ကျွန်တော်နှင့် သဘာဝတရား။

ပိုစ့်တင်ဖို့အရေး တွေ ဝေ ငေး မော နေသည်နှင့်
မတင်ဖြစ်ပါ။ နိုင်ငံတဝှမ်း ရေကြီးနေသည်တွက်
စိတ်မချမ်းသာ ဖြစ်ရသည်။ ရာသီဥတု
ဆိုးရွာခြင်း၊ ဥတုဖောက်ပြန်ခြင်းများသည်
လူတို့၏ လုပ်ဆောင်ချက်များကြောင့် အများဆုံး
ဖြစ် ပေသည်။ အထူးသဖြင့် မတော်လောဘ
များကြောင့် မတော် တရော်တွေဖြစ်ကုန်သည်။

ကျွန်တော်တို့ငယ်စဉ်က ဘယ်နိူင်ငံမှာ
ဘာဖြစ်တာ၊ ညာဖြစ်တာ စသဖြင့် ကြားရသည့်
အခါ လူကြီးများ ပြောသံကြားရသည်။
တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံမို့ သူများနိုင်ငံတွေလို
ဘေးဆိုး၊ ကပ်ဆိုး မကျရောက်ဖူးဟု ပြောသည်။
မှန်ပေမည် ထိုခေတ် ထိုအခါက မြန်မာလူမျိုး
များအဖို့ ဘာမှ မတိုးတက်တော့ ဘာမှ မရှိ။
ဒီတော့ ဘာမှမရှိကြတော့ လောဘမရှိ၊ လောဘနည်းသည်။
ဒီတော့ ဘေးဒုက္ခလည်း နည်းသည်ပေါ့။

အဆိုးနဲ့အကောင်းက ဒွန်တွဲနေပေသည်။
လူဆိုသည်က တိရစ္ဆာန်နှင့်မတူသည်မှာ စဉ်းစား
မှု၊ အသိဉာဏ်ရှိမှု ပိုသည်ဟုပြောသည်။ အိပ်၊ စား၊
ကာမ ထိုသုံးခုက လူနှင့် တိရစ္ဆာန် အတူဖြစ်သည်။
လူက လောဘဆိုသည့် အပို တခုပင် အပိုပါသေး
သည်။ ထိုလောဘကြောင့်ပင် ရာသီဥတုတို့
ဖောက်ပြန်ပျက်စီးကုန်သည်။

သဘာဝတရားကို လိုအပ်သလောက် ထုတ်ယူ
သုံးစွဲခြင်းမရှိ။ လိုသည်ထက် ပို၍ သုံးစွဲကြသည်။
ထိုကြောင့် သဘာဝတရားက ပြန်၍ စိတ်ဆိုးကာ
အပြစ်ပေးသည်။ သဘာဝကို အရှိအတိုင်း
ခံစားပါက ကြည်နူးရစေသည်။ သဘာဝတရား၏
အလှအပများကို လောဘကြောင့် ပျက်စီး၊
ဖျက်စီးကြသည်။ နိုင်ငံတခု၏ သဘာဝ သံယံဇာတ
များကို ထိုနိုင်ငံ၏ မဆင်မခြင် ထုတ်ယူ
သုံးစွဲမှုကလည်း သဘာဝဘေးဆိုးများ
ဖြစ်စေခဲ့သည်။

ယနေ့ပိုစ့်ကတော့ သဘာဝကြီးနဲ့ ကျွန်တော်
နှစ်ပါးသွားနေသည်။ သဘာဝအတိုင်း ပျော်ပါးနေသော
ရထားမောင်နှံ နှစ်ကောင်ကို အမိအရ
ဓာတ်ဖမ်းရင်း သဘာဝကြီးအကြောင်း
ရေးသားမိပါသည်။

@htwegyi
September 14, 2024

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center