Funny

အဖေဖြစ်သူက အလိမ်ဖော်စက်တစ်လုံး ၀ယ်လာသည်။ ထိုစက်မှာ တစ်ယောက်ယောက်က လိမ်ပြောသည်နှင့် 'ဂွီ' ကနဲ အသံမြည်လေသည်။
.
ညနေစောင်းလျှင် သားဖြစ်သူ အိမ်ပြန်လာ၏။
အဖေ။ ။ သား ကျောင်းက ပြန်လာတာလား။
သား။ ။ ဟုတ်ကဲ့။
အလိမ်ဖော်စက်။ ။ ဂြီ...
သား။ ။ ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်တော် ရုပ်ရှင်ရုံကလာတာ။
................ဂြီ...
သား။ ။ သြော်.. အင်း။ ကျွန်တော် သူငယ်ချင်းတွေနဲ့ ဘီယာ သွားသောက်တာ။
အဖေ။ ။ ဘာပြောတယ်။ ငါ မင်းအရွယ်တုန်းက အရက်ကို လက်နဲ့တောင် မတို့ခဲ့ဘူး။
................ဂြီ...
အမေလုပ်သူက ရယ်ရင်း ၀င်ပြောသည်။
အမေ။ ။ ဟား ဟား ဟား။ ကဲ ... ရှင့်သားပဲလေ။
................ဂြီ...
Crd
Ko Lin post crd this.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now