ကြက်ဥပေါင်း

ကြက်ဥကိုကြော်စား ပြုတ်စား ပြုတ်ထားပြီးသားကြက်ဥကိုခရမ်းချဉ်သီးကြက်သွန်နီများဖြင့်ပြန်ချက်ပြီးအမျိုးမျိုးပြုလုပ်စားဖြစ်တယ်။ကြော်တာပြုတ်တာတွေစားရတာငြီးငွေ့လာရင်တစ်ခါတလေကြက်ဥကိုပေါင်းပြီးသုပ်စားတဲ့အခါစားတယ်ပေါင်းပြီးသားကြက်ဥကိုချက်ပြီးလည်းဟင်းအဖြစ်စားဖြစ်တယ်။

image

ကြက်ဥပေါင်းအရသာကထုတ်ထုတ်လေးနဲ့စိမ့်ပြီးစားကောင်းတယ်။ကြက်ဥပေါင်းတာမခက်ပါဘူးရိုးရှင်းလွယ်ကူပါတယ်။ကြက်ဥကိုကိုယ်စားချင်သလောက်၃လုံး(သို့ )၅လုးံပေါင်းလည်းရတယ်။ကြက်ဥကိုပန်းကန်လုးံ (သို့ )စတီးဇလုံထဲဖောက်ထည့်ပြီးခေါက်မွှေပါဆားအနည်းငယ်ထည့်ပါ။
image

အိုးတစ်လုးံထဲရေအနည်းငယ်ထည့်ပြီးကြက်ဥထည့်ထားသောပန်းကန်(သို့ )ဇလုံကိုပေါင်းတဲ့ဇကာရှိရင်ဇကာပေါ်တင်ပါဇကာမရှိလျှင်ရေထဲထည့်ပါအိုးအဖုးံပိတ်ပြီးမီးဖိုပေါ်တည်ပါရေနွေးဆူလာပြီး၁၅မိနစ်ဆိုလျှင်ကျက်ပါပြီ။အိုးကိုမီးဖိုပေါ်မှချပြီးကြက်ဥပေါင်းပန်းကန်ကိုဆယ်ပြီးအအေးခံထားပါ။အေးသွားလျှင်ဓါးနှင်ကိုယ်နှစ်သက်သလိုအနေထားလေးများလှီးပြီးသုပ်စားစား ချက်စားစားပြု လုပ်စားသုံးလို့ ရပါပြီ။
ကြက်ဥပေါင်းကိုကြက်သွန်နီ ခရမ်းချဉ်သီးမမှည့်တမှည့် ငရုတ်သီးစိမ်းတောင့် နံနံပင် ဆီတို့ ဖြင့်သုပ်ပြီးသရေစာအဖြစ်ရေနွေးကြမ်းနဲ့စားစားထမင်းနှင့်စားစား အရသာတစ်မျိုးလေးစားလို့ ကောင်းပါသည်။
ကြက်ဥအလုးံရေများလျှင်အချိန်တော်တော်ကြာကြာပေါင်းရပါတယ်။ျကျွန်မရေးထားတဲ့၁၅မိနစ်က၃လုးံ( သို့ )၅လုးံတွက်အချိန်ပါ။ဒီနေ့ အိမ်မှာကြက်ဥပေါင်းစားဖြစ်တာနဲ့ပြု လုပ်နည်းလေးမျှဝေခြင်းဖြစ်ပါတယ်။တစ်ချို့ တွေလည်းပေါင်းပြီးစားဖူးတဲ့သူတွေလည်းရှိကြမှာပါ။

မြန်မာစတီးမစ်မိသားစုဝင်များအားလုးံကျန်းမာချမ်းသာကြပါစေ

photo by @AyeAyeThaw

Author @AyeAyeThaw

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency