planting flowers

Words
62
Reading
1 min
Listen
Play
8y

မင်း​ကောင်းတိုင်း သူပြန်​​ကောင်းလိမ့်​မယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။



မင်းဘက်​က ​ပေးစရာမကျန်​​အောင်​ ​ပေးဆပ်​​နေ​ပေမယ့်

သူ့ဘက်​က ပြန်​သိတတ်​လိမ့်​မယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။



မင်းဘက်​က အ​ကောင်းဆုံး လမ်းပြအကြံဥာဏ်​​ပေးတိုင်း သူ့ဘက်​က လမ်းမှန်​​လျှောက်​သွားလိမ့်​မယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။
image

မင်းဘက်​က သစ္စာ​စောင့်​သိတိုင်း

သူ့ဘက်​က သစ္စာ​စောင့်​ထိန်းသင့်​တယ်​လို့

မျှော်​လင့်​မ​နေပါနဲ့ ။



ဘယ်​အရာမှာမဆို လုပ်​​ပေးသင့်​လို့ ၊ ​ပေးဆပ်​သင့်​လို့

စောင့်​ထိန်းသင့်​လို့ ​စောင့်​ထိန်းပြီးရင်

ကိုယ့်​လို သူ့ဘက်​က ပြန်​​ရလိမ့်​မယ်​လို့

ဘယ်​​တော့မှ မ​မျှော်​လင့်​လိုက်​ပါနဲ့။

image

လုပ်​​ပေးစရာရှိတာလုပ်​​ပေးပြီးရင်​ ကိုယ့်​စိတ်​ကို

ဖြေသာ​အောင်​ အ​ကောင်းဆုံး ပြင်​ဆင်​ထားတာက

ကိုယ့်​​စေတနာလည်း အ​ရောင်​​တောက်​လာသလို

တဖက်​ကိုလည်း ဖိအား​ပေးမိသလို မဖြစ်​​တော့ဘူး။



တချို့အရာ​တွေက ​မျှော်​လင့်​ချက်​ ထားမိလိုက်​မှ

ပိုဆုံးရှုံးသွားတတ်​သလို ​မျှော်​လင့်​ချက်​ တစုံတရာမရှိမှ

ပြန်​လည်​ အကျိုး​ပေး​နေတာ​တွေလည်း ရှိ​နေတတ်​တယ်​။



ဘာကိုပဲဖြစ်​ဖြစ်​ အ​ကောင်းဆုံး ​ပေးဆပ်​ပြီးရင်

မျှော်​လင့်​မထားတာက ကိုယ့်​နှလုံးသားကို

ဒဏ်​ရာမရ​အောင်​ ကြိုတင်​ကာကွယ်​ထားခြင်း

တစ်​မျိုးပါ

planting flowers | Ecency