Letter to brother (2)

ညီလေးသို့ပေးစာ(၂)

ညီရေ... ဆယ်တန်းအောင်စရင်းထွက်တဲ့နေ့ ဇွန်လ ၂ ရက်နေ့က အစ်ကို ရင်တွေအရမ်းပဲခုန်ခဲ့ရတယ်။ ညီလေးစာမေးပွဲအောင်ပါစေဆိုပြီး တစ်ဖက်သက်ဆုတောင်းတွေနဲ့
အောင်စရင်းမထွက်ခင်တစ်ပက်လောက်
အလိုကတည်းက
ညအိပ်ယာဝင်တိုင်းဘုရားရှစ်ခိုးရင်း ဆုတောင်းမိခဲ့တယ်။
မြန်မာလူမျိုးတွေကလည်းအခက်သား ညီရေ...
" ဗိုက်အောင့်ကာမှ အိမ်သာလိုက်ရှာ "
( ချီးထွက်ကာမှ ချီးတွင်းရှာ) ဆိုသလို တစ်ခုခုဖြစ်ပြီဆိုမှ
အသည်းသန် ပြာယာခက်ကုန်ကြတော့တာပဲ။ အခုလည်း
ဆယ်တန်း အောင်စရင်းထွက်တော့မယ်ဆိုမှ ဘုရားတစ်ခါမှ
မသွားဖူးတဲ့လူက ဘုရားသွား လို့သွား၊ ဗေဒင်တွေဘာတွေ
မေးပြီး ယတြာ ချေတဲ့သူကချေ နဲ့ အလုပ်ကိုရှုပ်နေကြတော့တာပဲ။ဘာဖြစ်လို့လဲလို့ မေးရင်
" ဆယ်တန်းက နတ်ကြီးတယ် "လို့
မဟုတ်တရုတ် ဖြေကြဦးမယ်။ တကယ်ဆိုရင် စာသင်နှစ်စကတည်းက သင်ခန်းစာတွေအားလုံးကို အကြွေးမထားပဲတစ်နေ့စာ တစ်နေ့အပြီးကျက်မှက်
မယ်ဆိုရင်ဘယ်နတ်ကကြီးနိုင်မှာလဲ ဟုတ်ဘူးလား?။

ညီရေ... ဂုဏ်ယူပါတယ်။ ဂုဏ်ထူးတွေမပါလည်း
အောင်တာကိုပဲ ကျေနပ်ပါတယ်။ တစ်ချို့ဆို ဂုဏ်ထူး ၄ ဘာသာပါပြီးတစ်ဘာသာထဲနဲ့ ကပ်ပြီးကျတာလည်း ဖေ့ဘွစ်မှာ ပလူပျံလို့လေ။
ကဲ... အခုဆို ညီ့ဘဝမှာ အောင်မြင်မှုအကြီးစားတွေထဲက
တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီလေ။ ဒါကလည်း ညီရဲ့ မဆုတ်မနစ်
ကြိုးစားအားထုတ်ခဲ့မှုကြောင့်သာ အခုချိန်မှာ အောင်မြင်မှု
အသီးပွင့်တွေကို ခံစားနေရတာဖြစ်တယ်။ နောက်ထပ်လည်း
ရှေ့မှာ အောင်မြင်မှုတွေကဆီးကြိုနေပါတယ်။ နည်းမှန်
လမ်းမှန် ကြိုးစားပြီး ရယူဖို့ပဲလိုတာပါ။
"စာအုပ်စာပေ လူ့မိတ်ဆွ"
ဆိုတဲ့အတိုင်း စာပေကိုဆည်းပူးပါ။ ဗဟုသုတတွေကိုရှာဖွေပါ၊
လေ့လာပါ ညီရေ။

ညီရေ... ဘဝဆိုတဲ့တိုက်ပွဲကို ရင်ဆိုင်ဖို့ ပညာဆိုတဲ့
လက်နက်ကိုရအောင်ယူထားပါ။ သို့ပေမဲ့ ပညာတက်ပြီး လူမှိုက်၊ လူ့ချဉ်ဖက်မဖြစ်ရအောင် ကောင်းသော စိတ်နေစိတ်ထားတွေကို မွေးမြူနိုင်ဖို့ကပိုအရေးကြီးပါတယ်။
စာသင်ကျောင်းတိုင်းမှာ ချိတ်ဆွဲထားတဲ့
ဆောင်ပုဒ်လေးတစ်ခုရှိပါတယ် ဘာတဲ့
" စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ဆိုပြီးတော့လေ။ စိတ်ဓာတ်က
ရှေ့ဆုံးမှာ၊ နောက်မှ စည်းကမ်း၊ ပြီးမှ ပညာ။ ပညာကို
နောက်ဆုံးမှာရေးထားတယ်။ ဟုတ်ပါတယ် စိတ်ဓာတ်က
အရမ်းအရေးကြီးပါတယ်။ ပညာတက်ပြီး စိတ်ဓာတ် သေးသိမ်ညံ့ဖျင်းတဲ့ လူတွေက အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။
လူတွေက အဲ့လိုလူမျိုးတွေကို
ဝေးဝေးကရှောင်လေ့ရှိကြတယ်။
အစ်ကို ကြားဖူးတဲ့ စကားလေးတစ်ခုရှိတယ်...
" ပညာရှိတွေမိုက်ပြီဆိုရင် ပြန်လိမ္မာဖို့ခက်တယ် " တဲ့
ဒါကြောင့်
စိတ်ဓာတ် ကောင်းဖို့ အရမ်းအရေးကြီးပါတယ် ညီရေ...

ညီရေ... နောက်ထပ် အရေးကြီးတာလေးတစ်ခုကို
မေ့မသွားနဲ့ဦးနော်။ အဲ့ဒါကတော့ မိဘ​ကျေးဇူးပါပဲ။
" မိဘကျေးဇူးသိတက်တဲ့သားသမီး " ဘယ်တော့မှ
မဆင်းရဲဘူး။
ကဲ... စာလည်းရှည်သွားပြီမို့ ဒီမှာပဲရပ်လိုက်တော့မယ်။
မိဘကျေးဇူးသိတက်တဲ့သားကောင်း ရတနာလေး
ဖြစ်​ပါစေ...

IMG20200513132311.jpg

ချစ်လှစွာသောအစ်ကို

ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center