This content was deleted by the author. You can see it from Blockchain History logs.

Good morning


(၁)
ဒါဘဝထဲက
နောက်ထပ်နေ့ သစ်တစ်ခုပေါ့
ရှင်သန်ခွင့်တစ်ရက်ပိုနည်းသွားပြီ
သေဆုံးဖို့ တစ်ရက်ပိုနီးလာပြီ
နုပျိုခြင်းတွေယုတ်လျော့ပါးသွားပြီ
ရင့်ရော်ခြင်းတွေ တိုးမြင့်လာပြီ

နောက်ထပ်နေ့ တစ်နေ့ ကို
ဘဝထဲက အပြီးအပိုင်
ထုတ်ပယ်ရတော့မယ်
အချိန်တွေက သိပ်တန်ဖိုးကြီးတယ်
ငွေနဲ့ ဝယ်မရဘူး
အသက်နဲ့ ဝယ်ရတာ
ဘဝနဲ့  ဝယ်ရတာ

သေခြင်းတရားဟာ ဘဝထဲက
ရှင်သန်ုခွင့်တစ်ရက်ကို
ထပ်ဖဲ့ထုတ်သွားပြန်ပြီ

ဒါပေမယ့်... အလုပ်လုပ်ခွင့် တစ်ရက်ကို ပြန်ချပေးသွားတယ်

(၂)
မနေ့ က တစ်ရက် ကုန်ဆုံးသွားတယ်
ငါအသက်တစ်ရက်ပိုတိုသွားပြီ
ငါ့ကိုယ်ငါပြန်မေးမိတယ်
ရက်တစ်ရက် ဆုံးရှုံးပြီးနောက်
ဘာတွေများပြန်ရလိုက်လဲ
အဲ့ဒိတစ်ရက်စာ
ငါရပ်တန့် နေခဲ့မိလား
တစ်ရက်နဲ့ တန်အောင်
ထိုက်သင့်တဲ့ အကွာအဝေးကို
ရွေ့ လျားနိုင်ခဲ့ရဲ့လား

နေ့ သစ်ထဲကို အင်နဲ့ အားနဲ့  ခေါ်ဆင်းလာတာလား
ရည်ရွယ်ချက်မဲ့စွာ ပြုတ်ကျလာတာလား

အောင်မြင်မှုပြေးလမ်းကိုယ်စီနဲ့ 
ငါ့နောက်မှာလည်း အများကြီးပဲ
ငါ့ရှေ့ မှာလည်း အများကြီးပဲ

ရှေ့ ကလူကိုလည်း အထင်မကြီးဘူး
နောက်ကလူကိုလည်း အထင်မသေးဘူး
လူဆိုတာ ကိုယ့်ပြေးလမ်းနဲ့ ကိုယ်ပဲ
image
မနေ့ ကငါထက် ဒီနေ့ ငါဟာ
ပိုခရီးပေါက်နေရမယ်
ပိုရှေ့ ရောက်နေရမယ်

ငါ့ကိုယ်ငါပြန်မေးတယ်
''မနေ့ က မင်းသုံးလိုက်တဲ့ တစ်ရက်အတွက် ဘာတွေပြန်ရလဲ
ဒီနေ့ မင်းသုံးမယ့် တစ်ရက်အတွက် ဘာတွေထပ်ရမလဲ
မင်းမှာ ဒီတစ်ရက်ကို ဘယ်လိုအသုံးပြုမယ်ဆိုတဲ့
planရှိလား

လူဆိုတာရည်မှန်းချက်တစ်ခုခု ရှိသင့်တယ်လို့ ထင်ရင်
မင်းမှာ ရှိလား
ရည်မှန်းချက်ပန်းတိုင်ဆီကို လျှောက်မှ ရောက်တာ
ဒါဆိုရင် မင်းလျှောက်ဖြစ်လား
ရပ်နေလား
မမောဘဲ ပျင်းရိစွာ နားမိနေလား

ဒီမနက်ခင်းမှာ မင်းနိုးလာပြီ
ကောင်းသောမနက်ခင်းဖြစ်မှာလား
အဓိပ္ပာယ်မဲ့ မနက်ခင်းဖြစ်မှာလား
မင်းကိုယ်မင်းသိတယ်
မင်းအကြောင်းမင်းသိတယ်''

ဒီလိုနဲ့ 
ငါ့ကိုယ်ငါ လိပ်ပြာလုံစွာ
ဥဒါန်းကျူးရင့်လိုက်တယ်

ဟုတ်တယ်
ငါ့ကိုယ်ငါ လိပ်ပြာလုံစွာ
ဥဒါန်းကျူးရင့်မယ်

မတိုးမကျယ် ခန့် ထည်တဲ့
လေသံနဲ့ 
ယုံကြည်မှုရှိစွာနဲ့ 
ခံယူချက်ရှိစွာနဲ့ 
ဟစ်ကြွေးလိုက်ခြင်း

လှည်းကျိုးထမ်းမှ မဟုတ်ပါဘူး
လှည်းကောင်းထမ်းလည်း နွားပါပဲ
ဒီလိုနဲ့  မမ ကိုချစ်ရဲခဲ့တယ်

တို့ ဘုရားလောင်း လှည်းကုန်သည်က
သူများဖောက်ပြီးသားလမ်းက
လျှောက်ဖို့  ဥပမာပြခဲ့တယ်
တူးပြီးသားရေတွင်းလေး
သောက်ရတာပေါ့ မမရယ်
တွင်းဟောင်းရေကြည်
အေးမြသည်တဲ့မမရဲ့
ဒါကြောင့်လည်း
မမ ကိုချစ်မယ်

ကလေး၂ယောက်အမေ
တစ်ခုလပ်မကြီး
ဂျိုးဆပ်ဖင်းကတောင်
လူငယ်အာဏာရှင် နပ်ုလီယံကို
သိမ်းပိုက်နိုင်ခဲ့သေးတာပဲ
မမတွေက အဲ့သလိုစွမ်းတယ်

ဒါတောင် ကျနော် နပိုလီယံလို အာဏာမရှိဘဲ
မမ က ဂျိုးဆပ်ဖင်းထက်
အများကြီးလှတယ်
ဒီကောင် ဒူးထောက်ရတာဘာဆန်းလဲ

မမ က တပါးသူအတွက် ချာတိတ်ဖြစ်ခဲ့ဖူးမှာပဲ
ဒီတော့ ကျနော့်ကို
နွဲ့ ဆိုးလည်းဆိုးပေါ့
ဒီကောင်က ချော့ကြည့်ချင်လို့ 

တခါတလေများ
အသက် ၁၀နှစ်လောက်ကြီးပစ်ချင်တယ်
''မမ''ကို ယုယုယယလေး
Babyလို့  ခေါ်ပစ်ချင်လို့ 

''ရေမရှိဘဲ လှေထွင်းချင်မိသူပါကလေးရယ်'

(၁)
ကလေးရယ်
တကယ်နမ်းခွင့်မရှိမှန်းသိရက်နဲ့ 
ဒီပန်းလေးကိုပျိုးခဲ့တယ်ဆိုတာ
အရိုးခံ မြတ်နိုးမှုသက်သက်နဲ့ 

အညှာကိုမဖြုတ်
အပွင့်ကို မခူး
ဒီတိုင်းလေး
ဖူးပွင့်နေပါတော့

နုနယ်ကျော့ရှင်း...
လင်းထင်းတဲ့အလှတရားမှာ
ရို့ ကျိုးစွာခစား...
ဧကရီစုဖုရားဆိုတာ
မော်ဖူးရုံသက်သက်မဟုတ်လား

အပြုံးတွေအတွက် အမှုတော်ထမ်းရင်း
ရယ်သံချိုချိုကိုသာ
ဆုလာဘ်အဖြစ် မျှော်လင့်ခဲ့သူမို့ 
ရမ္မက်တွေ မဆူခဲ့ဘူး
image
(၂)
လမင်းရဲ့စွဲဆောင်မှုမှာ
ပင်လယ်ရဲ့အော်သံဟာ
ဝူးဝူးဝါးဝါးထကြွခဲ့

ထူးထူးခြားခြားလှပတဲ့
လမင်းလေးရေ
မင်းရှိရာကိုဖူးမျှော်ငေးမောရင်း
ဝံပုလွေတစ်ကောင်ရဲ့
တမ်းချင်းတွေဖြင့်
ဒီကဗျာလေးနဲ့  ဆွဲဆွဲငင်ငင်အူလိုက်တယ်

ထဲထဲဝင်ဝင် ရှုရှိုက်ခဲ့တဲ့
လွမ်းရနံ့ တွေဟာ
အခန်းမဆံ့အောင်
လွန့် လူးရွေ့ လျား
စေ့ထားတဲ့ တံခါးကိုဖွင့်ပြီး
ငါ့ကိုငါ မောင်းထုတ်လိုက်မယ်
ငါ့အချစ်ဟာ ငါ့ဘဝနဲ့ တောင်
မတန်ပါဘူးကွယ်

အတွေးအတိုအစများ

(၁)
စာမျက်နှာတွေရွတ်ပြီး
လူတစ်စုရယ်မောနေကြတာကို မြင်တော့ ကျနော်အံ့သြရတယ်

အဲ့ဒိလူစုထဲမှ တစ်ယောက်က ''စာမျက်နှာ သုံးဆယ်ခြောက်''ဟု အော်တဲ့အခါ ကျန်သူများက ခွက်ထိုးခွက်လှန်ရယ်မောကြ
တယ်လေ

နောက်တစ်ယောက်က ''စာမျက်နှာ ၄၁''ဟုအော်တဲ့အခါတွင်လည်း တဖန်ရယ်မောကြပြန်တယ်..

တော်တော်ပင်စိတ်ဝင်စားဖို့ 
ကောင်းလှတာမို့ ကျနော်လည်း ဝင်စပ်စုမိတယ်
''ခင်ဗျားတို့  ဘာတွေပြောပြောပြီး ရယ်နေကြတာလဲ''

''ဟာသတွေလေ''

''စာမျက်နှာ ၃၆က ဟာသလား''

''မဟုတ်ဘူးဗျ စာမျက်နှာသုံးဆယ်ခြောက်မှာ ပါတဲ့ ဟာသ အကြောင်းအရာကို ပြန်စဉ်းစားမိပြီးရယ်နေကြတာ''

အားလုံးက သူတို့ လက်ထဲမှ ဟာသစာအုပ်များကို ထုတ်ပြကြတယ်
စာအုပ်က တော့တစ်မျိုးတည်းပါ

''ခင်ဗျားတို့  စာမျက်နှာပြောရုံနဲ့  ရယ်ရောလား''

''ရယ်တာပေါ့ဗျ ဒီစာမျက်နှာမှာ ဘယ်လိုဟာသ ရေးထားတယ်ဆိုတာ ကျုပ်တို့ သိနေတာပဲ

(၂)
အထက်ဖော်ပြပါအကြောင်းအရာဟာ ကျနော်ငယ်ငယ်က ဖတ်ဖူးတဲ့ ဟာသလေးတစ်ပုဒ်ပါ
ခုတော့အဲ့ဒိဟာသလေးဟာ ကျနော့် ကို အတွေးတွေများစွာပေးတယ်

စာမျက်နှာ ၃၆မှာ ဘာပါသလဲဆိုတာကို ကျနော်မသိဘဲ ဘယ်လို ရယ်ရပါ့မလဲ
ဒီလို ရယ်နိုင်ဖို့  ရယ်ခွင့်ရဖို့ 
ဟာသကိုနားလည်ဖို့ ဆိုတာ အဲ့ဒိစာအုပ်ကို ဖတ်ဖူးထားမှရမယ်
မသိသူအတွက် ''စာမျက်နှာ ၃၆''ဆိုတဲ့စကားဟာ ရယ်ရလိမ့်မယ်မထင်

ဒီရက်ပိုင်းမှာ ''တစ်ချက်တည်းဖြင့် ကျင်းဝင်ခြင်း''ဆိုပြီး golfသမားတစ်ယောက်က သတင်းစာမှာ ကြေငြာတယ်
ဒီသတင်းကို Troller groupမှ လူငယ်တချို့ က ငကြွားကြီးဆိုပြီး လှောင်ကြပြန်တယ်

Golfသမားတစ်ယောက်၏ golf အားကစားအပေါ် တန်ဖိုးထားမှုဟာ
ကျနော်တို့ ထက်များစွာသာနေမှာပါ
သူတစ်ချက်တည်းကျင်းဝင်တာကို လည်း သူဂုဏ်ယူနေရှာမှာပေါ့
မေ့မေ့ပျောက်ပျောက်ဖြစ်မှာစိုးလို့  မှတ်မှတ်ရရဖြစ်အောင် သတင်းစာထဲ
ထည့်ခြင်းဖြစ်မယ်
ဒါပေမယ့် Golfကိုမမြတ်နိုးတတ်သူတို့  အမြင်မှာ ဒီသတင်းဟာ ကြွားဝါခြင်း သက်သက်သာ

(၃)
လီယိုနာဒိုဒါဗင်ချီ၏မိုနာလီဇာ ပန်းချီကားကို ကျနော် ကြည့်သည့်အကြိမ်ပေါင်းက မနည်း
ဘာမှလည်း ထူးခြားလှသည်မထင်

ဒါ့အပြင် ဗင်းဆင့်ဗန်ဂိုး၏ အာလူးစားသူများ ပန်းချီကား
ကြယ်စုံည ပန်းချီကား
နေကြာပန်း ပန်းချီကားစသည်တို့  ဟာ ကျနော့်အတွက်
ထူးခြားတယ်လို့  မထင်မိ,..

ဒါပန်းချီပညာအပေါ် ကျနော် သဒ္ဓါဖြင့် မမြတ်နိုးတတ်လို့ လည်းဖြစ်သလို
ပညာအားဖြင့် နားမလည်လို့ လည်း ဖြစ်မယ်

ဗန်ဂိုး၏ပန်းချီကားများကိုယူ၍
ကျောက်ခေတ်သို့ သွားကာ အမဲတစ်ကောင်ဖြင့် သွားလဲ မယ်ဆိုရင်ကျောက်ခေတ်
လူသားတို့ က ဗန်ဂိုးပန်းချီကားကို ငြင်းဆန်မှာပေါ့

ကျောက်ခေတ်လူသားတို့ ကလည်း
ဒီဘက်ခေတ်ကိုလာပြီး အမဲတစ်ကောင်နှင့် ပန်းချီကားကို လာလဲမည်ဆိုရင်လည်း ဒီခေတ်လူသားများက ကျောက်ခေတ်သားတို့ ကိုပြန် ဟားကြမှာ....
ဒေါ်လာသန်းချီတန်တဲ့ ဗန်ဂိုးရဲ့ ပန်းချီကားတွေလေ

ဒါပေမယ့် ''မီး''အပေါ်တန်ဖိုးထားမှုမှာ ကျတော့ ကျနော်တို့ ဟာ ကျောက်ခေတ်လူသားတွေကို မမှီပြန်ဘူး
မီးကိုတွေ့ ရှိမှုဟာ လူယဉ်ကျေးမှုကို တဆင့်တိုးမြှင့်ပေးခဲ့တယ်

(၄)
စကားဖြတ်ပြောရရင်
ဒါက ရောက်တက်ရာ ရာ လျှောက်တွေးတဲ့ အတွေးစတွေပါ
ဖတ်လို့ ပျင်းလာရင် ကျော်သွားပေးပါ

ပြန်ဆက်ပါမယ်

တဂိုးရဲ့ကဗျာတွေကို ခံစားလို့ မရဘူး
မောင်ချောနွယ်ကဗျာတွေကို ကျနော်မကြိုက်ဘူး
သခင်ကိုယ်တော်မှိုင်း တည်းဖြတ်ထားပြီး ဒေါ်ခင်ကြည်ရဲ့ခွင့်ပြုချက်နဲ့  ထုတ်ဝေတဲ့
ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိစာအုပ်ကို ၁၀မျက်နှာပြည့်အောင် မဖတ်နိုင်ခဲ့ဘူး

ဆရာမြသန်းတင့်ရဲ့စာတချို့ ကို ဖတ်လို့ မရဘူး
နတ်သျှင်နောင်ရဲ့ရတုတွေကို ဘယ်လိုမှ
ခံစားလို့ မရဘူး
ဂျနီဖာလိုပက်ကို လှတယ်လို့  မြင်ကို မမြင်ဘူး

စင်တင်တစ်ခုမှာ မြင်ခဲ့ဖူးတဲ့ ကောင်မလေးဟာ ဆယ်လီနာ ဂိုမက်ထက် ကျနော်ကို ပိုစွဲဆောင်တယ်

ကပချီနို ကော်ဖီထက်
ပုံမှန်ရိုးရိုးကို ပိုကြိုက်တယ်

လူပေါင်းသန်းနဲ့ ချီ likeလုပ်ထားတဲ့ စီရိုနယ်ဒိုရဲ့ Pageကို ကျနော် likeမလုပ်ဘူး

ကျနော်ကကိုယ့်ကိုယ်ကို ရိုးသားချင်လာတယ် ငါဘာကြိုက်လဲ ငါဘာမကြိုက်ဘူးလဲဆိုတာကို သတ္တိရှိရှိဆုံးဖြတ်ရဲချင်တယ်

လူအထင်ကြီးခံချင်လို့  သူများကြိုက်တာကို လိုက်ပြီး ကြိုက်ချင်ယောင် ဆောင်ပြသူတွေကို မြင်ဖူးတယ်
တခါတလေကျ ကိုယ်ဖြစ်တည်မှုကို မေ့လျော့သွားတဲ့အထိ တပါးသူရဲ့ စိုးမိုးမှုကို ခံနေရသူတွေရှိတယ်

ဦးရွှေအောင်စာအုပ်တွေက ကောင်းတယ်တဲ့
ဟုတ်မှာပါ
ကျနော်ခဏခဏကြားရတယ်
ဒီတော့ ကျနော်လည်း ဖတ်ကြည့်တယ်
ဒါပေမယ့် ကျနော်မကြိုက်ဘူး
စာအုပ်မကောင်းတာမဟုတ်ဘူး
စာရေးသူရဲ့အာဘော်ဟာ ကျနော်နဲ့  သဟဇာတမဖြစ်တာ
မကိုက်ညီတာ

ဘယ်သူမှ မမှားကြပါဘူး
တချို့ က ဘယ်သူမှားသလဲ သိပ်အဖြေရှာကြတယ်လေ

ဒယ်အိုးကို ရေနွေးအိုးအဖုံးနဲ့  ဖုံးလို့  အဆင်မပြေခြင်းမှာ ဒယ်အိုးရဲ့ အမှားလည်း မဟုတ်ဘူး
ရေနွေးအိုးအဖုံးရဲ့ အမှားလည်း မဟုတ်ဘူး
အစကတည်းကကို မကိုက်ညီကြတဲ့ အရာနှစ်ခု

သင်က ဒယ်အိုးဆိုရင်
ဒယ်အိုးအဖုံးကို ရှာပေါ့
သင်က ရေနွေးအိုး အဖုံးဆိုရင် ရေနွေးအိုးကို ရှာပေါ့

ဒီစာကို ဆုံးအောင် ဖတ်မိပြီဆိုရင် ခေါင်းကို ခပ်ပြင်းပြင်း ကုတ်ဖို့  မမေ့ပါနဲ့ 

တစ်ခုခုတော့ရမှာပါ

ဘာမှမရရင်တောင် နောင်တဖြစ်ဖြစ်ပေါ့
image