ညီလေးသို့ပေးစာ (၁)

ညီလေးရေ...
ဘဝဆိုတဲ့ ခရီးရှည်ကို လျောက်လှမ်းရတဲ့အခါ မိတ်ဆွေစစ်နဲ့
မိတ်ဆွေတုကို ခွဲခြားသိမြင်ပါလေ။ မိတ်ဆွေတုတွေက ညီလေး
အဆင်ပြေနေတဲ့အချိန်မှာသာ အပေါင်းဖော်လုပ်တက်ကြတယ်။
မိတ်ဆွေစစ်တွေကတော့ ညီလေး ဘေးဒုက္ခ ရောက်နေချိန်မျိုးမှာ
ကူညီဖေးမတက်ကြပြီး အားပေးနှစ်သိမ့်ကြလိမ့်မယ်။

ညီလေးရေ...
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုထားရှိပါ။
အဲ့ဒီရည်မှန်းချက်ကလည်း ညီလေးဘဝနဲ့ကိုက်ညီတဲ့
ရည်မှန်းချက်မျိုးဖြစ်ပါစေ။ " ရတာမလို၊ လိုတာမရ " မဖြစ်ရလေအောင် ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် ရယူနိုင်တဲ့
ရည်မှန်းချက်မျိုးကိုထားရှိပါ။

ညီလေးရေ...
လူငယ်တို့သဘာဝ အပျိုလူပျို ချစ်ကြကြိုက်ကြတဲ့အခါ
အရမ်းလှတဲ့မိန်းခလေး ၊ အရမ်းထက်တဲ့မိန်းကလေးမျိုးကိုရှောင်ပါ။
နှလုံးသားအလိုကိုလည်း အရမ်းမလိုက်နဲ့ ၊ ဦးနှောက်ကိုလည်း
အရမ်းမသုံးနဲ့ အရာရာကို ချင့်ချိန်ဆုံးဖြတ်ပြီး ချစ်တက်ပါစေ။

ညီလေးရေ...
အပြောကျယ် လှတဲ့ လူ့လောကကြီးဟာ သင်ယူစရာတွေနဲ့
ပြည့်နပ်နေတယ်။" Learn or Die " သင်ယူမလား သေမလား
လို့တောင် ဆိုစမှက်ပြုနေကြပြီ။ ဒါကြောင့် တက်နိုင်သမျှ ကိုယ်ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်မှာ အမြဲသင်ယူလေ့လာနေပါ။
ဒါဆိုရင် သင်ယူမှုက ဘယ်အချိန်ထိသင်ယူရမှာလဲ? ။
ကိုယ်သေဆုံးချိန်ထိသင်ယူရမှာပါ။ အောင်မြင်သူနဲ့ရှူံးနှိမ့်သူတွေရဲ့
ကွာခြားချက်ကတော့ သင်ယူမှုပဲဖြစ်တယ်။ လူတိုင်းကတော့ အရှူံးနဲ့
ကြုံဖူးကြပါလိမ့်မယ်။ အောင်မြင်သူတွေက အရှူံးကနေ ပြန်ပြီးသင်ယူကြတယ်။ ရှူံးနှိမ့်သူတွေက စိတ်ဓာတ်ကျပြီး ဖြစ်ချင်ရာဖြစ်နေ
တက်လိုက်ကြတယ်။ အဲ့ဒါကြောင့် ဘဝမှာ အောင်မြင်မှုတွေရချင်တယ်ဆိုရင်အမြဲသင်ယူလေ့လာနေပါ ညီလေးရေ...

IMG20200513132311.jpg

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center