Sunset Phone Photography Feeling

Hello.

I went out of the village yesterday evening.
In the evening before dark.
The weather is too hot and I'm tired of staying indoors.
As the sun started to fade, I went for a walk outside the village.

Outside the village there are shade trees and palm trees.
The most common plants in the area where I live are palm trees.
I will share later how useful palm trees are for people.

Not to mention the hot weather these days.
The color of the sun is very reddish copper.
I think the earth's atmosphere cannot protect the sun's ultraviolet rays.
People tend to look at the beauty of the sun when the heat decreases.
I have also watched and enjoyed the beauty of the sunset many times.

It's not good to live because the sun is hot, but we are using the solar energy effectively, right?
It is the nature of the world that good and bad happen together.
I don't like the heat of the sun, but I enjoy watching the sunset.

Burmese language,

မင်္ဂလာပါ။

မနေ့က ညနေမှာ ရွာအပြင် သို့ ထွက်ဖြစ်ခဲ့တယ်။
ညနေခင်း မမှောင်ခင်း အချိန်လေးမှာပေါ့။
ရာသီဥတု ပူလွန်းတယ်ဆိုပြီး အိမ်ထဲမှာ နေရတာလည်း ငြီးငွေ့ရပါတယ်။
နေပူရှိန် လျော့ကျလာတာနဲ့ ရွာအပြင်ဘက် လမ်းလျှောက်ထွက်ဖြစ်ခဲ့တာပါ။

ရွာအပြင်ဘက်မှာတော့ အရိပ်ရသော သစ်ပင်တွေ ထန်းပင်တွေ ရှိကြပါတယ်။
ကျွန်တော် နေထိုင်ရာဒေသ၌ အများဆုံး တွေ့မြင်ရသော အပင်တွေက ထန်းပင်တွေပါ။
ထန်းပင်တွေက လူတွေ အတွက် ဘယ်လောက် အသုံးဝင်တယ်ဆိုတာ နောက်တော့ မျှဝေပေးပါဦးမယ်။

ဒီရက်ပိုင်း ရာသီဥတု ပူပြင်းတာလည်း မပြောပါနဲ့။
နေလုံးကြီး၏ အရောင်သည် ကြေးနီရောင် နီစွေးလွန်းလှသည်။
နေလုံးကြီး ဆီမှ ခရမ်းလွန်ရောင်ခြည်တွေ ထုတ်လွှတ်နေတာကို ကမ္ဘာ့လေထုက မကာကွယ်နိုင်ဘူး ထင်ပါတယ်။
အပူရှိန်လျော့လာသော နေဝင်ချိန် နေမင်းကိုတော့ လူတွေက အလှကြည့်တတ်ကြပါတယ်။
ကျွန်တော်လည်း နေဝင်ချိန်အလှကို ကြိမ်ဖန်များစွာ ကြည့်ရှုခံစားဖူးပါတယ်။

နေပူရှိန်က ပူပြင်းလို့ နေထိုင်ရမကောင်းဘူး ဆိုပေမယ့် နေရောင်ခြည်စွမ်းအင်ကို ကျွန်တော်တို့တွေ အကျိုးရှိစွာ အသုံးချနေကြတယ် မဟုတ်လား။
အကောင်း နှင့် အဆိုး ယှဉ်တွဲ ဖြစ်ပေါ်တတ်တာ လောကသဘာဝပါ။
နေပူတာကို မကြိုက်ပေမယ့် နေဝင်ချိန်အလှကို ကြည့်ရှုရတာ သာယာမိပါတယ်။

@golden.future

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency