ကျေးဇူးတင်​ပါတယ်

ကိုယ်ဒုက္ခရောက်ချိန်မှာ အရမ်းခင်ပါတယ်ဆိုတဲ့

သူငယ်ချင်းတစ်ချို့ရဲ့ အတွင်းစိတ်လေးတွေကို ရေးရေးမြင်လိုက်ရတော့

တွေ့ကြုံလာရတဲ့ ဒုက္ခတွေကို ကျေးဇူးတင်ရမလိုပါပဲ။



ကိုယ်စိတ်ပျက်အားငယ်ချိန်မှာ မိဘကလွဲရင်

နှစ်သိမ့်ပေးမည့် သူငယ်ချင်းကောင်းရှိမလာတော့

ကိုယ့်ဘာကို အားတင်းပီး အချိန်မြန်မြန်ပြန်ထလာနိုင်ခဲ့တဲ့ အတွက်

ရင်ခွင်မငှါးခဲ့တဲ့သူတွေကို ကျေးဇူးတင်ရမလိုပါပဲ။
image

ကိုယ်ဆင်းရဲနွမ်းပါးတော့ လူရာမသွင်းခဲ့သူတစ်ချို့ကြောင့်

မခံချင်စိတ်ဖြင့်ကြိုးစားခဲ့တော့ လူရာဝင်လာတဲ့ကိုယ့်ဘဝကို

သုံးသပ်ရင်း ဖိနှိပ်ခဲ့သူတွေကို ကျေးဇူးတင်ရမလိုပါပဲ။



ကိုယ်အကောင်းဆုံး မေတ္တာပေးနေပါလျက်နဲ့

ကိုယ့်ကို ကျောခိုင်းသွားသူကြောင့် နှလုံးသားခံစားမှူတွေ

ရင့်ကျက်လာတော့ သစ္စာဖောက်သွားသူကို ကျေးဇူးတင်ရမလိုပါပဲ။

image

အရမ်းအဖော်မက်ပီး အားငယ်တတ်တဲ့ ကိုယ်က

အဖော်ဆိုတာ သေရင်ကိုယ့်နောက်ပါမလာဘူးဆိုတာ

သိပြီးတဲ့နောက် ကိုယ်နဲ့ပက်သတ်ခဲ့တဲ့ လူတွေအားလုံးကို

ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတယ်။



ဘာလို့လဲဆိုတော့

မွေးတုန်းကတစ်ယောက်တည်း မွေးလာပီး

ကိုယ့်ကိုယ်ပဲ အားကိုးရမယ်ဆိုတဲ့ ဘဝနေနည်းတွေကို

ရှင်းရှင်းလင်းလင်း လမ်းပြပေးခဲ့လို့ ထိုသူတို့အား

ကျေးဇူးတင်လျှက်ပါ။



ကျေးဇူးတင်တတ်ရင်

အတုယူစရာတွေပေးသူသာမက သင်ခန်းစာပေးသူတွေကိုလည်း

ကြံဖန်တွေးပီး ကျေးဇူးတင်တတ်ခြင်းက

စိတ်သဘောထားပြည့်ဝသူတွေရဲ့ လုပ်ရပ်တစ်ခုပါ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center