Dollor

xaun(15)
Published in
#esteem
Words
85
Reading
1 min
Listen
Play
8y

‌‌ဒေါ်လာ‌ဈေးအတွက်‌ အ‌ဖြေရှာ

ဒေါ်လာ‌ဈေးကို Nov 22 2016 က ခန့်‌မှန်းခဲ့ဖူးပါတယ်‌။
"ဒေါ်လာဈေးနဲ့ မြန်မာ့စီးပွားရေးချောက်ကမ်းပါး" ဆိုတဲ့အမည်‌နဲ့ စာတင်‌ခဲ့တယ်‌။ အဲဒီတုန်းကတည်းက ဒီလို ခန့်‌မှန်းခဲ့ဖူးတယ်‌။
"၂၀၁၆ နှစ်ကုန်ပိုင်းမှာ တစ်ဒေါ်လာကို ၁၃၅၀ ကျပ် ကျော် သွားနိုင်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်မှာ ၁၃၇၀ ကျပ်၊ ၂၀၁၇-၂၀၁၈ မှာ ၁၄၀၀ ကျပ်၊ ၂၀၁၈ နှစ်ကုန်မှာ ၁၈၀၀ ကျပ်အထိ တက်သွားနိုင်ပါတယ်။"
အဲဒီပိုစ့်‌ထဲမှာ ‌ဖြေရှင်းစရာ အချက်‌‌တွေလည်း ‌လက်‌လှမ်းမီသ‌လောက်‌ ‌ဖော်‌ပြခဲ့ပါတယ်‌။ ကုန်‌သွယ်‌‌ရေးလို‌ငွေကို သတိ‌ပေးခဲ့ပါတယ်‌။ အထူးသဖြင့်‌ တရုတ်‌ကုန်‌သည်‌‌တွေလက်‌ထဲရှိ‌နေတဲ့ ကုန်‌သွယ်‌‌ရေး လို‌ငွေ‌တွေရဲ့ အန္တရာယ်‌ကို ‌ထောက်‌ပြခဲ့ပါတယ်‌။ အခု‌တော့ တည့်‌တည့်‌ ကြီး ရင်‌ဆိုင်‌‌နေရပြီ‌လေ။ အခုအချိန်‌မှာ ဘယ်‌သူ့ကို ‌မျှော်‌လို့မှ အကျိုး မထူးနိုင်‌‌တော့ပါဘူး။
ဒီအ‌ခြေအ‌နေကရုန်းထွက်‌ဖို့ တနည်းပဲရှိ‌တော့တယ်‌။ အဲဒါက‌တော့ တရုတ်‌နဲ့ နယ်‌စပ်‌ကုန်‌သွယ်‌‌ရေးအပါအဝင်‌ အားလုံးကို ‌ဒေါ်လာနဲ့ပဲ လုပ်‌‌ဆောင်‌ပါ‌စေ။ သွင်းကုန်‌‌တွေ ‌လျော့ချထားပါ။ အထူးသဖြင့်‌ လူသုံးကုန်‌‌တွေ ရပ်‌တန့်‌ထားပါ။ အဝတ်‌အထည်‌၊ အီလက်‌ထ‌ရောနစ်‌၊ ဖုန်း၊ ဆိုင်‌ကယ်‌၊ စား‌သောက်‌ကုန်‌၊ အရက်‌ဘီယာ‌တို့ တင်‌သွင်းမှု ရပ်‌တန့်‌ထားပါ။ ကယ်‌ချိန်‌မီဖို့ ရက်‌ပိုင်း လပိုင်းပဲ ရှိ‌တော့တယ်‌ဆိုတာ သတိရှိကြပါ လို့သာ ‌ပြောပါရ‌စေ‌တော့။

Dollor | Ecency