A Valuable Experience

Words
82
Reading
1 min
Listen
Play
8y

ဂျပန်က တိုရှီဘာ ကုမ္ပဏီရှေ့ မှာ
ဖိနပ်တရံကို ယန်း ၅၀၀ နဲ့ 
ဖိနပ်တိုက်နေတဲ့ အသက် ၆၀ ကျော်
အဖွားကြီး..
တိုရှီဘာ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့
မြန်မာလူငယ်လေးက
ဂျပန်ရဲ့ ဆောင်းတွင်းမှာ
အမယ်ကြီး ဖိနပ်ထိုင်တိုက်နေတာမြင်လို့ 
သနားပြီး ကော်ဖီပူပူနဲ့ ဟမ်ဘာဂါ တခု သွားပေးမိတယ်..

အဖွားကြီးက ပြန်ပြောတယ်တဲ့..
ငါ့ကို တကယ်သနားရင်
နင့်ဖိနပ်ချွတ်ပေးပါတဲ့
သူတောင်းစားစိတ်ဓါတ်တော့ မသွင်းပေးပါနဲ့ တဲ့
ဒီနေ့ နင်ပေးတာ လက်ခံလိုက်ရင်
နောက်နေ့ ကျ ငါက နင့်ကို မျှော်မိတော့မယ်
နင်မပေးနိုင်တဲ့နေ့ ကျ ငါဘယ်လို လုပ်မလဲတဲ့
သူများပေးစာကမ်းစာ စားချင်တဲ့စိတ်က
သူတောင်းစိတ်ဓါတ်ပါတဲ့..
အဲ့တော့ နင်ပေးတဲ့ မုန့် နဲ့ ကော်ဖီ
ငါမယူနိုင်ဘူးတဲ့..လေ

လေးစားဖို့ ကောင်းတဲ့
ဂျပန်လူမျိုးတို့ ရဲ့  စိတ်ဓါတ်တွေထဲက တခုပါပဲ
သူများပေးစာကမ်းစာ မျှော်တဲ့ စိတ်ဓါတ်က
သူတောင်းစား စိတ်ဓါတ်တဲ့...

တိုရှီဘာ ကုမ္ပဏီမှာ
အလုပ်လုပ်ခဲ့တဲ့ မြန်မာကြီး ပြန်ပြောပြတာကို
မျှဝေခြင်းပါ...
=============================
CreditThank
Via အလွမ်း မိုး​ဆွေ )
crd