့ Mandalay Swan Hotel ရှိပါတယ်။ Yadanarbon Dynesty Hotel ကလည်း လှပတဲ့  ဟိုတယ်ကြီးတစ်လုံးဖြစ်ပါတယ်။ Hotel Marvel ကတော့ ကျွန်တော်တို့ မန္တလေးမြို့လည်ခေါင်က ဘူတာကြီးရဲ့အပေါ်မှာ ရှိပါတယ်။ ရေးပြရင်တော့ ဟိုတယ်တွေ တည်းခိုခန်းတွေ အများကြီးပီးမှာမဟုတ်တော့ပါဘူးဗျာ။

 မန္တလေးမြို့ကြီးကတော့ မည်သည့်အရပ်ကလာတဲ့ ဘယ်နိုင်ငံသားမဆို နွေးနွေးထွေးထွေး ကြိုဆိုလျက်ပါပဲဗျာ။ မန္တလေးမြို့က ရာသီဥတုပူတာများတာကိုးဗျ။ ဒါပေမဲ့ ဆောင်းတွင်းဘက် ချမ်းပီဆိုရင်လည်း ခိုက်ခိုက်တုန်အောင်ချမ်းပါတယ်ဗျာ။  မန္တလေးမြို့ကြီးမှာနေတော့ မန္တလေးမြို့ကြီးမှာ ပျော်တာပေါ့ဗျာ။ အားလုံးလည်း အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။   


မန္တလေးမှာ ဘီယာဆိုင်တွေလည်းပေါပါတယ်ဗျ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now