မြန်မာတို့၏ နှစ်သစ်ကူးပွဲတော် Burmese New Year festival

မြန်မာတို့၏ နှစ်သစ်ကူးရိုးရာပွဲတော်ကို "သင်္ကြန်" ဟုတင်စားခေါ်ဝေါ်ကြပါသည်။ သင်္ကြန်ဟူသော ဝေါဟာရမှာ "သင်္ကန္တ" ခေါ် ပါဠိဘူသာမှဆင်းသက်လာခြင်းဖြစ်ပါသည်။ မြန်မာတို့၏ ၁၂လရာသီပွဲတော်များအတွင်းတွင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်သည် အလွန်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်ပါသည်။

Myanmar's traditional New Year festival is called "Thingyan". The word Thingyan is derived from the Pali Butha called "Thinkanta". Among Myanmar's 12-month festivals, Thingyan New Year is a very crowded national festival.

သင်္ကြန်ပွဲတော်နှင့် ဗေဒင် အယူအဆများ ဆက်စပ်နေပုံ ကို ဖော်ပြပေးပါမည်။ ကမ္ဘာသည် နေကိုတစ်ပတ် ပတ်ရန် ၃၆၅ရက် ၆နာရီ ၁၂မိနစ် ၃၇စက္ကန့် ကြာသည့်ဟု မှတ်သားရပါသည်။ မြန်မာတို့၏ နှစ်သစ်သည် မိဿရာသီ အပေါ် နေမင်းစတင်ဝင်ရောက်လာချိန်ကို နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည်ဟု မှတ်ယူပါသည်။ နောက်လာမည့်နှစ်တွင်လည်း မိဿရာသီ သို့ နေမင်းစတင်ရောက်ရှိချိန်ဖြစ်သည့်အတွက် တနှစ်ကျော်မျှကြာပေမည်။ထိုကဲ့သို့ မိဿရာသီ သို့ နေမင်းရောက်ရှိချိန်ကိုမူတည်ပြီး တွက်ချက်ပြီး "မဟာသင်္ကြန်စာ" ဟူ၍ထုတ်ဝေမှုများ ရှိပါသည်။ထို "မဟာသင်္ကြန်စာ" တွင် ၇ရက် သားသမီးများအတွက် ဆောင်ရန် ရှောင်များ အပါအဝင် ကာလ အပိုင်းအခြားအလိုက် မြန်မာပြည်၏ ဖြစ်ပျက်စေမည့် အကြောင်းအရာများကို ဝေဆာစွာ ရေးသားထားကြပါသည်။

We will explain how the Thingyan festival and Vedic concepts are related. It is noted that the earth takes 365 days, 6 hours, 12 minutes, and 37 seconds to orbit the sun in one week. The Burmese New Year is considered to be the time when the Sun begins to enter the month of Aries, the end of the old year and the transition to the new year. In the next year, it will be more than a year since the sun will arrive in Aries, so it will take more than a year. Based on the time of the arrival of the sun in Aries, there are publications called "Mahar Thingyansa". In the "Mahar Thingyansa", the 7 days of the Sun's prayers for the children are written extensively about what will happen in Burma according to the period.

တခြားသောအကြောင်းအရာများလည်းရှိပါသည်။ ထိုအကြောင်းအရာများထဲမှ တစ်ခုကို ရေးသားပြပါမည်။သင်္ကြန် နှင့်ဆက်စပ်လျက် သိကြားမင်း နှင့် ဗြဟ္မာမင်းတို့သည် အချင်းများခဲ့ကြရာမှ ကဝါလမိုင်း ဆရာတော်ကြီးထံသို့ အဆုံးအဖြတ် ခံယူကြရာ ဗြဟ္မာမင်း ရှုံးသဖြင့် ဦးခေါင်းကိုဖြတ်၍ နတ်သမီး ခုနစ်ဖော်ကို အလှည့်ကျ ကိုင်စေ၏။ အဘယ့်ကြောင့်ဆိုသော် ဗြဟ္မာမင်း သည် တန်ခိုးကြီးလှသဖြင့် ပင်လယ်ထဲပစ်လျှင် ရေခန်းမည်၊ မြေပေါ်ထားလျှင် မီးလောင်ပျက်စီးမည်၊ လေ၌ပစ်ပါက သတ္တဝါများ သေကြေပျက်စီး မည်ဖြစ်သည့်အတွက် သင်္ကြန်ကာလတွင် ဗြဟ္မာမင်း၏ဦးခေါင်းကို နတ်သမီး တစ်ဦး ထံပြောင်းပေးရသည်ဟု မှတ်သားခဲ့ဘူးပါသည်။

There are other topics as well. I will write about one of those topics. In connection with Thingyan, King Indra and King Brahma had a quarrel and went to Kavalamai monk to decide. King Brahma lost and cut off his head and made the seven goddesses take it in turns. Because Brahma is so powerful that if he throws it into the sea, the water will dry up. If you put it on the ground, it will be destroyed by fire. I did not remember that the head of Brahma should be transferred to a goddess during Thingyan, because if it is thrown in the air, the animals will die.

မြန်မာတို့၏ သင်္ကြန်ပွဲတော်အတွင်း ဘုန်းကြီးကျောင်းသို့ သီလခံယူပြီး ဥပုဒ်စောင့်ထိန်းသူများ၊ သက်ကြီးရွယ်အို အဖိုးအဖွားတို့ကို ခေါင်းလျော်ခြင်း၊ ခြေသည်း လက်သည်း ညုပ်ပေးခြင်းများကိုပြုလုပ်ကြသည့်အပြင် "စတုဒီသာ" ဟုခေါ်သည့် လာသမျှလူကို ကုသိုလ်ယူကာ အစားအစာ တို့ကို ကျွေးမွေးခြင်းများပြုလုပ်ကြသည်။ ထို့အပြင် ရှေးယခင်က ငွေဖလားဖြင့်ရေထည့်ကာ သပြေခက်ဖြင့် ရေပက်လောင်းခြင်း များရှိခဲ့ပါသည်။ ကာလရွေ့လျားသည်နှင့်အမျှ ရေပက်မဏ္ဍပ်များတည်ဆောက်ပြီး ခေတ်ပေါ်တေးဂီတများ အကများဖြင့် ရေပိုက်များဖြင့်သာရေကစားကြသည်။ ယခင်က ဓလေ့များလည်းပျောက်ကွယ်သွားခဲ့ပါသည်။

During the Thingyan festival of Burmese, those who take religious vows to the monastery Taking care of elderly grandparents, In addition to doing foot and nail massages, they take merits and feed food to all who come, which is called "Studitha". In addition, in the past, water was poured with a silver cup and splashed with a fork. As time goes on, they build splash pavilions and play with water hoses to modern music and dance. The customs of the past have also disappeared.

မြန်မာနိုင်ငံနှင့် အတူ နှစ်သစ်ကူး ကျင်းပသောနိုင်ငံများရှိပါသည်။ ထိုနိုင်ငံများနှင့် ပွဲတော်၏အခေါ်အဝေါ် တို့မှာ ထိုင်းနိုင်ငံ တွင် Songkran၊ လာအိုနိုင်ငံ တွင် Pimai၊ နှင့် ကမ္ဘောဒီးယားနိုင်ငံ တွင် Chaul Chnam Thmey တို့ဖြစ်ကြပါသည်။ထိုနိုင်ငံများမှာ မြန်မာနှင့် ယဥ်ကျေးမှုခြင်း တူညီသောကြောင့်ဖြစ်ပါသည်။ မြန်မာတို့၏ နှစ်သစ်ကူးပွဲတော် အကြောင်းကို အဆုံးသတ်ပါမည်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ မင်းဇော်

Along with Myanmar, there are countries that celebrate the New Year. Those countries and the name of the festival are Songkran in Thailand, Pimai in Laos and Chaul Chnam Thmey in Cambodia. Those countries have the same culture as Myanmar. It will end with the Burmese New Year celebration. May they be filled with all happiness. Min Zaw

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center