YBS ပေါ်က တစ်ခနတာ

နေ့လည်ထမင်းစားပြီး ချိန် အိပ်ငိုက်ရတဲ့အရသာသည် အလွန်ထူးခြားသော အရသာ ထူးတစ်မျိုးပင်ဖြစ်ပေသည်။
ကျွန်တော်က အပြင်အလွန်ထွက်ခဲသည်။ အပြင်ထွက်တိုင်းလည်း လိုင်းကားမစီးဖြစ်သည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။
ဒီနေ့တော့ ကားမောင်းသွားသင်တဲ့နေရာက ဝေး taxi လည်းမစီးချင်လို့ YBS စီးသွားလိုက်တယ်။ လူကနည်း ကားကကောင်း အဲကွန်းကအေးတာနဲ့ အိမ်က စားလာတဲ့နေ့လည်စာထမင်းက အဆိပ် စ တက်ပါတော့တယ်။ အဲ့မှာ အလွန်တရာ ရခဲလှသော စည်းစိမ်ထူးကို စတင်ခံစားမိပါတော့တယ်။ အရှိန်စရကာစမှာ နားထဲစောင့်ဝင်လာတဲ့အသံက ချောင်းမရိုက်နဲ့ ချောင်းမဆဲ နဲ့ .. ဆိုတဲ့ အသံကြီး။ ဟ ဟ ဘာဖြစ်လဲဆို အလန့်တကြားနောက်ပြန်ကြည့်တော့ လူတစ်ယောက်။ ကီးပက်ဖုန်းကြီး နဲ့ သီချင်းဖွင့်ထားတာ အသံဗြဲကြီး။
ကိုယ့်စည်းစိမ်လေး ဘယ်ပျောက်သွားမှန်းမသိ။ မျက်လုံးကျယ်သွားပြီး ပြန်ငိုက်မရတော့။ ကိုယ့်မှာ ရထားတာလေး နှမြောတာ ဆိုတာလေ။ ညစ်ညစ် နဲ့ ဖုန်းဖွင့်ပြီး၈ိမ်းဆော့နေလိုက်တယ်။ အလန့်တကြားထကြည့်လိုက်မိလို့လားမသိ။ ဟိုဆရာသမားကတော့ အသံကိုနည်းနည်းပြန်တိုးသွားတယ်။ ဒါပေမဲ့ သူ့ပတ်လည် ခုံ ၃တန်းစာလောက်အထိတော့ကောင်းကောင်းကြားနေရတုန်း။
တိတ်ဆိတ်မှုရယ် ဂိမ်းရယ် အဲကွန်းရယ် ပေါင်းပြီး အခုနကပျောက်သွားတဲ့ အရှိန်လေးက နည်းနည်းပြန်တက်လာတယ်။ ခုနကလောက် တော့ အရသာထူးရတော့မည်မဟုတ်မှန်းသိသော်လည်းဇွတ်ရအောင် ပြန်ဆွဲယူနေမိတယ်။ ငိုက်စမ်း ငိုက်စမ်းဆို သိပ်မကြာဘူး နည်းနည်း စီပြန်ငိုက်ချင်လာတယ်။ ခုနက ရောက်သလောက်အထိ ခရီးမပေါက်ခင်လလေးမှာဘဲ ဇီလေး ဇီလေး ဆိုတဲ့သီချင်းသံကြီးက ကားတစ်စီးလုံး လန့်အောင် ထွက်လာပါလေရော။ လှည့်ကြည့်မိတော့ အခုနက ဆရာသမားပဲ။ ကိုယ့်စည်းစိမ်လေးလည်းပြန်ရဖို့မရှိလောက်အောင်ပျောက်သွားတော့တာပါပဲ။
ကားတွေပေါ်လည်း သီချင်ဖွင့်တတ်ကြပါတယ်။ ဒါပေမဲ့ ကားစီးသူတိုင်းကတော့ ကိုယ့်ဖုန်းကနေ ကိုယ်နားထောင်ချင်တာကို နားကျပ်နဲ့သာနားထောင်သင့်ပါတယ်။ ဘာလို့ဆို သီချင်းအမျိုးအစားတွေအပေါ် လူတစ်ယောက်နဲ့တစ်ယောက်ကဘယ်လိုမှအကြိုက်မတူနိုင်တာကြောင့် သီချင်းဆိုတာကလည်း အကြိုက်မတူရင် အတော့်ကိုစိတ်အနှောက်ယှက်ဖြစ်စေတယ်ဆိုတာလေးသတိထားမိကြပါစေကြောင်း ပြောရင်း လူတိုင်း ကိုယ်နားမထောင်ချင်တဲ့ အသံတွေကြောင့် စိတ်ဒုက္ခရောက်ခြင်းမှ ကင်းဝေးနိုင်ပါစေကောင်းဆန္ဒပြုအပ်ပါတယ်ဗျာ....။

Kyaw Thu Ra
MSU - 056

Photo Credit

66e8215c782a44521482ab938e79c393_XL.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now