ဒါ့ကြောင့်ပါ

img_0.8173399285291202.jpg

ကဲ…စာမရေးတာကြာလို့ စာလေးတစ်ပုဒ်လောက်ရေးပါ အုံးမယ်ဆိုပြီး Laptop လေးဖုံသုတ်၊ word ထဲဝင်ပြီး စာလေး ရေးပါတယ်။ မဖွင့်တာကြာတဲ့ လက်ပ်တော့က ကျမကို ဘွိုင်းကော့လုပ်နေသလားအောက်မေ့ရတယ်။ စာလေးရေးလို့ သုံးလေးကြောင်းလောက် ရေးပြီးပြီဆို loading အဝိုင်းလည် သလိုပေါ်လာပြီး ဘာမှဆက်ရေးလို့မရ။

ရေးထားတာက နည်းသေးတော့ save မလုပ်ရသေး။ ရတဲ့နည်း နဲ့ ဆော့ဖ်ဝဲကို ပြန်ပိတ်၊ နောက်ထပ်ပြန်ဖွင့်။ မသုံးတာကြာနေ တော့ စက်ကလည်းလေးပါ့။ ကိုယ်ကလဲ ဘာ maintenance နဲ့ မှမလုပ်တတ်တော့ စက်ကလေးချင်တိုင်းလေးနေတော့တာ။ ရေးချင်တာက ကိုယ်ဘာ့ကြောင့် စာမရေးဖြစ်တဲ့ အကြောင်း ရေးချင်တာ။ စက်ကစုတ်နေတော့ ငုတ်ပျောက် ရော။

ဒါနဲ့ဆို သုံးကြိမ်မြောက်စာစီခြင်းပဲ။ စက်ကိုစိတ်တိုနေတော့ ရေးဖို့ စဉ်းစားထားတာတွေလဲ ပျောက်ပြီ။ စာက အဆီအငေါ် မတည့်ရင် သည်းခံပြီးဖတ်ပေးကြဖို့ ပြောပြချင်ပါတယ်။

ကျမဒီရက်ပိုင်း hive မှာ စာမရေးဖြစ်ရတဲ့အကြောင်းက ကလေး အနှီးတွေ လျှော်နေရလို့ပါရှင်။ ဟိုအရင် ကျမပိုစ့်တွေ မှာပါနေတဲ့ ပိုင်ပိုင်တို့အမေ မဗိုက်လေးက မီးဖွားနေလို့ပါ။ ဟုတ်ကဲ့…အခုနောက်တစ်ယောက်ကလဲ သင်္ကြန်မင်းသား လေးပါပဲရှင်။ သူ့အကိုပိုင်ပိုင့်လို သင်္ကြန်အတက်နေ့ နေတက် ရေတက်မှာ မွေးတဲ့ စနေသားလေးဖြစ်ပါတယ်။

img_0.6188384921404481.jpg

သူ့အဖေကျမတူကတော့ နောက်တစ်ယောက်ကလဲ ယောင်္ကျား လေးဆိုတော့ ပိုပျော်နေတာပေါ့။ ကျမအတွက်ကတော့ စာရေးဖို့ နောက်ထပ်ဇာတ်လိုက်ကျော်တစ်ယောက် ရတာပေါ့ ရှင်။ လောလောဆယ်တော့ ကလေးဝေယျာဝစ္စတွေနဲ့ အချိန် ကုန်နေတော့ စာကိုပုံမှန်မရေးနိုင်သေးဘူး။

သို့ပေမယ့်လည်း hive မှာ စာရေးခြင်းက ကိုယ့်ရဲ့ diary လိုမျိုး ဖြစ်နေတာရယ်၊ ကိုယ့်အတွက် အကျိုးရှိတာရယ်ကြောင့် သေချာအချိန်ပေးပြီး ရေးဖို့ ကြိုးစားရအုံးမယ်။ အဖွဲ့သားတွေ ရေးတာတွေလည်း ဖတ်ချင်သေးတယ်လေ။ @htwegyi ကတော့ စာမရေးဖြစ်တောင် dbuzz မှာ ပုံတင်ဖို့ မကြာမကြာ ပြောပါတယ်။ ကိုယ့်မှာသာ သေချာအာရုံမစိုက်နိုင်လို့ မလုပ်ဖြစ်ဘူး။ ရှေ့လျှောက်တော့ ပိုစ့်တွေ ပုံမှန်တင်ဖို့ ကြိုးစား ပါ့မယ်လို့ ထပ်ပြောရင်း…..။

@nweoomon
6-5-2022

H2
H3
H4
3 columns
2 columns
1 column
7 Comments