Airplane

yena(15)
Published in
#esteem
Words
98
Reading
1 min
Listen
Play
8y

လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ အချိန်ကုန်သက်သာပြီး သက်တောင့်သက်သာရှိစေတဲ့ သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် လေထုထဲ ပျံသန်းရတာဖြစ်တဲ့အတွက် လေယာဥ်ချို့ယွင်းတာ၊ မတော်တဆမှုတစ်စံုတစ်ရာဖြစ်ခဲ့ရင် ခရီးသည်တွေ အသက်ရှင်သန်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ ဒါပေမယ့်လည်း ခရီးတွင်နိုင်ရေးအတွက် လေကြောင်း သယ်ယူပို့ဆောင်ရေးကို အသံုးပြုနေရဆဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်က အလံုခြံုရဆံုးလေကြောင်းလိုင်းတွေကို ဖော်ပြပေးပါမယ်။

၁။ Air New Zealand

စစ်တမ်းတွေအရ Air New Zealand လေကြောင်းလိုင်းဟာ လံုခြံုစိတ်ချရတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဆယ်စုနှစ်နှစ်စုစာလောက်အတွင်းမှာ မတော်တဆဖြစ်စဥ်ဖြစ်ပွားမှု မရှိခဲ့တဲ့လေကြောင်းလိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

၂။ Alaska Airlines

အမေရိကန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ Seattle မှာ အခြေစိုက်တဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ Alaska Airlines ဟာ ၂ဝဝဝ ပြည့်နှစ်ကစတင်ကာ သေကျေပျက်စီးနိုင်တဲ့အထိ ထိခိုက်မှုမျိုး မရှိခဲ့သေးဘူးလို့ သိရပါတယ်။

၃။ All Nippon Airways

ဝန်ဆောင်မှုကောင်းမွန်မြင့်မားတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆံုးလေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ၄၅ နှစ်ကျော်ကာလအတွင်း ကြီးမားတဲ့ထိခိုက်မှုမျိုး မရှိသေးတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

၄။ British Airways

၁၉၇၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ ဆယ်စုနှစ် ၃ စုအတွင်း အသက်အန္တရာယ်ရှိလောက်တဲ့ မတော်တဆမှုကြီးကြီးမားမားတွေ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့လေကြောင်းလိုင်းဖြစ်ပါတယ်။

၅။ Cathay Pacific

ကမ္ဘာ့အကောင်းဆံုးလေကြောင်းလိုင်း ၁ဝ ခုထဲက တစ်ခုဖြစ်ပါတယ်။ လံုခြံုစိတ်ချရတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ၁၉၆ဝ ကျော်ကာလတွေတည်းက အခုအချိန်အထိ ကြီးမားတဲ့ မတော်တဆမှုကြီးတွေ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့လေကြောင်းလိုင်းဖြစ်ပါတယ်။

Airplane | Ecency