သက်တမ်းက နှစ်60၊ 50၊ 30 တဲ့လား

image

ကျွန်‌တော့်ရဲ့ လမ်းကြောင်းကြီးကလည်း တန်းလန်းကြီးနှင့်ရပ်ထားရသည်။ ယခုထိမပြီးဆုံးသေး။
မန္တလေးစည်ပင်သာယာရုံးမှ ဖုန်းဆက်အကြောင်းကြားခေါ်မှသာ ဆက်လက်ဆောင်ရွက်လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုအချိန်ထိ
မြေစာရင်း၊ မြေပုံ ကူး၍မပြီး‌သေးဟုထင်ပါသည်။
ကျွန်တော်တို့၏ ‌မြေကွက်ကို သက်တမ်းတိုးပါမှ
ကျွန်တော်တို့ မီးရထားဌာန၏ မြေများကို
သတိထားမိသည်။

မီးရထားပိုင်မြေများက ရထားလမ်းတလျှောက်
လက်ညှိုးထိုးမလွဲပေ။ သို့သော် ခေတ်ကာလ
ကြာမြင့်လာသည့်အခါ လူဦးရေထူထပ်လာ၍
မြေနေရာများရှားပါးလာသည်။အထူးသဖြင့်
မြို့ပြနှင့်နီးသည့် မီးရထားပိုင်မြေများ
သည် ပြဿနာအများဆုံးဖြစ်သည်။ ကျူးကျော်
နေထိုင်သူများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ
နှင့် စည်ပင်သာယာဌာနများမှ လာရောက်၍
အဆောက်အဦများ ဆောက်လုပ်ကာမြေနေရာ
ယူထားကြသည်။

20200825_171444.jpg

ထိုအပြင် 1996-1997 ခုနှစ်ခန့်က မန္တလေးရှိ
မီးရထားပိုင်မြေများကို ငှားရမ်းခဲ့သည်။
အဆိုပါမြေများမှာ 78လမ်းတလျှောက်ရှိ
လမ်းဘေးဝဲ၊ယာမြေများဖြစ်သည်။
အဆိုပါမြေများကို နှစ်50၊ 60 သက်တမ်း
ငှားရမ်းသည်ဟုကြားသိရသည်။ ထိုမှ
မီးရထားမြေသည် စည်ပင်ပိုင်မြေအဖြစ်
ပြောင်းလဲသွားခဲ့ရသည်။

အဆိုပါငှားရမ်းထားသည့် မြေများပေါ်တွင်
နေထိုင်သူများမှာ တရုတ်လူမျိုးများ အများဆုံး
ဖြစ်သည်။ အဲ့မှာ ကျွန်တော်တွေးမိတာ။
တရုတ်လူမျိုးတွေနေတဲ့ မန္တလေးမြို့အလယ်ကောင်
မြေနဲ့ တိုက်ခန်းတွေကိုတော့ နှစ်50၊ 60
သက်တမ်းပေးပြီး။ ကျွန်တော်တို့ဝန်ထမ်း
မြန်မာပြည်သူတွေကိုတော့ မြို့ပြင်မြေကွက်ကို
သက်တမ်း 30 ပေးခဲ့ကြတဲ့ လူကြီးတွေ
ဘယ်လိုစိတ်ကူးနဲ့များ ပေးခဲ့ကြတာလဲ
လို့ပေါ့နော်။

@htwegyi

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center