လွင့်

zinlay(5)
Published in
#myanm
Words
17
Reading
1 min
Listen
Play
7y

မှောင်ရီပျိုးတော့
အတိတ်ဆိုးတွေက နိုးထလာတယ်
အကျင့်ဆိုးတွေထဲက တိုးမထွက်နိုင်တဲ့
စိတ်ကူးသက်သက်တွေ ငါ့မှာရှိတယ်
ဂျစ်ပစီတွေရဲ့ကဗျာဟာ အိပ်ယာဘေးမှာ
ဘယ်တော့မှမခိုနားဖူး
ငါ့ရဲ့နာမ်စားလေးရေ ဘယ်အရာကမှ
ဘဝကိုခမ်းနားစေတယ်ထင်သလဲ
တဲအိုလေးထဲကတိုးထွက် နှစ်ချို့နေတဲ့
သေရည်တစ်ခွက်အတွက် ရင်ဘတ်ကိုလဲပေးဆပ်ခဲ့ပြီ...

လွင့်​ | Ecency