စကားပြောသော "ဘာဝ" များ The " Bhava " that soeak

ဂြိုဟ်တွေ အကြောင်းကိုသိပြီးဖြစ်ပါသည်။ နောက်ထပ်သိရန်လိုသည်မှာ "ဘာဝ" ဟုခေါ်သည့် အကြောင်း အရာကိုသိရန် လိုပေလိမ့်မည်။ "ဘာဝ" ဆိုသည်မှာ လူဘဝ၏ဖြစ်တည်မှု နှင့် လူမှုရေး၊ စီးပွားရေး အလုပ်အကိုင်များကိုပါ သိရှိနိုင်ပါသည်။ "ဘာဝ" ၁၂ခုရှိပါသည်။ ထို"ဘာဝ" ကိုသိရန်တွက်ချက်ရပါသည်။ ထိုသို့တွက်ချက်ရန်အတွက် "ရာဖေး၏ဘာဝသန္ဓိကောက်ကိန်း" စာအုပ်ကိုအသုံးပြုရသည်။ ထို စာအုပ်တွင် လတ္တီတွဒ် ကို အခြေခံ၍ဖော်ပြထားပါသည်။ ယခုကာလများ၌ "Astrology App" များနှင့်သာတွက်ချက်သည့် အတွက် ထို အကြောင်းအရာစာအုပ်များလည်းတဖြေးဖြေးပျောက်ကွယ်သွားကြပါသည်။ အဓိက လဂ် ဟုခေါ်သော ၁တန့်ဘာဝ ကိုမူတည်ထားခြင်းဖြစ်သည်။ ဇာတာတစ်ဆောင် ကို လဂ် ကိုသာဖော်ထားသည်ကို အများက သတိပြုမိကြပါမည်။ ဒါက ဗဟုသုတ ပါပဲ။ ဒါဆိုရင် အခုမှ စ၍ သိထားသင့်တာတွေကိုပြောပြပါမည်။

I already know about the planets. The next thing you need to know is what is called "Bhava". "Bhava" means the existence of human life and the social, Business jobs can also be known. There are 12 "Bhava". We have to calculate to know that "Bhava". In order to calculate this, the book "Raphae's Bhava calculus" is used. The book is based on latitude. In these days, those content books are gradually disappearing as they are only calculated with "Astrology App". It depends on the 1 tanta Bhava called the main lag. Many people will notice that a horoscope is written only for the lag. This is knowledge. So I will tell you what you should know from now on.

လဂ် (သို့) ၁တန့် (သို့) တနှဘာဝ
လဂ် (သို့) ၁တန့်ဘာဝ သည် ဦးခေါင်းနှင့် ဦနှောက် ကိုညွန်းသည်။ ဘဝအတွက်ဆိုပါက ခန္ဓာကိုယ်ဖွဲ့စည်းမှု, ကျန်းမာရေး, ရှင်သန်ခြင်း, ဂုဏ်သိက္ခာ, ဘဝ၏အောင်မြင်မှု, တို့ကိုပြသသည်။ ဆွေမျိုးအနေဖြင့် မိမိကိုယ်တိုင်, ပဉ္စမသားသမီး, ဖခင်ဖက်မှ ဦးလေး အဒေါ်, တို့ကို ဆိုလိုသည်။ လူမှုရေး ကိစ္စများအနေဖြင့် ဖခင်၏မျှော်မှန်းလုပ်ငန်း, ညီငယ် ညီမငယ်တို့၏ အကျိုးအမြတ်များ, သားသမီးတို့၏ ကောင်းမှုကုသိုလ်ပြုခြင်း, တို့နှင့်ပတ်သက်သည်။

First House or Tagna Bhava
The First House refers to the head and brain. For life, it shows body composition, health, survival, dignity, success in life. Relative means oneself, fifth child, paternal uncle and aunt. As for social issues, it is related to the expected work of the father, the benefits of the younger brothers and sisters, and the good deeds of the children.

၂တန့် (သို့) ကတုမဘာဝ
၂တန့်ဘာဝ သည် မျက်နှာ, ညာဖက်မျက်စိ, နှာခေါင်း, လျှာ, သွား, နား, လက်သည်း, ခြေသည်း, အရိုး နှင့် အသား တို့ပါဝင်သည်။ ဘဝနှင့်ပတ်သက်၍ ငွေကြေး, ချမ်းသာကြွယ်ဝမှု, အစားအစာ, မင်္ဂလာမှု, တို့နှင့်ပတ်သက်သည်။ ဆွေမျိုးများအနေဖြင့် မိသားစု, ဒုတိယအိမ်ထောင်, မိခင်၏ အကိုကြီးအမကြီးများ, သက်ဆိုင်သည်။ လူမှုရေးဆိုင်ရာတို့မှာ သားသမီးတို့၏အလုပ်အကိုင်, အိမ်ထောင်ဖက်၏မတော်တဆထိခိုက်မှု, အိမ်ထောင်ဖက်၏အမွေ, ဖခင်၏ ရောဂါဝေဒနာ , တို့ဖြစ်သည်။

Second House or Second Bhava
Second Bhava includes the face, right eye, nose, tongue, teeth, ears, nails, toes, bones and flesh. Life is about money, wealth, food, happiness. Relatives include family, second marriage, mother's older brothers and sisters. Social issues are children's jobs, spouse's accident, spouse's inheritance, father's illness.

၃တန့် (သို့) သဟဇဘာဝ
၃တန့်ဘာဝ သည် လည်ပင်း, လည်ချောင်း, လက်, လည်ကုတ်ရိုး, ပခုံးညှပ်ရိုး, ညာဖက် မျက်စိ, နား, တို့နှင့်သက်ဆိုင်သည်။ ဘဝနှင့်ပတ်သက်၍ သူရသတ္တိ, စွန့်စားခြင်း, ပြိုင်ဆိုင်ခြင်း, ခရီးတိုသွားလာခြင်း, စိတ်ညွှန်မှု, သင်ကြားခြင်း, စာချုပ်စာတမ်းဖြင့်သက်ဆိုင်ခြင်း, အိမ်ခြံမြေ ရောင်းချခြင်း, လက်မှတ်ထိုးခြင်း, ဆွေးနွေးမှုများ, ထီပေါက်ခြင်း, တို့ပါဝင်သည်။ ဆွေမျိုးများမှာ ညီငယ်ညီမငယ်, အိမ်ထောင်ဖက်၏ဖခင်, အိမ်နီးနားချင်း, တပည့်များ, တို့ဖြစ်ကြ၏။ လူမှုရေးဆိုင်ရာမှာ အိမ်ထောင်ဖက်၏ကုသိုလ်ပြုမှုနှင့်ခရီးဝေးသွားလာခြင်း, မိခင်၏ ဆေးရုံပြသမှု, သားသမီးတို့၏ စိတ်ချမ်းသာမှု, တို့ကိုဆိုလိုပါသည်။

Third Bhava or Third House
Third Bhava relates to the neck, throat, hands, clavicle, shoulder collarbone, right eye, ear. Life includes courage, adventure, competition, short journeys, direction, teaching, dealing with contracts, real estate sales, autographs, negotiations, winning the lottery. Relatives are younger brothers and sisters, spouse's father, neighbors, and students. Social means spouse's good deeds and traveling long distances, mother's hospitalization, children's well-being.

၄တန့် (သို့) ဗန္ဓုဘာဝ
၄တန့်ဘာဝ သည် နှလုံး, အဆုတ်, ရင်ဘတ် နှင့် သွေး ကိုညွန်ပြသည်။ ဘဝနှင့်ပတ်သက်၍ ကျောင်းပညာရေး, အိမ်ခြံမြေများ, ယာဥ်အမျိုးမျိုး, အိမ်အဝင်ဝ, မင်္ဂလာအခန်းအနား, စသည်တိုနှင့်ပတ်သက်သည်။ ဆွေမျိုးများမှာ မိခင် ကိုအဓိကညွန်းဆို၏။ လူမှုရေးမှာ သားသမီးတို့၏နေရာပြောင်းရွှေ့ခြင်း, သားသမီးတို့၏ နိုင်ငံခြားသွားလာမှု, အိမ်ထောင်ဖက်၏အလုပ်အကိုင်, စသည်တို့ပါဝင်ပါသည်။

Fourth House or Fourth Bhava
Fourth Bhava indicates heart, lungs, chest and blood. Regarding life, it is about schooling, real estate, various cars, the entrance to the house, the wedding room, etc. Relatives mainly refer to the mother. Social includes children's relocation, children's travel abroad, spouse's employment, etc.

၅တန့် (သို့) ပုတြဘာဝ
၅တန့်ဘာဝ သည် ဝမ်းဗိုက်အပေါ်ပိုင်း နှင့်စိတ်, အသည်း, သည်းခြေအိတ်, သရက်ရွက်, အူလမ်းကြောင်း, တို့နှင့်ပတ်သက်သည်။ ဘဝအတွက်ဆိုပါက ပွဲစား, ဥာဏ်ပညာ, အပျော်အပါး, အနုပညာစွမ်းရည်, ရည်းစား, ဂီတအနုပညာ, ပင်စင်ယူခြင်း, ရောဂါဝေဒနာပျောက်ကင်းခြင်း, ထီပေါက်ခြင်း, တို့ပါဝင်သည်။ ဆွေမျိုးတို့တွင် သားကြီးသမီးကြီး ကိုညွန်ပြပါသည်။ လူမှုရေးကိစ္စများမှာ အိမ်ထောင်ဖက်၏ဆန္ဒပြည့်ဝမှု, သားသမီးတို့၏ကျန်းမာရေး, အစုစပ်လုပ်ငန်းတွင်တဖက်လူ၏စိတ်ချမ်းသာမှု, ဖခင်၏ကုသိုလ်ပြုမှု, စသည်တို့ဖြစ်ပါသည်။

Fifth House or Fifth Bhava
Fifth Bhava relates to the upper abdomen and the mind, liver, gallbladder, spleen, and intestines. For life, I have brokerage, intelligence, pleasure, artistic talent, boyfriend, musical art, retirement, cure of illness, winning the lottery. It indicates the elder daughter among the relatives. Social issues are fulfillment of spouse's wishes, children's health, partner's happiness in partnership, father's good deeds, etc.

၆တန့် (သို့) အာရီဘာဝ
၆တန့်ဘာဝ သည် ဝမ်းဗိုက်အောက်ပိုင်း, လည်ပင်း, အရိုး, အသား, စိတ်ပိုင်းဆိုင်ရာ, စအို နှင့် ကျောက်ကပ်, တို့ပါဝင်သည်။ ဘဝအတွက်ဆိုပါက ရောဂါဖြစ်ခြင်း, အပြိုင်အဆိုင် အနိုင်ရခြင်း, ကြွေးတင်ခြင်း, ရန်သူရှိခြင်း, အစိုးရဝန်ထမ်း, စသည့်တို့ပါဝင်သည်။ ဆွေမျိုးများနှင့်ပတ်သက်၍ အိမ်ရှိအခိုင်းအစေ(ညအိပ်သူ), ရန်သူ, ကြွေးရှင်, တို့ဖြစ်သည်။ လူမှုရေးပြဿနာများမှာ အိမ်ထောင်ဖက်၏ ရင်းနှီးမြုတ်နှံမှု, သားသမီးတို့၏ပိုင်ဆိုင်မှုများ, ဖခင်၏ အလုပ်အကိုင်, မိခင်၏ခရီးတိုသွားလာမှု, အိမ်ထောင်ဖက်၏ ဆေးရုံဆေးခန်းပြသမှု, တို့ဖြစ်သည်။

Sixth House or Sixth Bhava
The sixth Bhava includes the lower abdomen, neck, bones, flesh, mind, anus and kidneys. For life, it includes getting sick, winning a competition, being in debt, having an enemy, being a government employee, etc. Relatives are household servants (night sleepers), enemies, creditors. Social issues include spouse's investments, children's assets, father's occupation, mother's short commute, spouse's hospitalization.

၇တန့် (သို့) ပထနီဘာဝ

၇တန့်ဘာဝ သည် အသက်ရူခြင်း, ဆီးအိမ်, ပေါင်ခြံ, သားအိမ် တို့ကိုဖော်ပြသည်။ ဘဝအတွက်မှာ အိမ်ထောင်ကျခြင်း, ထိုင်ခြင်း, အစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်း, လူအများနှင့်ဆက်ဆံခြင်း, ခန်းဝင်ပစ္စည်းများ, တို့နှင့်ပတ်သက်သည်။ ဆွေမျိုးအနေဖြင့် တရားဝင်ဇနီးမယား/လင်ယောကျ်ား, ဒုတိယသားသမီး, သူခိုး, မိမိ၏လုပ်ဖော်ကိုင်ဖက်, တို့ဖြစ်သည်။ လူမှုရေးပြဿနာတို့မှာ သားသမီးတို့၏ စာမေးပွဲ, ဖခင်၏ဝင်ငွေ, မိခင်ပိုင်သောအိမ်ခြံမြေများ, အစ်ကိုကြီး အမကြီး တို့၏ ကုသိုလ်ပြုမှု, စသည်တို့ဖြစ်ကြသည်။

Seventh House or Seventh Bhava
Seventh Bhava indicates breath, bladder, groin, womb. For life, it is about marriage, sitting, working in partnership, dealing with people, dowry, etc. Relatives are legal spouse/husband, second child, thief, partner. Social problems are children's exams, father's income, mother's real estate, elder brother's merits, etc.

၈တန့် (သို့) မရဏဘာဝ
၈တန့်ဘာဝ သည် မျိုးဆက်ပွားအင်္ဂါများ, ဆီး, သွေးကြောများ, အသက်, တင်ပါး, တို့ကိုညွှန်းသည်။ ဘဝနှင့်ပတ်သက်လျှင် မတော်တဆထိခိုက်မှု, သိက္ခာကျခြင်း, နာမည်ပျက်ခြင်း, အနှိမ်ခံရခြင်း, စိတ်နာခြင်း, အမွေရခြင်း, လာဘ်ပေးလာဘ်ယူလုပ်ခြင်း, ထောက်ပံ့ကြေးရရှိခြင်း, တို့နှင့်သက်ဆိုင်ပါသည်။ ဆွေမျိုးတို့မှာ ပုဂ္ဂလိကဝန်ထမ်းများ, ကိုပြသသည်။ လူမှုရေးပြဿနာတို့မှာ မိခင်၏ထီပေါက်ခြင်း, အိမ်ထောင်ဖက်၏ ပိုင်ဆိုင်မှု, ဖခင်၏ ဆုံးရှုံးမှု, သားသမီးတို့၏ပညာရေး, အစုစပ်လုပ်ကိုင်သူ၏ ငွေကြေး, တို့နှင့် သက်ဆိုင်မှုရှိပါသည်။

Eighth Bhava refers to reproductive organs, urine, blood vessels, life, hips. In terms of life, it is related to accidents, dishonor, loss of reputation, suppression, heartache, inheritance, bribery, and receiving allowances. Relatives show private employees. Social problems are related to mother's winning the lottery, spouse's property, father's loss, children's education, partner's money.

၉တန့် (သို့) သုဘဘာဝ
၉တန့်ဘာဝ သည် ပေါင်နှင့်ခြေလက်များ, သွေးလွတ်ကြောများ, ပေါင်ရိုးနှင့်သက်ဆိုင်မှု, တို့ကိုညွန်းဆိုသည်။ ဘဝနှင့်ပတ်သက်၍ ခရီးဝေးသွားလာခြင်း, ကုသိုလ်ကောင်းမှုပြုခြင်း, ရှေးကုသိုလ်, လုပ်ငန်းပြီးဆုံးခြင်း, လုပ်ငန်းပျက်ခြင်း, အိပ်မက် မက်ခြင်း, တရားဓမ္မလိုက်စားခြင်း, အထက်တန်းပညာရေးများ, တို့ ဖြစ်ကြသည်။ ဆွေမျိုးများအနေဖြင့် ဖခင်, ဆရာ, ကိုးကွယ်သောဘုန်းကြီး, ခယ်မ,မြေး, တတိယသားသမီးတို့, နှင့်သက်ဆိုင်သည်။ လူမှုရေးပြဿနာတို့မှာ ဖခင်၏ဂုဏ်သိက္ခာ, သားသမီးတို့ ကလေးရရှိခြင်း, ဝန်ထမ်းအိမ်ယာများ, မိခင်၏ ရောဂါဝေဒနာ, အိမ်ထောင်ဖက်၏ ခရီးတို, များပါဝင်သည်။

Nineth House or Nineth Bhava
Nineth Bhava refers to the thighs and limbs, free blood vessels, related to the thigh bone. In terms of life, they are traveling long distances, doing good deeds, old deeds, completing work, losing work, dreaming, pursuing Dharma, and higher education. Relatives include fathers, teachers, monks, sisters-in-law, grandchildren, and third children. Social problems include father's honor, children having children, employee housing, mother's illness, spouse's short journey.

၁၀တန့် (သို့) ကမ္မဘာဝ
၁၀တန့်ဘာဝ သည် ဒူး, အရိုး, အသား, တို့ကိုညွန်ပြသည်။ ဘဝ၏ပတ်သက်မှုမှာ အလုပ်အကိုင်, စီပွားရေးလုပ်ငန်း, ရာထူးရာခံ, သြဇာရှိခြင်း, ကျင့်ကြံအားထုတ်ခြင်း, တို့နှင့်ပတ်သက်သည်။ ဆွေမျိုးအနေဖြင့် အစိုးရအကြီးအကဲ, အုပ်ချုပ်သူ, အထက်လူကြီးလူကောင်း, စသည်တို့ဖြစ်၏။ လူမှုရေးပြဿနာတို့မှာ သားသမီးတို့၏ရောဂါဝေဒနာ, ဘေးဥပါဒ်, ဖခင်၏ပိုင်ဆိုင်မှု, ချမ်းသားကြွယ်ဝမှု, အစ်ကိုကြီး အမကြီး တို့၏ ဆုံးရှုံးမှု, ရင်နှီးမြုတ်နုံမှု, တို့နှင့် ပတ်သက်သည်။

Tenth House or Tenth Bhava
Tenth Bhava indicates knees, bones, flesh. The relationship of life is related to employment, business, holding office, having influence, and striving. As a relative, it is the head of the government, administrator, senior gentleman, etc. Social problems are related to children's illness, disaster, father's property, wealth, elder brother's loss, and innocence.

၁၁တန့် (သို့) လာဘဘာဝ
Eleventh Bhava သည် ခြေသလုံး, ခြေထောက်များ, ဘယ်ဘက်နား, တို့ကိုညွှန်းဆိုသည်။ ဘဝ၏အဓိပ္ပါယ်မှာ ဝင်ငွေ, အမြတ်ငွေ, အောင်မြင်မှု, လိုအင်ဆန္ဒပြည့်ဝမှု, စိတ်ချမ်းသာခြင်း, သိမ်းပိုက်ခြင်း တို့နှင့်ပတ်သက်သည်။ ဆွေးမျိုးအနေဖြင့် အစ်ကိုကြီး, အမကြီး, သားမက်, ချွေးမ, မိတ်ဆွေများ, နှင့်သက်ဆိုင်သည်။ လူမှုရေးပြဿနာတို့မှာ လူအများအတွက် အကျိုးဆောင်ခြင်း, သားသမီးတို့၏ အိမ်ထောင်ရေး, အိမ်ထောင်ဖက်၏ ပွပေါက်တိုးခြင်း, ဖခင်၏ ခရီးတို, များ ပါဝင်သည်။

Eleventh House or Eleventh Bhava
Eleventh Bhava refers to the legs, feet, left ear. The meaning of life is about income, profit, success, fulfillment of desires, happiness and conquest. It is related to elder brother, elder sister, son-in-law, daughter-in-law, friends. Social problems include public welfare, children's marriages, spousal promiscuity, father's short trips.

၁၂တန့် (သို့) ဗျာယဘာဝ
၁၂တန့်ဘာဝ သည် ခြေဖဝါး, သွေး, ဘယ်ဖက်မျက်လုံး တို့ကိုညွှန်ပြနေသည်။ ဘဝနှင့်ပတ်သက်၍ ဆုံးရှုံးခြင်း, ပျက်စီးခြင်း, ဆေးရုံတက်ရခြင်း, ရင်းနှီးမြုတ်နှံခြင်း, အကြပ်အတည်းနှင့်ကြုံရခြင်း, နိုင်ငံခြားသွားလာခြင်း, ပေးကမ်းစွန့်ကြဲခြင်း, များနှင့် သက်ဆိုင်သည်။ ဆွေမျိုးအနေဖြင့် ဖခင်၏အမေ (သို့) အဘွား, ဖြစ်သည်။ လူမှုရေးပြဿနာမှာ မခင်၏ ကုသိုလ်ရေး, သားသမီးတို၏ အာမခံကိစ္စ, အိမ်ထောင်ဖက် ၏ ကျန်းမာရေး, ဖခင်၏ ပိုင်ဆိုင်မှု ပစ္စည်းများ, အစ်ကိုကြီး အမကြီး တို့၏ ပိုင်ဆိုင်မှု, များ ကိုပြသနေပါသည်။

Twelveth House or Twelveth Bhava
Twelve Bhava indicates feet, blood, left eye. In terms of life, it is related to loss, damage, hospitalization, investment, crisis, traveling abroad, giving away. A relative is the father's mother or grandmother. The social problem is the welfare of the mother, the insurance issue of the children, the health of the spouse, the property of the father, the property of the older brother.

အထက်ပါအကြောင်းအရာများသည် ဘာဝ၏ အကြောင်းအရာဖြစ်သည်။ ယခုအခါတွင် ကျွန်တော်၏ စာဖတ်မိတ်ဆွေတို့သည် ရာသီခွင်, ဂြိုဟ်များ, နှင့် ဘာဝ ၏ အကြောင်းများသိပြီးဖြစ်ကြသည်။ နောက်အပိုင်းများတွင် မည်သို့ ဗေဒင်ဟောပြောရသည်ကို ရှင်းလင်းအောင် ရေးသားပြပါအုံးမည်။ ကိုယ်စိတ်နစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ မင်းဇော်

The above topics are the content of Bhava. Now my reading friends know about the zodiac, planets, and Bhava. In the next sections, I will write and show you clearly how to tell fortune telling. May you be healthy and happy. Min Zaw

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center