သူ့ဘဝ သူအကြောင်း / His Life His Experience part - 2

မနေ့ကပိုစ်တွင် သူ့ဘဝ သူအကြောင်း / His Life
His Experience အပိုင်း - 1 ကိုတင်ပေးခဲ့ပါ
သည်။ သူ့ဘဝသူ့အကြောင်းကို အပိုင်း - ၃ ပိုင်းထိ
ရေးသားပါမည်။ အပိုင်း - 1 မဖတ်ရသေးလျှင်
အောက်ပါလင်ခ့်မှ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သူ့ဘဝ သူအကြောင်း / His Life
His Experience အပိုင်း - 1

အပိုင်း - ၂

သူ့အကြောင်းသည် စိတ်ဝင်စားဖို့ကောင်းလှ၏။
ကျွန်တော်သိထားသမျှ မချွင်းမချန် ခရေတွင်းစေ့ကျ
ရေးသားမျှဝေပေးလိုက်ရပါသည်။ သူသည် ၁၄နှစ်
စွန်းစွန်းရှိပြီဖြစ်သည်။ အဲ့သည်အချိန်တုန်းက လူငယ်
လူရွယ်ပီပီ စွန့်စားလိုစိတ်သာ ပြင်းပြလျှက်ရှိခဲ့၏။
ရွာ၌ ဘောလီဘောပုတ်ခြင်း၊ ခြင်းခက်ခြင်းဖြင့်အချိန်
ကုန်လျှက်ရှိရာမှ တစ်နေ့တော့ သစ်တော၌ အလုပ်
လုပ်ရန် အကြောင်းပေါ်လာခဲ့သည်။ ဦးလေး၏ အဆက်သွယ်ဖြင့် မိမိ၏ အကိုနှင့်အတူတူသွား
ရောက်လုပ်ကိုင်ခဲ့ရသည်။ အလုပ်မှာသစ်ကားမောင်း
ရမည်။ ထို့ကြောင့် ပထမဦးဆုံးကားမောင်းသင်ရ
သည်။ မြို့၌ ကားမောင်းသင်ရသည်ကဘာမှခက်ခဲ
သည်မဟုတ်။ ခုလို တောတောင်နက်ကြီးထဲတွင် ကား
မောင်းသင်ရသည်က သက်စွန့်ဆံဖျားသင်ယူရသည်။
အကွေ့အကောက် အတက်အဆင်းများပြားပြီး
ကားလမ်းမှာလည်း တစ်လမ်းမောင်းဖြစ်သည်။ သစ်ကားနှစ်စီး အတက်အဆင်းဆုံလျှင် အဆင်းကား
မှာ လမ်းဘေးချရပ်ကာ ရှောင်ပေးရသည်။ သို့သော်
လည်း ပွတ်ကာသီကာ လွတ်ရုံသာဖြစ်သည်။ တစ်ချို့
လမ်းနေရာများသည် တောင်ကမ်းပါးဘေးကို လမ်း
ဖောက်ထားသည်ဖြစ်၍ သတိတစ်ချက်လွတ်သည်နှင့်
ပေ ၃၀၀ မကနက်သော ချောက်ထဲသို့ ထိုးကျသွား
ပေမည်။

အသက်အန္တရယ်များသော လုပ်ငန်းဖြစ်သည်။
ထို့ထက်အန္တရယ်များသောသူများမှာ ဆင်ထိန်းများ
နှင့် သစ်ဖြတ်ရသော အလုပ်သမားဖြစ်ပါသည်။
ဆင်နှင်းလို့ သေသည့် ဖြစ်ရပ်မျိုး မကြာခနကြုံခြင်း
ကြောင့်ပင်။ တောကြီးနက်ကြီးထဲ အသက်စွန့် လုပ်ကိုင်ရသော အလုပ်ဖြစ်သော်လည်း လူငယ်ပီပီ
လွပ်လွပ်လပ်လပ် ရှင်သန်နေထိုင်ရခြင်းကို နှစ်သက်
သောကြောင့် ဤအလုပ်သည် ပင်ပန်းသည်ဟု
မအောင့်မေ့နိုင်ပဲ သာ၍ပင်ပျော်ရွှင်စရာကောင်းသည်
ဟု စိတ်ကခံစားရသည်။ သို့ပေမဲ့ တစ်နှစ်လောက်
ဤအလုပ်အား လုပ်ခဲ့ပြီးသကာလ နောက်လုပ်ငန်း
အား ပြောင်းရွေ့လုပ်ကိုင်ရန် အကြောင်းဖန်လာခဲ့ပြန်
ပါသည်။ အကြောင်းမှာ ဤသစ်လုပ်ငန်းသည် တရား
ဝင်မဟုတ်သောကြောင့် နောက်ပိုင်းတွင် သစ်တောဦး
စီးမှ မကြာခန ဝင်ရောက်ရှာဖွေခြင်းများ လုပ်လာ
သည်။ ထို့သို့ရှာဖွေစစ်ဆေးမည်ဟု သတင်းရလျှင်
သစ်လုံးများကို ညတွင်းချင်း တောင်အောက်ပို့ရ
သည်။ ပြီးလျှင် မြစ်ထဲသို့ မျှောချရသည်။ လူပန်း
စိတ်ပန်းဖြစ်ကြရသည်။ နောက်ပိုင်း အစစ်ဆေးများ
လာ၍ အလုပ်မဖြစ်တော့ပဲ နောက်အလုပ်တစ်ခု
ပြောင်းလုပ်ရန် စဥ်းစားကြရတော့သည်။

နောက်လုပ်ငန်းမှာ အစ်ကိုတစ်ဝမ်းကွဲ၏ အဆက်
သွယ်ဖြင့် ရွှေတောမှာ သွားလုပ်ရမည်ဖြစ်သည်။
ရွှေတူးရခြင်းဖြစ်ပါသည်။ ထိုလုပ်ငန်းသည် မိမိ၏
ဘဝတွင် အလွန်ပျော်စရာကောင်းသော အလုပ်ဖြစ်ခဲ့
သလို ဘဝတွင်မေ့မရနိုင်သော အဖြစ်ဆိုးကြီးတစ်ခု
ကိုလည်း ထိုလုပ်ငန်းတွင် ကြုံတွေ့ခဲ့ရပါသည်။
ရွှေတူးရခြင်းဆိုသည်မှာ ထင်ခဲ့သည်က ပေါက်ပြား
ဖြင့် မြေတူးရှာယုံပဲဟုထင်ခဲ့မိသည်။ ထိုသို့မဟုတ်
ပေ။ မြေကြီးထဲကို အတောင် ၅၀၀ နက်သော ကျွင်း
ထဲသို့ဆင်းပြီး တူးရခြင်းဖြစ်သည်။ ဆင်းပေါက်မှာ
လေးပေပက်လည် လူတစ်ယောက်ဆင်းစာသာ
ဖောက်ထားသည်။ အောက်သို့ရောက်လျှင် ကြီးမား
သော လိုင်းခေါင်းကျယ်ကြီးကိုတွေ့ရမည်ဖြစ်သည်။
တစ်နေရာမှာ တစ်နေရသို့သွားလာရန် ရထားလမ်း
ဖောက်ထားသည်။ ရှေလျားသောလိုင်းခေါင်းကျယ်
ကြီးဖြစ်သလို အပေါက်ပေါင်းမြောက်များစွာရှိသည်။
ထို့နည်းတူ ရထားလမ်းပေါင်းများစွာနဲ့ သွားလာခြင်း
ပြုလုပ်ရသည်။ အလင်းရောင်ရစေရန် လျှစ်စစ်မီး
များ တွယ်တန်းပေးထားသည်။ တူးလက်စလမ်းဆုံး
နေရာရောက်လျှင် ဆက်တူးရန် ဖောက်ဂန်းပြင်ရ
သည်။ ဖောက်ဂန်းမှာ လူတစ်ရပ်စာမျှရှိသည်။
ပြင်ပြီးလျှင် ထိုဖောက်ဂန်းကို မိမိပုံခုံးပေါ်ထမ်း။
ပြီးလျှင် မိမိဖောက်လိုသည့် နေရာကိုချိန်ကာ
စက်ခလုပ်ဖွင့်ရသည်။ ဖောက်ဂန်းစက်၏ လည်အား
သည် ပြင်းထန်လှသည်။ လူတစ်ကိုယ်လုံး
တဆက်ဆက်တုန်ခါနေသည်။ ထို့ကြောင့် ဤကဲ့သို့
အလုပ်သမားများသည် အသက်ကြီးလာသောအခါ
အဆုပ်မကောင်းခြင်းနှင့် နှလုံးရောဂါများကြောင့်
သေဆုံးရကြောင်း ကြားသိရသည်။ ထိုသို့အပေါက်
ဖောက်ပြီးပြီဆိုလျှင် ထိုအပေါက်များထဲသို့ ယမ်းမှုန့်
များသိပ်ထဲ့သည်။ ပြီးလျှင် အလုပ်သမားများ
မြေပြင်ပေါ်ကို ပြန်တက်ရသည်။ ပြီးလျှင် ခလုပ်နှိပ်
ကာ ဖောက်ခွဲရခြင်းဖြစ်သည်။ ပေါက်ကွဲအားမှာ
ပြင်းထန်၍ မြေပြင်ပါ တုန်ခါသွားသည်။ ထိုသို့ပေါက်
ကွဲပြီးမှ ထိုအတောင် ၅၀၀ နက်သောတွင်းထဲသို့ ပြန်
ဆင်းကာ ပေါက်ကွဲ၍ တစ်စစီဖြစ်နေသော မြေတုံး
မြေခဲ၊ ကျောက်တုံးကျောက်ခဲများကိုယူကာ ရွှေကျင်
ခြင်းများကို ဆက်လက်လုပ်ဆောင်ကြရသည်။

အပိုင်း - ၃ ဆက်ရန် >>>

ကိုကိုမိုးဟိန်း
သစ်အယ်သီး

<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
04.09.21


Screenshot_2021_0706_191708.png


H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency