Vote comment earn steem

လူသားတိုင်းလိုလိုမှာ သတ်မှတ်ပေးထားသော

ကံကြမ္မာ ဆိုတာ ရှိပါတယ်။



ဥပမာ...တစ်ချို့ဆိုရင် မွေးရာပါ ခြေလက်အဂါင်္ မစုံလင်တာ

အကြီးဆုံးလည်း မဟုတ်ဘဲနဲ့ သိတတ်စိတ်ကြောင့် မိသားစု

တာဝန်ကို ထမ်းဆောင်နေရတာ ၊ ရှောင်လွဲလို့မရနိုင်သော

ကိုယ်မနှစ်သက်သောသူနဲ့ အိမ်ထောင်ကျပြီး တစ်​သက်​လုံး

အတူတူ ပေါင်းဖက်နေရတာ ဟူ၍ ဘဝပုံစံအမျိုးမျိုးရှိပါတယ်။



မည်သို့သော ဘဝပေးအခြေအနေဖြစ်ပါစေ လက်ခံနိုင်ဖို့က

အရေးအကြီးဆုံးပါ။ ဖိနပ်မပါတဲ့ လူက အကောင်းစားဖိနပ်စီးနေတဲ့လူကို

အားကျနေလို့ မရပါဘူး။ ဖိနပ်မပါတဲ့ လူထက် ဖိနပ်​စီး ဖို့

ခြေထောက်မပါတဲ့ လူတွေ လောကကြီးမှာ ရှိနေပါတယ်။



ဆင်းဆင်းရဲရဲ မွေးဖွားလာတာက ကိုယ့်ကံကြမ္မာပါ

လက်ခံရပါ့မယ်။ ဒါပေမယ့် ဆင်းဆင်းရဲရဲ နဲ့ ဘဝကို အဆုံးသတ်ခဲ့ရရင်

တော့ ကိုယ်ညံ့လို့ပါ ကံကြမ္မာကိုချည်းပဲ ပုံချလို့ မရပါဘူး။



တစ်ခါတစ်လေမှာ သတ်မှတ်ပေးထားသော ဘဝကံကြမ္မာကြောင့်

မချစ်မနှစ်သက်သောနဲ့ ငြင်းဆန်ခွင့် မရခဲ့ဘဲ အတူတူနေရတဲ့

ဘဝပေးအခြေအနေအရ စိတ်ဆင်းရဲ မှူတွေကြားပျော်အောင်

ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေရတာတဲ့သူတွေလည်း ရှိနေပါတယ်။
image

တစ်ချို့ကျတော့လည်း လိုချင်တာမရလို့ အသည်းကွဲပီး အထီးကျန်​မှူတွေ

အဖော်ပြုပြီး အသက်မပါသော ခြေလှမ်းများနဲ့ ဘဝခရီးကို

တစ်ကိုယ်တည်းလျှောက်လှမ်းနေရသူတွေလည်း ရှိနေပါတယ်။



ကိုယ်ပြူပြင် ပြောင်းလဲလို့မရသော ကံကြမ္မာကို စိတ်ညစ်နေခြင်းက

ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ကံကြမ္မာ ကျားကွက်ကြားမှာ

ဇာတ်ဆရာအလိုကျ ကနေရတဲ့ ရုပ်သေးရုပ်လို ကိုယ်တာဝန်ကျတဲ့

နေရာမှာ ကိုယ့်အရေအသွေးမြင့်မားအောင် ကြိုးစားခြင်းကသာ

စစ်မှန်သော ထွက်ပေါက်ပါ။



လူတစ်ချို့က ရေတွင်းထဲပြုတ်ကျတာကို ပြန်တက်ဖို့ မကြိုးစားဘဲ

ကုန်းအော် အကူအညီတောင်းပြီး ငိုကြွေးနေတတ်ကြပါတယ်။

အကယ်၍ ကူညီမည့်သူ မပေါ်လာရင် အသေခံရမည့်ကိန်းဆိုက်နေပါတယ်။



ဘဝကံကြမ္မာဆိုတာ ရေတွင်းထဲ ပစ်ချခံရသလို ကိုယ်ကိုယ်တိုင်

အပေါ်ရောက်အောင် မလျော့သောဇွဲ လုံ့လနဲ့ ကြိုးစားတက်ရတာ

တွေလည်းရှိနေပါတယ်။ လူတစ်ယောက်ကို ကံကြမ္မာက

ကောင်းကောင်း ဒုက္ခပေးလာပီဆိုရင် သေချာပါတယ်။

အဲ့ဒီလူက အမြင့်ဆုံးကို ရောက်ဖို့ နီးစပ်လာပြီဆိုတာပါပဲ။
image

ဘာလို့လဲဆိုတော့ အတော်ဆုံးလူများထံ အကြီးမားဆုံး ၊ အခက်ခဲဆုံး

မေးခွန်းတွေ မေးတတ်ပါတယ်။ အကြီးမားဆုံးပြသနာတွေ

သင့်ဆီ ရောက်လာပီဆိုရင် သင် မြင့်မားသော ဘဝကို ရောက်ဖို့

Final စာမေးပွဲ စစ်နေတယ်လို့ မှတ်ယူပါ။



တစ်ချို့သော ဘဝပေးကံကြမ္မာတွေကတော့ ဘယ်လောက်ပဲ

ကြိုးစားကြိုးစား အချိန်မတန်သေးရင် ထောင်ကျသလို မလွတ်မြောက်

နိုင်သေးပါဘူး။ ဒါပေမယ့် ကြိုးစားမြဲ ကြိုးစားပြီး စိတ်ဓာတ်ကို

ကောင်းသထက်ကောင်းအောင် မွေးမြူ ထားပါ။

အချိန်တန်လာရင်တော့ ဘဝထောင်က လွတ်ငြိမ်းချမ်းသာခွင့်

ပေးပါလိမ့်မယ် ။



သတ်မှတ်ပေးထားသော ဘဝကံကြမ္မာဆိုးများကို ပြေပျောက်နိုင်သော

ပြစ်ဒဏ်လျော့နည်းစေနိုင်သော ထွက်ပေါက်တစ်ခုရှိပါတယ်။

အဲ့ဒါက ဘာလဲဆိုတော့ လူ့ဘဝထဲရောက်အောင် ပထမဆုံး

လက်ကမ်းကြိုဆိုပေးသော" မိဘ ကို ကျေးဇူးတုန့်ပြန်ခြင်းပါ။"

မိဘကောင်းသည် ဖြစ်စေ ၊ဆိုးသည်ဖြစ်စေ မိဘအပေါ်မှာ

စေတနာသန့်သန့်ုဖြင့် ကြည်ဖြူ စွာ ကျေးဇူးဆပ်သော သားသမီးတိုင်း

သည် ဒုက္ခဆိုးတွေ ကြုံတွေ့ရလည်း ခဏပါ။

အချိန်တန်ရင် အားလုံးပြေလည်လာပြီး ပျော်စရာဘဝပိုင်ရှင်များ

ဖြစ်လာကြပါတယ်။



သတ်မှတ်ပေးပီးဖြစ်သော ဘဝကံကြမ္မာကို ရှောင်လွဲလို့ မရပေမယ့်

ကြမ္မာဆိုး တွေကို အချိျန်တိုအတွင်းမှာ ဖယ်ရှားပစ်လို့ရပါတယ်။

ဘုရားတရားကိုးကွယ် ယုံကြည်ခြင်း ၊ မိဘကျေးဇူးဆပ်ခြင်း ၊

လှူ တန်းပေးကမ်းခြင်း ၊ မရှိဆင်းရဲနွမ်းပါးသူများကို တတ်နိုင်သလောက်

ကူညီခြင်း ၊ လူသားတိုင်းအပေါ် စေတနာထားပြီး မေတ္တာပွားခြင်းဖြင့်

သင် ၏ ကံကြမ္မာ ဆိုးများကို ဖြေလျော့ပေးနိုင်တယ်ဆိုတာ

အကြွင်းမဲ့ ယုံကြည်လိုက်ပါ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center