ရောက်ခဲ့ဖူးပြီရှိမ်းမကားတောရကျောင်းတော်ဆီ

ရှိမ်းမကားတောရကျောင်းကြီးကိုရောက်ဖူးချင်ခဲ့တာကြာပါပြီကျွန်မမြို့နဲ့မြစ် ပဲခြားနေပေမဲ့မရောက်ဖြစ်ပါဘူး။မတ္တရာပညာရေးမိသားစုကထိန်က ရှိမ်းမကားမြို့ရေမော်ကျောင်းတိုက်သို့ သွားရောက်ဆက်ကပ်ရာတွင်လိုက်ပါရမယ်ဆိုတော့သွားချင်နေတဲ့ကျွန်မဆန္ဒလည်းပြည့်ပြီပေါ့။ image

ရှိမ်မကားကို17.11.18ညနေပိုင်းကထိန်ခင်းကတည်းကသွားကြသူများလည်းရှိပြီး18.11.18နေ့ မနက်ခင်းသွားကြသူများလည်းရှိရာကျွန်မတို့ ကတော့မနက်၅နာရီမှရှိမ်းမကားကိုထွက်ခဲ့ကြပါတယ်။ကျွန်မတို့ အဖွဲ့တွေကရေလမ်းကမသွားဘဲမန္တလေးမှစစ်ကိုင်း-ရွှေဘိုကားလမ်း စစ်ကိုင်းမြို့အထွက်ခရိုင်းချ င်းဆက်လမ်းအမှတ်၃မှရှိမ်းမကားသို့ သွားခဲ့ကြတယ်။ရေမော်ကျောင်းတိုက်တွင်ကထိန်သင်္ကန်းနှင့်လှူ ဖွယ်ပစ္စည်းများကိုဆက်ကပ်ရေစက်ချ လှူ ဒါန်း ကြပြီး၁၂၂၄ခုနှစ်ကမင်းတုန်းမင်းသည်ပထမရွှေကျင်သာသနာပိုင်ဆရာတော်ကြီးသီတင်းသုးံနိုင်ရန်ဘေးမဲ့တောအတွင်းဆောက်လုပ်လှူ ဒါန်းခဲ့သောတောရကျောင်းတော်ကြီးသို့ ထွက်ခဲ့ကြပါတယ်။

image
တောရကျောင်းဆီကိုသွားရန်ဘေးမဲ့တောအဝင်တွင်ခြင်္သေ့နှစ်ကောင်ရုပ်ထုနှင့်အုတ်လမ်းလေးရှိရာထိုအုတ်လမ်းလေးအတိုင်းဝင်လာခဲ့ရာဘေးတွင်သစ်ပင်ကြီးငယ်များနှင်အေးချမ်းလှပါတယ်။

image

တောရကျောင်းထဲဝင်လိုက်တာနဲ့ဘုံခုနှစ်ဆင့်ပြသာဒ်နှင့်ဆောက်ထားသောသစ်သားကျောင်းကြီးကိုမြင်တွေ့ရတယ်။သစ်သားကျောင်းအရှေ့ဘက်တွင်မင်းတုန်းမင်းကုသိုလ်တော်နှစ်ထပ်အုတ်ကျောင်းများကိုတွေ့ရတယ်။
image

image

နှစ်ထပ်အုတ်ကျောင်း၏ မြန်မာ့ဗိသုကာပန်းတော့ ပန်းပြောက်ရုပ်လုးံ ရုပ်ကြွများကိုလည်းမြင်တွေ့ရပါတယ်။ကျောင်းအုတ်လှေကားပေါ်အမှတ်တရပုရိုက်နေကြသူများကြားမှဖြတ်ပြီးကျောင်းပေါ်တက်ခဲ့ပြီးကျောင်းပေါ်ကနေအဝေးရှုခင်းများကိုကြည့်ရာမြစ်တစ်ဖက်ကမ်းကမတ္တရာစကျင်တောင်အလှကိုမြင်တွေ့ရတယ်။

image

ကျောင်းပေါ်ကနေစကျင်တောင်ပုံကိုရိုက်ခဲ့ပြီးကျောင်းပေါ်မှပြန်ဆင်းလာခဲ့တယ်အဲ့ဒီနောက်ရေဆိပ်ဘက်သွားရအောင်ပြောတာနဲ့ရေဆိပ်ဘက်ဆင်းခဲ့ရာကမ်းခြေထိမရောက်ခဲ့ဘဲပြန်တက်လာခဲ့တယ်ရေဆိပ်ဘက်ကနေပုံရိုက်ရင်လှတယ်ပြောကြပေမဲ့ခေတ်အဆက်ဆက်ကျောင်းထိုင်ဆရာတော်များထိန်းသိမ်းခဲ့သောမင်းတုန်းမင်းလှူ ဒါန်းထားတဲ့ဆွမ်းအုပ်,ဆွမ်းချို င့်,ရွဲလုးံများနှင့်အလှဆင်ထားပြီးဆီထည့်ထွန်းရတဲ့မီးဆိုင်းများ,စာတိုက်ဘီရို များကို အချိန်မရရင်မကြည့်လိုက်ရမှာစိုးတာနဲ့ပြန်တက်လာပြီးအဲ့ဒါတွေဘယ်နားမှာရှိလဲလူတစ်ယောက်ကိုမေးခဲ့ရာထိုသူမှသစ်သားကျောင်းပေါ်လိုက်ပို့ ပေးလို့ ရှေးဟောင်းပစ္စည်းများကိုမြင်တွေ့ခဲ့ရပါတယ်။
image

အဖွဲ့နဲ့သွားတာဆိုတော့ကိုယ့်ကိုစောင့်နေရရင်မကောင်းဘူးဆိုပြီးကားရှရာကိုသွားတဲ့လမ်းကမသွားဘဲလာခဲ့တဲ့အုတ်လမ်းလေးအတိုင်းဘေးမဲ့ကေပြန်ထွက်ရင်းလူရှင်နေတာနဲ့ဘေးမဲ့တောလမ်းကိုအမှတ်တရပုံလေးတွေလည်းရိုက်ရင်းနဲ့ကားဆီကိုပြန်လာခဲ့တော့ တယ်။ရှိမ်းမကားတောရကျောင်းဘေးမဲ့တောကိုတော့ရောက်ဖူးခဲ့ပြီ။မိတ်ဆွေတို့ သွားမယ်ဆိုရင်ရှိမ်းမကား က စစ်ကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်ထဲမှာရှိပါတယ်။

မြန်မာစတီးမစ်မိသားစုဝင်များကျန်းမာချမ်းသာကြပါစေ

photo by @AyeAyeThaw

Author @AyeAyeThaw

H2
H3
H4
3 columns
2 columns
1 column
Join the conversation now