သူ့ဘဝ သူအကြောင်း / His Life His Experience

သူ့ဘဝ သူအကြောင်း / His Life His Experience

ခေါင်းစဥ်အားဖတ်၍ ကျွန်တော့်အကြောင်း မဟုတ်
သည်ကတော့ သိပြီးဖြစ်ပါလိမ့်မည်။ သူ့ကြောင်းပါ။
ဟိုတယ်တွင် အလုပ်လုပ်ခဲ့စဥ်က သူနှင့်ရင်းနှီးခဲ့
သည်။ ဟိုတယ်အလုပ်မှ ထွက်ခဲ့ကြပြီး ယခုတဖန်
မန်းလေးတွေ နှစ်ယောက်တူတူ အဆောင်ငှားနေကြ
ပြီး ကိုယ်စီအလုပ်လုပ်နေကြပါသည်။ ယခုသူသည်
စျေးထဲတွင် မန်းလေး အောင်ပင်လယ်စျေးတွင်
ထမင်းကြော်ရောင်းဖို့ စီစဥ်နေပါသည်။ မနေ့ညကမှ
အတူတူ ဘီယာသောက်ရင်း ခါတိုင်းထက် စကား
လက်ဆုံကြ၍ သူ့ဘဝ၊ အတွေ့အကြုံကြောင်း ပိုပြီး
သိခဲ့ရပါသည်။ သူသည် လူငယ်ကလေးတစ်ယောက်
။ အသက်က ၂၄ နှစ်ဝန်းကျင်။ အရပ်က မဆိုစ
လောက် နဲနဲပုသည်။ အသားက ခပ်ညိုညို။ ခန္ဓာကိုယ်မှာ တုတ်ခိုင်သည်။ ဇာတိက ငဇွန်ဘက်မှ
ဖြစ်သည်။ မန်းလေးမြို့နှင့်သူ၏ရွာကို တစ်နာရီခန့်
ဆိုင်ကယ်ဖြင့်သွားလျှင် ရောက်ကြောင်း သိရသည်။
ဘာကြောင့် သူ့အကြောင်းရေးရပါသနည်းဟူမူကား
လူငယ်ပေမဲ့ အတွေ့ကြုံက အံ့ဘနန်း။ သူသည်
အရက်သောက်တက်သည်။ ကွမ်းစားတက်သည်။
ဆေးလိပ်သောက်တက်သည်။ သို့သော် သူတပါးအား
အတင်းမဖျက်စီးတက်ပေ။ သောက်တက်သည်
ဆိုလျှင်တူတူသောက်ဖို့ခေါ်သည်။ မသောက်တက်
သူများကိုလည်း အစမလုပ်ဖို့ သတိပေးသည်။ သူသည် ဖဲရိုက်တက်သည်။ ဂျင်ကစားတက်သည်။
ကြက်တိုက်သည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လောင်းကစားမှန်သမျှလုပ်တက်သည်။ ဖဲရိုက်ခဲ့စဥ်
က ဖဲဆရာသမားကြီးများထံမှ လျှို့ဝှက်ချက်
အနည်းငယ် သင်ယူခဲ့ရကြောင်း ပြောပြသေးသည်။

သူသည် လောင်းကစားဘက်တွင်သာမကပဲ
အားကစားဘက်တွင်လည်း ထူးချွန်သည်။ သူ၏
ငဇွန်ရွာမှာဆိုလျှင် သူနှင့် တုတ်ကြီး ၂ ယောက်သည်
ဘောလီဘောပုတ်ရာတွင် အထိန်းပိုင်း၌ ဆရာကြီး
များဖြစ်သည်။ လှေလှော်ပြိုင်ပွဲများတွင် တစ်လကြာ
အောင် လေ့ကျင့်ပြီး ပြိုင်ခဲ့ဖူးကြောင်းသိရသည်။
ပိုက်ကျော်ခြင်းခက်ရာတွင်လည်း ထူးခွန်သည်။ ဘော
လုံးလည်း ကစားတက်သည်။ ထို့ကြောင့် ဤသူသည် လူကသာငယ်ပေမဲ့ အတွေ့ကြုံက အံ့ဘန်းဟု
ဆိုရခြင်း ဖြစ်လေသည်။

နောက်အပိုင်းတွင် သူ့ဘဝ သူ့အတွေ့ကြုံများ
အကြောင်းကို ဖော်ပြပေးသွားပါမည် >>>

ကိုကိုမိုးဟိန်း
သစ်အယ်သီး

<<---(Myanmar Language)--->>


# The future is in your hand# Do not kill the time# If you love yourself
# Never give up!# Try your BESTScreenshot_2021_0706_202202.png

Untitled13.png


Connect to me>>> Touch Image

KoKoMoeHeinMyanmarkoko5kokomoehei7
26-261903_facebook-f-logo-transparent-background-download-facebook.pngimage.png5a4e9e5b232b9ff0848852b19665cf59.jpg


Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
03.09.21


Screenshot_2021_0706_191708.png


H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency