Palm Sprout(Htan Myit)

Hello friends, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


Today, I would like to share a little bit about Palm Sprout(Htan Myit), which Myanmar people eat as a food. It is a local food from Myanmar's middle region where palm trees are abundant.

ဒီနေ့တော့ ကျွန်‌တော်တို့ မြန်မာတွေ စားစရာတစ်ခုအနေနဲ့ စားလေ့စားထရှိတဲ့ ထန်းမြစ်အကြောင်းကို အနည်းငယ်လောက်မျှဝေချင်ပါတယ်။ မြန်မာနိုင်ငံ အညာဒေသမှ ထန်းပင်တွေပေါများတဲ့ ဒေသအစားအစာတစ်ခုပဲဖြစ်ပါတယ်။



It is called palm tree root, but it is not the root of a large palm tree. It should be said that the shoot of the palm tree or the palm tree sprouts. Palm fruits tend to ripen in Myanmar's War So and fall in the War Khong. The English calendar month will be around July and August.

ထန်းပင်မြစ် လို့ခေါ်ကြပေမယ့် ထန်းပင်ကြီးရဲ့အမြစ်မဟုတ်ပါဘူး။ ထန်းပင်ရဲ့အညွန့် ဒါမှမဟုတ် ထန်းပင်‌ပေါက်လို့ပြောရမယ်ထက်ပါတယ်။ ထန်းသီးတွေက မြန်မာလဖြစ်တဲ့ ဝါဆိုလမှာ အသီးတွေရင့်မှည့်တတ်ပြီး ဝါခေါင်လမှာ ကြွေကျတတ်ပါတယ်။ အင်္ဂလိပ်ပြက္ခဒိန်က လကတော့ ဂျူလိုင် ဩဂုတ်လလောက်ဖြစ်ပါလိမ့်မယ်။






Ripe and fallen palm fruits are dug into a pit about (3) feet deep and buried. Ripe palm fruits buried in the ground for (3) months. After about 3 months, the ripe palm fruits become little palm trees. Little palm trees are dug out of the ground. Those little palm trees are called palm root(Htan Myit). They have to be buried in the ground for about 3 months, so they can eat palm sprout around December.

ရင့်မှည့်ပြီးကြွေကျလာတဲ့ထန်းသီးတွေကို မြေကျင်းအနက် (၃) ပေလောက်တူးပြီး မြေမြှုပ်ထည့်ထားပါတယ်။ ထန်းသီးမှည့်တွေကို (၃)လလောက်မြေမြှုပ်ထားကြရပါတယ်။ (၃)လလောက်ကြာတဲ့အခါမှာ ထန်းသီးအမှည့်တွေကနေ ထန်းပင်ပေါက်တွေဖြစ်လာပါတယ်။ ထန်းပင်ပေါက်တွေကို မြေကြီးထဲကနေ ပြန်လည် တူးဖော်ကြရပါတယ်။ အဲဒီ ထန်းပင်ပေါက်လေးတွေကို ထန်းပင်မြစ်(ထန်းမြစ်)လို့ခေါ်ကြခြင်းဖြစ်ပါတယ်။ (၃)လလောက် မြေကြီးထဲမြှုပ်ထားရတာဆိုတော့ ဒီဇင်ဘာလလောက်မှာ ထန်းမြစ်တွေကို ရရှိစားသုံးနိုင်ကြပါတယ်။





How they eat it is baked and eaten with oil and salt. Boiled with water and then eaten with oil and salt. Some are fried with oil after boiling. Since it is a local seasonal food that is only available in the middle region of Myanmar during the winter, I am sharing this knowledge with my friends as a kind of food that most of us Burmese people like to eat.

ဘယ်လိုစားကြသလဲဆိုတော့ မီးဖုတ်ပြီး ဆီ ဆားနဲ့ စားတယ်။ ရေနဲ့ပြုတ်ပြီးမှဆီ ဆားနဲ့ လည်းစားကြပါတယ်။ အချို့ကလည်းပြုတ်ပြီးမှာ ဆီနဲ့ကြော်စားကြပါတယ်။ ဆောင်းရာသီကာလ အညာဒေသမှာသာ ရနိုင်တဲ့ ဒေသထွက် ရာသီစာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာလူမျိုး အများစုကတော့ နှစ်ခြိုက်စွာ စားကြတဲ့ အစားအစာ တစ်မျိုးဖြစ်တဲ့အကြောင်း ဗဟုသုတအဖြစ် သူငယ်ချင်းတို့ကို မျှဝေလိုက်ပါတယ်။


With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe


H2
H3
H4
3 columns
2 columns
1 column
8 Comments