Need Help

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ် အတော်များများ နေရာ အတော်များများမှာ ရေကြီး ရေလျှံ၊ ရေဘေးဒဏ်တွေ ခံနေကြရ၏။ ကလော၊ အောင်ပန်းဘက်တွေတော့ ရေပြန်ကျပြီ ဆို၏။ ခုထိ စိတ်ပူ၊ စိုးရိမ်နေရသေးတာက အင်းလေး ဒေသ ဖြစ်၏။ အင်းသားတွေ ရေနဲ့ မစိမ်းကြဘူး ဆိုပေမယ့်လည်း ခုလိုမျိုး ရေတက်ကြမ်းပုံကြီးနဲ့ကတော့ အဆင်မပြေ နိုင်ပေ။ တထပ်အိမ်တွေဆို ခေါင်မိုးလေးသာပေါ်။ နှစ်ထပ်အိမ်ဆို အောက်ထပ် ရေမြုပ်သည် အထိပင်။ တော်တော်လေး ဆိုးလှ၏။

အင်းလေး ဘက်မှာက လူထိခိုက်မှု နည်းပေမယ့် ပျက်စီး ဆုံးရှုံးမှုကတော့ မလျော့ပေ။ နဂို ကတည်းက ရေပေါ်အိမ်၊ ကုန်းပေါ်အိမ် သမားတွေက ရွှေ့ရ ပြောင်းရ လွယ်ကောင်း လွယ်ပေမယ့် ကုန်းမကျ၊ ရေမကျ သမားတွေအဖို့တော့ ခက်ပေလိမ့်မည်။ ပြီး အထပ်မြင့် သမားတွေက အပေါ်ထပ်မှာ လူနေ၊ ပစ္စည်းတွေ ရွှေ့ထားလို့ ရပေမယ့် တထပ်အိမ် သမားတွေကတော့ ဘယ်နားနေလို့ ဘာလုပ်လို့ ရမည်နည်း။

နောက်တချက်က ခုလောက်ထိ ရေတက်၊ ရေများ လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြတာလည်း ပါမည်။ ကြိုတင် ပြင်ဆင်မှု အားနည်းခြင်းကြောင့်လည်း ဆုံးရှုံးမှုတွေ ပိုပြီး ဖြစ်ရလေ၏။ ကျနော့် တသက်နဲ့ တကိုယ် ခုလောက်ထိ အင်းလေးကန် ရေကြီး ရေတက်မှု မကြုံ၊ မကြားဖူးသေးပေ။ စံချိန်တင် ရေတက်၊ ရေကြီးသည်ဟု ပြောလို့ရမည် ထင်ပါ၏။

တရက်က အင်းထဲက သူငယ်ချင်းနဲ့ ph အဆက်အသွယ် ရ၏။ ရေတော့ မဆိုစလောက်လေးကျသွားသည် ဆို၏။ အမှန်တော့ ထပ် မတက်လာသေးတာပါ။ မိုးသာ ထပ်ရွာရင် စိတ်ပူရနိုင်၏။ မိုးလေဝသ သတင်းတွေအရ မုန်တိုင်းထပ်လာဖို့ ရှိနေသေးသဖြင့် မိုးကတော့ ထပ်လာနိုင်သေးသည့် သဘောပင်။ တားမရသည့် ကိစ္စမို့ ရွာမည်ဆိုရင်လည်း နည်းနည်းပဲ ရွာပါဟု ပြောရမည်ထင်။

အဆိုပါ ဒေသတွေမှာ Internet, Electric ခုထိ မရသေးပေ။ Mobile network တောင် Atom တမျိုးပဲ ကောင်းကောင်းရ၏။ ကောင်းကောင်းဆိုတာ သူတခုပဲ ရတာ။ ဒါပေမယ့် လိုင်းတော့ မကောင်းပေ။ အဆက်အသွယ် မ‌ပျက်နေဘူးဟု ဆိုလို့ ရရုံလေးသာ။ ဝောာင်ပေါ်မှာလည်း ထိုနည်း၎င်းကောင်းပင်။ Phone ပြောလို့ မကောင်း၊ Internet က ရပေမယ့် လိပ်ထက်နှေး ပဲကျိက အဖိုးခေါ်ရမည့် မြန်နှုန်းနဲ့။

တဖက်တလှမ်းက ကူကြ လှူကြပေါ့။ စစ်ဘေးရှောင်၊ ရေဘေးရှောင် ရနဲ့။ တချို့တွေ စစ်ဘေးရှောင်လာပါတယ်ဆိုမှ ရေဘေးနဲ့ လာကြုံနေရတာတွေလည်း ရှိသေး၏။ ဒုက္ခ ဆိုသည့်အမျိုးက လာတာတောင် အဖော်ခေါ်လာခဲ့၏။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center