ျမန္ျပည္ ေရွ႕ပိုင္းသို႔ (၁)

image
မြန်မာစာ unicodeသမားများ အောက်ဆုံးထိ ဆင်းဖက်ပါ
Zawgyi Version
ေငြႏွင္းစက္ေလးေတြ ေျမေပၚကို တစ္ေျဖာက္ေျဖာက္က်ေနတယ္။ အနီေရာင္ expressကားႀကီးကလည္း ေကြ႕ေကာက္ေနတဲ့ေတာင္ေပၚလမ္းေလးေပၚမွာ တအိအိေမာင္းနင္ေနတယ္။ အခ်ိန္က မနက္ ၅နာရီခြဲခန႔္။ ကားေပၚမွာ လူေတြအားလုံး အိပ္ေပ်ာ္ေနၾကသည္။ မိတၳီလာ-ေတာင္ႀကီး လမ္းအတိုင္း ခရီးနင္လာခဲ့တဲ့ ေလ့လာေရးအဖြဲ႕မွ ေက်ာင္းသားေက်ာင္းသူ အားလုံး ပင္ပန္းေနၾကသည္။ တစ္ေနကုန္ အပါခ်ီ(ဘိလပ္ေျမ)စက္႐ုံမွာ ေလ့လာေရးေတြ ျပဳလုပ္ခဲ့ရလို႔ ထင္ပါတယ္ အားလုံးပင္ပန္းေနၾကသည္။ ထိုအထဲမွာမွ ခရီးသြားေနရရင္ ေပ်ာ္ေနတဲ့ ကြၽန္ေတာ္ကေတာ့ အိပ္မေပ်ာ္ဘဲ လမ္းေဘးက မႈန္ဝါးဝါး ေတာင္တန္းႀကီးေတြ ထင္း႐ူးပင္ေတြကို ၾကည့္ၿပီး ကားစီးၿပီး ခရီးသြားရတဲ့ အရသာကို ခံစားေနခဲ့သည္။ ဒီလိုနဲ႕ တျဖည္းျဖည္း ေနေရာင္ေလးေပၚလာေလေလ ေဘးပတ္ဝန္းက်င္က ျမင္ကြင္းက ဖုန္းbrightnessကို တစ္ျဖည္းျဖည္း တင္လိုက္သလို လွသည္ထက္လွ၍ လာေနသည္။ ကားေပၚက လူတစ္ခ်ိဳ႕လည္း လႈပ္လႈပ္႐ြ႐ြျဖစ္လာသည္။ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ကားက ေတာင္ကုန္းေတြေပၚ တက္လာတာ သိပုံမရၾကေခ်။ ေျမျပန႔္သူ ေျမျပန႔္သားေတြဆိုေတာ့ ေတာင္တန္းႀကီးေတြ ေကြ႕ေကာက္ေနတဲ့ လမ္းေတြေတြ႕ေတာ့ အထူးအဆန္းျဖစ္ကာ ကဲၾကည့္ေနၾကသည္။ ကြၽန္ေတာ္ေတြးမိတယ္ သူတို႔ေတြက ဖုန္း brightnessကို တစ္ဆုံးထိတင္ၿပီးမွ ဖုန္းကိုၾကည့္ေနသလို ေတြးလိုက္သည္။ ဒီလိုနဲ႕ ေတာင္ေပၚထင္း႐ူးၿမိဳ႕ေတာ္လို႔ ေခၚေဝၚတင္စားတဲ့ ကေလာၿမိဳ႕ေလးကို စဝင္လာပါၿပီ။ ထင္း႐ူးပင္ေတြနဲ႕ ေျမနီနီလမ္းေတြ ေျမနီနီေတာင္ကုန္းေတြက ကားစီးလာတဲ့ ေလ့လာေရးအဖြဲ႕မွ ေက်ာင္းသားေက်ာင္းသူေတြကို ပန္းခ်ီကားေတြကို တစ္ခ်ပ္ၿပီးတစ္ခ်ပ္ ျပသေနသလို ရႈမဆုံးနိုင္ေပသည္။ အဖြဲ႕အားလုံးကလည္း မိမိတို႔ပါလာတဲ့ ကိုယ္စီဖုန္း cameraေတြနဲ႕ မလြတ္တမ္း မွတ္တမ္းတင္ေနသည္။ ၿမိဳ႕ထဲ စဝင္ၿပီဆိုတာနဲ႕ လမ္းေဘးမွာ လႈပ္ရွား သြားလာေနတဲ့ ကေလာသူ ကေလာသားတို႔က လက္ျပႏႈတ္ဆက္က အၿပဳံးကိုယ္စီနဲ႕ ႀကိဳဆိုေနၾကသည္။ ထိုအခ်ိန္ ကြၽန္ေတာ့္ေခါင္းထဲမွာ ကေလာၿမိဳ႕ေလး သာယာပုံ လွပပုံ ကို စာပန္းခ်ီေရးကာ မွတ္တမ္းတင္ေနမိသည္။ အမွန္ေျပာရရင္ ကားေပၚကေန ဆင္းၿပီး ကေလာၿမိဳ႕ေနသူေလးေတြနဲ႕ စကားေျပာခ်င္မိတယ္။ ထိုအခ်ိန္ ကားေရွ႕နားမွာ ထိုင္ေနတဲ့ ဌာနမႉးက လွမ္းၿပီးေျပာလိုက္တယ္။ ကေလာၿမိဳ႕ကို အျပန္မွ ဝင္မယ္တဲ့။

အေတြးထဲမွာ ကေလာၿမိဳ႕ေလးကို အျပန္က်ရင္ ဝင္မယ္လို႔ စိတ္ထဲကေန ေျပာရင္း ကေလာၿမိဳ႕ေလးကေန ခရီးဆက္ခဲ့ေပသည္။ ။

To continue.....

@kyawzinwin14
MSU-016
photo credit-Jumia Travel Blog
လိုအပ္တာေတြပါသြားရင္ သည္ခံေပးၾကပါရန္

Unicode Version
ငွေနှင်းစက်လေးတွေ မြေပေါ်ကို တစ်ဖြောက်ဖြောက်ကျနေတယ်။ အနီရောင် expressကားကြီးကလည်း ကွေ့ကောက်နေတဲ့တောင်ပေါ်လမ်းလေးပေါ်မှာ တအိအိမောင်းနင်နေတယ်။ အချိန်က မနက် ၅နာရီခွဲခန့်။ ကားပေါ်မှာ လူတွေအားလုံး အိပ်ပျော်နေကြသည်။ မိတ္ထီလာ-တောင်ကြီး လမ်းအတိုင်း ခရီးနင်လာခဲ့တဲ့ လေ့လာရေးအဖွဲ့မှ ကျောင်းသားကျောင်းသူ အားလုံး ပင်ပန်းနေကြသည်။ တစ်နေကုန် အပါချီ(ဘိလပ်မြေ)စက်ရုံမှာ လေ့လာရေးတွေ ပြုလုပ်ခဲ့ရလို့ ထင်ပါတယ် အားလုံးပင်ပန်းနေကြသည်။ ထိုအထဲမှာမှ ခရီးသွားနေရရင် ပျော်နေတဲ့ ကျွန်တော်ကတော့ အိပ်မပျော်ဘဲ လမ်းဘေးက မှုန်ဝါးဝါး တောင်တန်းကြီးတွေ ထင်းရူးပင်တွေကို ကြည့်ပြီး ကားစီးပြီး ခရီးသွားရတဲ့ အရသာကို ခံစားနေခဲ့သည်။ ဒီလိုနဲ့ တဖြည်းဖြည်း နေရောင်လေးပေါ်လာလေလေ ဘေးပတ်ဝန်းကျင်က မြင်ကွင်းက ဖုန်းbrightnessကို တစ်ဖြည်းဖြည်း တင်လိုက်သလို လှသည်ထက်လှ၍ လာနေသည်။ ကားပေါ်က လူတစ်ချို့လည်း လှုပ်လှုပ်ရွရွဖြစ်လာသည်။ အိပ်ပျော်နေတဲ့အချိန် ကားက တောင်ကုန်းတွေပေါ် တက်လာတာ သိပုံမရကြချေ။ မြေပြန့်သူ မြေပြန့်သားတွေဆိုတော့ တောင်တန်းကြီးတွေ ကွေ့ကောက်နေတဲ့ လမ်းတွေတွေ့တော့ အထူးအဆန်းဖြစ်ကာ ကဲကြည့်နေကြသည်။ ကျွန်တော်တွေးမိတယ် သူတို့တွေက ဖုန်း brightnessကို တစ်ဆုံးထိတင်ပြီးမှ ဖုန်းကိုကြည့်နေသလို တွေးလိုက်သည်။ ဒီလိုနဲ့ တောင်ပေါ်ထင်းရူးမြို့တော်လို့ ခေါ်ဝေါ်တင်စားတဲ့ ကလောမြို့လေးကို စဝင်လာပါပြီ။ ထင်းရူးပင်တွေနဲ့ မြေနီနီလမ်းတွေ မြေနီနီတောင်ကုန်းတွေက ကားစီးလာတဲ့ လေ့လာရေးအဖွဲ့မှ ကျောင်းသားကျောင်းသူတွေကို ပန်းချီကားတွေကို တစ်ချပ်ပြီးတစ်ချပ် ပြသနေသလို ရှုမဆုံးနိုင်ပေသည်။ အဖွဲ့အားလုံးကလည်း မိမိတို့ပါလာတဲ့ ကိုယ်စီဖုန်း cameraတွေနဲ့ မလွတ်တမ်း မှတ်တမ်းတင်နေသည်။ မြို့ထဲ စဝင်ပြီဆိုတာနဲ့ လမ်းဘေးမှာ လှုပ်ရှား သွားလာနေတဲ့ ကလောသူ ကလောသားတို့က လက်ပြနှုတ်ဆက်က အပြုံးကိုယ်စီနဲ့ ကြိုဆိုနေကြသည်။ ထိုအချိန် ကျွန်တော့်ခေါင်းထဲမှာ ကလောမြို့လေး သာယာပုံ လှပပုံ ကို စာပန်းချီရေးကာ မှတ်တမ်းတင်နေမိသည်။ အမှန်ပြောရရင် ကားပေါ်ကနေ ဆင်းပြီး ကလောမြို့နေသူလေးတွေနဲ့ စကားပြောချင်မိတယ်။ ထိုအချိန် ကားရှေ့နားမှာ ထိုင်နေတဲ့ ဌာနမှူးက လှမ်းပြီးပြောလိုက်တယ်။ ကလောမြို့ကို အပြန်မှ ဝင်မယ်တဲ့။

အတွေးထဲမှာ ကလောမြို့လေးကို အပြန်ကျရင် ဝင်မယ်လို့ စိတ်ထဲကနေ ပြောရင်း ကလောမြို့လေးကနေ ခရီးဆက်ခဲ့ပေသည်။ ။

To continue.....

@kyawzinwin14
MSU-016
photo credit-Jumia Travel Blog
လိုအပ်တာတွေပါသွားရင် သည်ခံပေးကြပါရန်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center