This content was deleted by the author. You can see it from Blockchain History logs.

တကယ်ရှိသင့်တဲ့ စေတနာ

အာဖရိကတိုုက် အလယ်ပိုုင်း ကုုန်းတွင်းပိုုင်းနိုုင်ငံ ရေ၀န်ဒါ ( Rwanda) မှာပါ။
ကြည့်လိုုက်ရံုုနဲ့ စိတ်မချမ်းမြေ့ စရာပါ။
အခြေအနေက ထင်ထားတာထက် အများကြည့် စိတ်ပျက်စရာ ကောင်းလွန်းလှပါတယ်။

image
Google

အနယ်နယ် အရပ်ရပ် စေတနာ၀န်ထမ်းလူငယ်များကိုု တင်ဆောင်လာတဲ့ ထရပ်ကားကြီးများဟာ ကယ်ဆယ်ရေး ပစ္စည်းများနဲ့အတူ စခန်းကိုု ဆိုုက်ရောက်လာပါတယ်။ ထိုုင်၀မ်မှ လူငယ်တစ်ဦးဟာ မိမိမြင်လိုုက်ရတဲ့မြင်ကွင်းအပေါ် တော်တော်လန့်သွားပါတယ်။ အားနည်းပိန်လီပြီးမျက်၀န်းဟောင်းလောင်းဖြစ်နေတဲ့ ကလေးများဟာ ထရပ်ကားကိုု မမြင်ဖူးလိုု့လားမသိပါ။ ၀ိုုင်းကြည့်နေကြပါတယ်။ ကလေးမဲမဲလေး တစ်ယောက်ဆိုုရင် ကားနောက်ကိုု တစ်ကောက်ကောက်လိုုက်လာပါတယ်။
ထိုုင်၀မ်က လူငယ်လေးဟာ ကိုုယ်ချင်းစာစိတ်၊ သနားစိတ် ချက်ချင်း၀င်သွားပါတယ်။ ကားပေါ်က စားစရာအချို့ ကိုုယူပြီး အဲဒီကလေးကိုု ပေးဖိုု့ လက်ဟန်ပြလိုုက်ပါတယ်။
“ ဟေ့လူ၊ ခင်ဗျားဘာလိုု့မလုို့လဲ” အမေရိကန်မှ လာတဲ့ စေတနာ၀န်ထမ်းလူငယ်က လှန်းအော်လိုုက်တယ်။
“ လက်ထဲက မူန့်တွေကိုု ချထားလိုုက်စမ်း” သူကဆက်အော်လိုုက်ပါတယ်။
ထိုုင်၀မ်လူငယ် ကြောင်အန်းအန်းကြီးဖြစ်သွားပါတယ်။ စိတ်ထဲမှာလည်း နားမလည်သလိုုဖြစ်သွားတယ်။ ငါတိုု့ စေတနာ၀န်ထမ်းလာလုုပ်နေတာ မဟုုတ်ဘူးလား၊ ကယ်ဆယ်ရေး လာလုုပ်နေတာ မဟုုတ်ဘူးလား၊ စေတနာ၀န်ထမ်း အတူတူ ဘာဆိုုင်လိုု့ လာအော်ရတာလဲပေါ့၊

အမေရိကန်လူငယ်က လိုုက်လာတဲ့ကလေးဆီကိုု သွားလိုုက်တယ်။ ဒူးတစ်ဘက်ထောက် ထိုုင်ချလိုုက်တယ်။ ကလေးကိုု တည့်တည့်ကြည့်ပြီး အပြံုးနဲ့ ပြောလိုုက်တယ်။
“ ဟဲလိုု၊ ကျနော်တိုု့က အေ၀းကြီးကနေလာရတာ၊ ကားပေါ်မှာ ပစ္စည်းတွေ အများကြီးပါတယ်။ မင်းတိုု့ ကူချပေးပါလား၊ ငါတိုု့ တန်ရာတန်ကျေး ပြန်ပေးမယ်”
ကလေးက သူ့ကိုု ကြောင်ကြည့်နေပါတယ်။ အခြားကလေးများလည်း ၀ိုုင်းလာပါတယ်။ အမေရိကန်လူငယ်က အဲဒီစကားကိုု ထပ်တစ်ခေါက်ပြောလိုုက်ပါတယ်။
ကလေးတစ်ယောက်က ကားပေါ်ကနေ မူန့်ပံုုး တစ်ဖာချလိုုက်ပါတယ်။ အမေရိကန်လူငယ်က သူ့ကိုု စောင်တစ်ထည်နဲ့ မူန့်ပံုုးတစ်ပံုုး ပေးလိုုက်ပြီး ပြောလိုုက်တယ်။
“ ကျေးဇူးပဲ၊ ဒါမင်းကိုု ဆုုချတယ်။ အခြားကလေးတွေကော ကူညီချင်ကြသေးလား”
ကလေးများ စိတ်လုုပ်ရှားကုုန်ကြပါတယ်။ ၀ိုုင်း၀န်းပြီး ပစ္စည်းချကူကြပါတယ်။ ပစ္စည်းချအပြီးမှာ ၀ိုုင်းကူတဲ့ကလေးတိုုင်းကိုု စောင်တစ်ထည်နဲ့ မူန့်ပံုုး တစ်ပံုုးစီ ေ၀ပေးလိုုက်ပါတယ်။
အဲဒီအချိန်မှာ နောက်ဆံုုးကလေး တစ်ယောက်ရောက်လာပါတယ်။ သူ့မှာ ချစရာပစ္စည်း ဘာမှမရှိတော့ပါ။ သူအနည်းငယ် စိတ်မကောင်းတာကိုု သတိထားမိပါတယ်။ အမေရိကန်လူငယ်က နောက်ဆံုုးကလေးကိုု ပြောလိုုက်ပါတယ်။
“ ကလေး၊ ဒီမှာကြည့်၊ အားလံုုးက ပစ္စည်းကူချပေးလိုု့ မောကုုန်ကြပြီ၊ သားလေးက သူတိုု့ကိုု သီချစ်ဆိုုပြပါလား၊ အားလံုုးပျော်ရအောင်ပေါ့”
ကလေးက ဒေသခံသီချင်းကိုု ဆိုုလိုုက်တယ်။ အမေရိကန်လူငယ်က သူကိုု စောင်တစ်ထည်နဲ့ မူန့်ပံုုးပေးလိုုက်ပြီးပြောလိုုက်တယ်။
“ ကျေးဇူးပဲ ကလေး၊ မင်းသီချင်းအသံသိပ်ကောင်းတယ်။”
ထိုုင်၀မ်လူငယ် တစ်ခုုခုု သဘောပေါက်သွားပံုု ရပါတယ်။

ညနေခင်းရောက်တော့၊ အမေရိကန်လူငယ်ဟာ ထိုုင်၀မ်လူငယ်ဆီကိုု ရောက်လာပါတယ်။
“ ဆောရီးပဲနော်၊ ဒီနေ့မင်းကိုု ဟောက်မိတာ၊ အမှန်တော့ မင်းကိုု အဲလိုုအော်မပြောသင့်ဘူး”
အမေရိကန်လူငယ်ကဆက်ရှင်းပြပါတယ်။
“ ဒါပေမဲလေ၊ ဒီကလေးတွေ ဆင်းရဲတွင်းနက်နေတာ သူတိုု့အပြစ်မဟုုတ်ဘူး၊ တကယ်လိုု့ ကျနော်တိုု့က သူတိုု့ကုို အလကားပစ္စည်းေ၀ငှပေးတယ်ဆိုုရင်၊ သူတိုု့က ဘာမှမလုုပ်ရင်လည်း အသက်ရှင်ရပ်တည်လိုု့ရတယ် ဆိုုတဲ့ အထင်မျိုး ရောက်သွားစေမယ်။” အမေရိကန်လူငယ်က ဆက်ပြောပါတယ်။
“ အခန့်မသင့်ရင်၊ သူတိုု့ဆင်းရဲတာ မင်းတိုု့ငါတိုု့ရဲ့ အပြစ်တောင် သူတိုု့မြင်သွားနိုုင်တယ်။ ”

ဒီကနေ့ ထိုုင်၀မ်လူငယ်အတွက် တော်တော် တန်ဖိုုးရှိလုိုက်တဲ့ တစ်နေ့ပါ။
“ လုုပ်မှရမယ်” ဆိုုတဲ့ အသိပေးခြင်းဟာ ကူညီတာထက်ပိုုမိုု အရေးကြီးတဲ့ အသိတစ်ခုုပါ။

image
Google

ကျနော်တိုု့ မြန်မာနိုုင်ငံမှာလည်း ဆင်ခြင်စရာတွေ အများကြီးပါ။
ခရီးသွားရင်း လမ်းဘေးက ကလေးတွေကိုု မူန့်ပစ်ပေးတာမျိုး၊
သနားတယ်ဆိုုပြီး ကလေးများကိုု ပိုုက်ဆံပေးတာမျိုး၊
ကလေးများကိုု ဖျက်ဆီးရာ ရောက်ပါသလားဆိုုတာ ဆင်ခြင်သင့်ပါတယ်။
အလကားပေးတာ များသွားရင် သူတိုု့ဆင်းရဲတာ ကိုုယ့်အပြစ်တောင် ဖြစ်သွားနိုုင်တယ် ဆိုုတဲ့စကား၊
ကျနော်တိုု့ အတွက် ဆင်ခြင်စရာ အကြောင်းအရာ ပါလိုု့ ဘာသာပြန်လိုုက်ပါတယ်။
ဆင်ခြင်နိုုင်ကြပါစေ။

#nobidbot