ပြန်ဆုံမဲ့နေ့

image
Image Source:https://pixabay.com/en/couple-love-young-couple-romance-love-co-1246314/

ပြန်ဆုံမဲ့နေ့တနေ့ကို
ဒီရင်မှာပူလှိုက်မောစွာနဲ့
မေပြန်လာမဲ့ညနေလမ်းလေးကို
မောင်လှမ်းလင့်လို့ကြိုနေမိတယ်
မေမသိခင်လေးပေါ့...

ကြယ်တွေစုံတဲ့ညတိုင်းလည်း
ကောင်းကင်ကကြယ်တွေကြားမှာ
မေ့မျက်နှာပုံဖော်လို့
မြတ်နိုးခြင်းနှလုံးသားကဗျာကို
တယောက်တည်းရေးနေမိတယ်
သက်ဆိုင်သူမသိခင်လေးပေါ့...

လှုပ်ရှားသွားလာ လူ့ဘဝနေ့များစွာမှာလည်း
ရောင်စုံလူတွေများအကြား ကြင်နာသူရှိလေမလားလို့
မောင့်မျက်ဝန်းတစုံဟာ ပျားပန်းခတ်မျှ ရှာနေမိတယ်
နှလုံးသားရဲ့စေညွှန်ရာအတိုင်းလေးပေါ့...

ပြန်ဆုံမဲ့နေ့ကလေးရောက်ရင်
အပြာရောင်ကောင်းကင်ကြီးရဲ့အောက်
မောင့်မေတ္တာအုပ်မိုးကာ
မောင့်နှလုံးသားလေးဒူးထောက်နေပါ့မယ်
မေ့ရဲ့ရှေ့မှာ....

(ကိုယ်တိုင်ဖီးလ်ထားသည် မရေးတတ်ရေးတတ်နဲ့ပေါ့ 😁)
အားလုံးကိုခင်မင်လျက်
@zinmintun7
MSO-3

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency