Still Bad Connection

မုန်တိုင်းကြောင့် မိုးက ရက်ဆက်ကို ရွာ၏။ ရေလည်း အတော်ပါ၏။ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ကို ဖြစ်ကုန်၏။ မြို့ပေါ် ကျေးရွာ မကျန် ရေဘေးဒဏ် ခံရ၏။ တနိုင်ငံလုံး နီးပါးဟုပင် ပြောလို့ရမည်။ ရှမ်းပြည်နယ်နှင့် ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း တဝိုက်မှာတော့ ပိုပြီး ဆိုးသည် ပြောရမည်။ မိုးများတော့ ရေများပြီး ဆည်ရေတွေ ပြည့်လျှံလို့ ပိုလျှံရေတွေကို လွှတ်ထုတ်ရာကနေလည်း ရေကြီး ရေလျှံ ရေဘေးဒဏ် ခံကြရလေ၏။ အတော်လေး ဆိုးလှ၏။

တောင်ပေါ်ဒေသ ‌ရေကြီးတယ်ဟု ပြောရင် တချို့တွေက ယုံကြမည် မထင်။ လက်တွေ့မှာတော့ တောင်ပေါ်ဒေသတွေမှာ ရေဘေးဒဏ် ခံနေရ၏။ ရွှေညောင်၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော စသည့် မြို့နယ်များ အားလုံးမှာ ရေကြီး ရေလျှံ ရေဘေးဒဏ်တွေ ခံရ၏။ Wifi, Mobile internet တွေ ပျက်တောက်ကုန်၏။ Phone line က တရက်လောက် ပျက်လိုက်သေး၏။ ခုလည်း သိပ်မကောင်းပေ။ မနေ့ကတော့ Wifi internet ပြန်ရ၏။ လိုင်းတော့ မကောင်း၊ လိပ်တောင် အဖေ ခေါ်ရမည့် အခြေအနေပင်။

Internet ပြန်ရမှ ဘယ်နေရာတွေ ဘာဖြစ်ကုန်သည်ကို သိရတော့၏။ တမြို့လုံး Internet ပျက်တောက် သွားကြရသည် အထိပင်။ ယခုလို IT ခေတ်ကြီးမှာ Internet မရတာက အတော်ဆိုးလှ၏။ နာရီပိုင်းလောက် မဟုတ်၊ ၂ ရက် နီးပါး ပျက်တောက်တော့ ဘာမှ လုပ်မရ၊ ပြုမရပေ။ Wifi မရလို့ Mobile data သုံးလို့ ရလား ဆိုတော့ Mobile data ကလည်း မရနေပေ။ တခု မရလည်း တခုတော့ ရသင့်သည် မဟုတ်လား။ ခုက ဘာမှကို လုပ်မရ။

သူများတွေ ရေဘေးသင့်ပါတယ်ဆိုမှ Internet မရတာလေးကို ငြီးငြူနေတာတော့ မဟုတ်ပေ။ Internet ကလည်း အရေးပါသည် မဟုတ်လား။ ဘယ်နေရာ ဘာ ဖြစ်နေသည် အစရှိသဖြင့် သတင်း စီးဆင်းမှုကလည်း အရေးပါလှသည် မဟုတ်လား။ Internet, phone line တွေမရတော့ ဘယ်နေရာ ဘာဖြစ်မှန်းလည်း မသိ။ သတိပေးလို့လည်း မရ။ ကူညီပေးလြိုလည်း မရနဲ့။ Hive မှာလည်း ပိုစ့်တင်လို့မရပေ။ Wifi တွေ ပြန်ရနေပေမယ့် လိုင်းကတော့ မကောင်းနေပေ။

Sim data ကတော့ Atom တခုထဲသာ ရနေသေး၏။ Wifi တောင် အကုန်လုံး ရ၊ မရတော့ မပြောတတ်ပေ။ Welink ကတော့ ရပြီ။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ မြန်နှုန်းအားက ကြောက်စရာ။ မနည်းကောင်း စိတ်ကို ဆွဲဆန့်ပြီး သုံးမှသာ ရပေလိမ့်မည်။ ကပ်ဘေးပေါင်းစုံနဲ့ ဆုံတွေ့ခွင့်ကို အထူးမဲပေါက်ထားသည့် နိုင်ငံသူ၊ နိုင်ငံသားတွေပေါ့။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center