ဘယ်အချိန်အထိ
ဒီတိုင်းငါ့ကို ဥပက္ခာထားနေဦးမှာလဲ?
မင်းကငါ့ကို
မသိသလို မမြင်သလို ဘယ်အချိန်ထိ ပြစ်ထားဦးမှာလဲ?
ဘယ်လောက်အထိ
ငါကမင်းကို စိတ်ရှည်ရှည်ထားပြီး စောင့်နေရဦးမှာလဲ?
ဘယ်လောက်အထိ
ငါစိတ်က ဇွဲကောင်းကောင်းနဲ့ မင်းကို စောင့်နေနိုင်မလဲ?
မင်းဥပက္ခာထားနိုင်ပါတယ်
မင်းမမြင်သလို ရှောင်ဖယ်သွားနိုင်ပါတယ်
ငါကတော့ ဇွဲကောင်းနေဦးမှာပါ
ငါကတော့စိတ်ရှည်ရှည်ထားပြီး စောင့်မျှော်နေမှာပါ
တစ်ခုပဲ ငါလိုချင်နေတာက
မင်းဆီက အသိအမှတ်ပြုခြင်းကိုပေါ့
ငါမင်းကိုမျှော်နေမှာပါ
မင်းဆီကအသိအမှတ်ပြုလာတဲ့အထိ
မျှော်လင့်စွာ စောင့်မျှော်နေရင်း……………………………
စိတ်ထဲပေါ်လာတော့လည်း ရေးချတင်ပြနေမိပါတယ်ဗျာ အဆင်ပြေသလို ရေးတက်သလိုလေးပေါ့ဗျာ
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ…………
author: @thura
photo:cedit google images