Knowledge Medicine

image

Fluconazole(ဖလူကိုနာ​ဇော)

ဆေးအသုံးပြုရန်​​ရောဂါ
အမျိုးမျိုး​သောမှို​ရောဂါများအတွက်​ အသုံးပြု​သော ​ဆေးဖြစ်​ပါသည်​။
ဗောက်​၊ညှင်း၊​ပွေး၊ဂျွတ်​၊သဲဝဲ စ​သောမှိုစွဲနာများတွင်​လည်း အသုံးပြုသည်​။
အာ​ခေါင်​တွင်​မှာဖြစ်​​သော မက်​ခရု၊အမျိုးသမီးများတွင်​ဖြစ်​​သော အဖြူးဆင်း​ရောဂါများတွင်​လည်း အသုံးပြုသည်​။

ဆေးအသုံးပြုရန်​နှင့်​လမ်းညွှန်
ဗောက်​၊​ပွေး၊ညှင်း၊ဂျွတ်​၊သဲဝဲစသည့်​ မှိုစွဲနာများအတွက်​ 50mg ကိုနှစ်​ပတ်​ထိ​သောက်​​ဆေးအဖြစ်​​ပေးရပါမည်​။ပိုမို​ပျောက်​ကင်း​စေရန်​ ​လေးပါတ်​ထိ​ပေးရန်​ လိုအပ်​ပါသည်​။
ခြေသည်း လက်​သည်း​ပွေးဖြစ်​ခဲ့လျှင်​ ​ဆေး50mg ကို​ခြောက်​ပတ်​အထိ​ပေးရပါမည်​။
အမျိုးသမီး​ယောနိနှင့်​ အမျိုးသားလိင်​တံမှိုစွဲနာများအတွက်​ ​ဆေး150mgကို တစ်​ကြိမ်​​သောက်​ရုံဖြင့်​ လုံ​လောက်​ပါသည်​။အစာ​ရေမျို​ရောင်​ယမ်းခြင်း၊အဆုတ်​​ရောင်​ယမ်းခြင်း၊ဆီးလမ်း​ကြောင်း​ရောင်​ယမ်းခြင်း၊​လေပြွန်​​ရောင်​ယမ်းခြင်းများအတွက်​ စား​ဆေးအဖြစ်​ 50mg ​လေးပါတ်​အထိ​သောက်​ရပါမည်​။

ဘေးထွက်​ဆိုးကျိုး
ဝမ်း​လျှောခြင်း၊ပျို့ခြင်း၊​ခေါင်းကိုက်​ခြင်း၊မအီမသာဖြစ်​ခြင်း၊​လေပွခြင်း၊အဖုအပိမ့်​ထွက်​ခြင်းများဖြစ်​တတ်​ပါသည်​။အသည်းထိခိုက်​ခြင်း၊အန်​ခြင်း၊တက်​ခြင်း၊ယားယံခြင်း၊အစာမ​ကြေခြင်းတို့ဖြစ်​တတ်​ပါသည်​။

အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​။
ကျန်းမာရွှင်​လန်းကြပါ​စေလို့ ဆန္ဒပြုလိုက်​ပါတယ်​ခင်​ဗျာ။
image
Photo:Credit

HFS
A:11

H2
H3
H4
3 columns
2 columns
1 column
Join the conversation now