တစ်နေ့သောအခါက ညစာ

မင်္ဂလာပါ။
ဒီနေ့တော့ အစားလိုင်းသွားရဦးမယ်။
အစား က လူ့အတွက် မရှိမဖြစ် မဟုတ်လား။
လွန်ခဲ့သော လက မိတ်ဆွေအချို့ နှင့် ညစာ ကို စစ်ကိုင်းမြို့ လူနေရပ်ကွက်တစ်ခုအတွင်း က ပန်ပန် စားသောက်ဆိုင် မှာ စားဖြစ်ခဲ့ကြပါတယ်။

မိသားစု နှစ်စု လူဦးရေ က ၆ ယောက်ပါမှာ ကလေးငယ်က နှစ်ယောက်ပါ။
ကလေးတစ်ယောက်က သားငါး မစားပါဘူး။
အသားငါး မစားတဲ့ ကလေး အတွက်က ထမင်းဖြူ နှင့် ကြက်ဥကြော် ရယ်ပါ။

ကျန်တဲ့ ၅ ‌ယောက်က အစုံစားတွေပါ။
အဲ့နေ့က ဟင်းလျာကို ဝက်နံရိုးမီးတောက်၊ ဂဏန်းချဉ်စပ် နှင့် ဟင်းသီးဟင်းရွက်စုံကြော် တို့ပါ။
ဝက်နံရိုးမီးတောက် တစ်ပွဲ ၆၅၀၀ ကျပ် နှင့် ဂဏန်းချဉ်စပ်က ၈၀၀၀ ကျပ် ပေးခဲ့ရပါတယ်။

စားသောက်ဖွယ်ရာ အားလုံး စုစုပေါင်းမှ ၂၇၀၀၀ ကျပ်ပဲ ရှင်းခဲ့ရပါတယ်။
ခုချိန်ကာလ လူ ၅ ‌ယောက် ကောင်းကောင်းမွန်မွန် ဆိုင်မှာ စားနိုင်ဖို့ ငွေ နှစ်သောင်း သုံးသောင်းနဲ့ က ရှားပါတယ်။
အရာအားလုံးဟာ ဈေးကြီးနေပါတယ်။

ခုလို စားစရာတွေ ထုတ်ပြလို့ ကြွားတယ် မထင်ပါနဲ့။
ကျွန်တော်တို့လည်း တစ်လနေလို့ တစ်ခါ မစားဖြစ်ပါဘူး။

ကဲ ကျွန်တော်က မိတ်ဆွေတို့ စစ်ကိုင်း ရောက်ရင် ဈေးချိုချိုနဲ့ ဖွယ်ဖွယ်ရာရာ စားနိုင်တဲ့ ‌ဆိုင်လေးကို။လမ်းညွှန်ပေးတဲ့ သဘောပါပဲ။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center